Celebrity


Written by Ms Cele






Credit:Swelosne News

ထောင်ထဲမှာ ယောက်ျားလေး မွေးဖွားတဲ့ မင်းရာဇာရဲ့ဇနီး အကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် မင်းဇော်

အက်ရှင်မင်းသား တစ်ယောက်ဖြစ်တဲ့ မင်းရာဇာကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကို အခိုင်အမာရ ယူထားနိုင်သူ တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်ပါတယ်။ အက်ရှင် ဇာတ်ကားတွေကို ရိုက်ကူးလေ့ရှိပြီး ကြမ်းကြမ်းရမ်း ရမ်အိုက်တတ်ခန်းတွေမှာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသား တစ်လက်ပဲဖြစ်ပါတယ်။

လတ်တလော မှာတော့ သရုပ်ဆောင် မင်းရာဇာဟာ အိမ်အကူ အမျိုးသမီးငယ်လေးကို အပြင်းအထန် နာကျင်စေမှုနဲ့ ပတ်သက်ပြီး ပုဒ်မ ၃၇၆၊ ၃၆၃ တို့နဲ့ တရားစွဲခံထားရတာ ပဲဖြစ်ပါတယ် ။ ကိုဗစ်ကာလဖြစ်တာကြောင့် မင်းရာဇာ တို့ ဇနီးမောင်နှံရဲ့ အမှုဟာ မပြီးသေးပဲ ထောင်ထဲမှာ နေရတာပဲဖြစ်ပါတယ်။

ကိုယ်ဝန်ကြီးနဲ့ မင်းရာဇာရဲ့ မိန်းမကတော့ ထောင်ထဲမှာ ကလေးမွေးဖြစ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မင်းရာဇာ မိန်းမ ထောင်ထဲမှာ သားယောကျာ်းလေး မွေးတာကို သရုပ်ဆောင် မင်းဇော်က ပြောပြလာ ခဲ့ပါတယ်။ မင်းဇော်က “မင်းရာဇာ ရဲ့ မိန်းမ က ထောင်ထဲမှာ ကလေး မွေးသွားပြီ ကြားတယ်။ ကြာသပတေး သား ယောက်ျားလေး ပါ။ အရှေ့ပိုင်း တရားရုံးမှာတုန်းက မင်းရာဇာ နဲ့ သွားတွေ့ဖြစ်တယ်။ သူ့ကို သူငယ်ချင်း တစ်ယောက် အနေ နဲ့ရော၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အနေနဲ့ပါ တတ်နိုင်သမျှ ကူညီပေးသွားမယ်”လို့ ပြောလာခဲ့ပါတယ်။

အားလုံး ပြီးသွား ရင်တော့ အနုပညာ အတူတူ ပြန်လုပ်ကြဖို့ အားပေး ချင်တယ် လို့လဲပြောခဲ့ပါ သေးတယ်။ ပရိသတ်ကြီး အတွက် သရုပ်ဆောင် မင်းဇော်ရဲ့ interview ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက် ပါတယ်နော်။

Credit:Swelosne News

About the author

Ms Cele

Leave a Comment