Celebrity


Written by Ms Cele








ဒေါသကိုချုပ်ထိန်းပြီး သတိရှိရှိနဲ့လုပ်ဆောင်ဖို့သတိပေးရင်း အောင်မြင်မှုပန်းတိုင်ကို အရောက်သွားနိုင်ရန် တိုင်းရင်းသားအားလုံးကို ဆုတောင်းပေးလာတဲ့ နေတိုး

မင်းသား နေတိုး ကတော့ ပြည်သူလူထုရဲ့ အားပေးမှုကြောင့် အောင်မြင်လာခဲ့သူ တစ်ယောက်ပီပီ လက်ရှိ ပြည်တွင်းရေးမှာလည်း မှန်ကန်တဲ့ဘက်က ရပ်တည်ပြီး ပြည်သူတွေကို စိတ်မပျက်စေခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ နေတိုးက ပြည်သူလူထုနဲ့အတူတူ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့သလို လမ်းပေါ်ထွက်ကြမယ့် ပြည်သူတွေအတွက်လည်း ဒေါသ၊ မောဟတွေကို ချုပ်ထိန်းဖို့ သတိပေးစကားပြော လာတာကို အခုလိုပဲ တွေ့ရပါတယ်။

“လူတိုင်းမှာ​ လောဘ​ ဒေါသ​ မောဟ ဆိုတာ ရှိကြတာပါဘဲ။ အခုအချိန်မှာပိုပြီး သတိထားရမယ့်အရာကိုပဲ သတိ​ပေးချင် ပါတယ်ခင်ဗျာ။ ကျွန်​တော်တို့ပြည်​သူ​တွေဟာ မ​ကျေနပ်​မှု​ကြောင့်ဖြစ်တဲ့ဒေါသ မခံချင်တဲ့စိတ်​တွေ​​ကြောင့်ဖြစ်တဲ့ဒေါသ မကြိုက်မ​ကနှစ်သက်မှုဒေါသ အားငယ်မှု​​ကြောင့်ဖြစ်လာတဲ့ဒေါသ ​ကြောက်ရွံ့မှု​က​ပေါက်ဖွားလာတဲ့ဒေါသ​စသဖြင့် ဒေါသမျိုးစုံ​တွေနဲ့ဖြတ်သန်း​နေကြရမယ်လို့ကျွန်​တော်ထင်ပါတယ်။ ဒါ့အပြင်စိတ်ခံစားမှု မျိုးရိုးဗီဇနဲ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ အ​ပေါ်မူတည်ပြီး သည်းခံနိုင်မှု​တွေဟာလဲမတူနိုင်ကြပါဘူး။ တခုခုကို ​ဖျက်ဆီးဖြစ်လိုက်ချင်တဲ့​ဒေါသ​တွေ သူ​ပြောတာကိုနားထဲကန့်လန့်ဖြစ်​ပြီး​အော်ဟစ်ဆဲဆိုတာ​တွေ လက်တုန့်ပြန်ချင်တဲ့စိတ်​တွေနဲ့အတူ မီးဟုန်းဟုန်းတောက်​​လောင်​နေတဲ့​ဒေါသမီးမျိုးတွေလဲ ဖြစ်လာနိုင်ပါတယ် ”

“အဓိကအ​ရေး အကြီးဆုံးက ကျွန်​တော်တို့ဟာ ဒီလိုစိတ်ခံစားမှု​တွေ ဖြစ်လာတဲ့အခါ တိုင်းသတိရှိရှိနဲ့ ထိန်းချုပ်နိုင်ဖို့နဲ့ မြိုသိပ်ထားနိုင်ဖို့ အ​ရေးကြီးပါတယ် တဦးကိုတဦးသတိ​ပေး​နေဖို့လဲလိုအပ်ပါတယ်။ အလွန်အ​ရေးကြီးတဲ့အချိန်ပါ။ ဒေါသအရမ်းထွက်​လာတဲ့အခါ အပြုအမူ​တွေကိုထိန်းချုပ်​ပေးရုံသာမကဘဲ ခန္ဓာရဲ့ တုံ့ပြန်ပုံတွေကိုပါ ထိန်းချုပ်​နိုင်ဖို့လိုပါတယ်။ နှလုံးခုန်​တွေမြန်လာမယ် ရင်ဘတ်​တွေတင်းကြပ်လာပြီးမျက်နှာ​တွေနီရဲလာတဲ့အခါပုခုန်းတွေကိုလှုပ်ခါပြီးသတိ​ပေးတာမျိုး​တွေ ကြွက်သားတောင့်တင်းတာတွေ လျော့အောင်လုပ်တာမျိုး​တွေအပြင် အသက်ရှုတာပုံမှန်ဖြစ်အောင်ပြန်လုပ်​ပေးပါ စိတ်ကို ဖြေးဖြေးချင်းပြန်​လျှော့ပြီး တဆင့်ခြင်း ဒေါသစိတ်ကို ထိန်းနိုင်ဖို့ကြိုးစားကြရ​အောင်ပါ ဒီထက်​ကောင်းမဲ့နည်း​တွေလဲအများကြီးရှိ​နေနိုင်ပါတယ် အဓိကက​တော့ ထိန်းချုပ်နိုင်ဖို့ပါဘဲခင်ဗျာ..”

“(ဒေါသဟူသည်မည်သို့​သော ​အောင်မြင်ခြင်းမျိုးကို မျှမ​ဆောင်ကျဉ်း​ပေးနိုင်ပါ )ဆိုတဲ့ တရား​တော်များလဲ ရှိတာမလို့အားလုံးသတိရှိ​စေလိုပါတယ်ခင်ဗျာ..🙏ပြည်သူပြည်သားတိုင်းရင်းသားညီအကိုမောင်နှမများအားလုံး အန္တရာယ်ကင်းဘေးရှင်းစွာဖြင့် .​အောင်မြင်မှုပန်းတိုင်ဆီကိုအ​ရောက်လှမ်းနိုင်ကြပါ​စေ🙏 မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါ​စေခင်ဗျာ …🙏🙏🙏..​နေတိုး]]” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောလာပါတယ်။

နေတိုးကတော့ တိုင်းရင်းသားပြည်သူ အားလုံး အန္တရာယ်ကင်းဘေးရှင်း စွာဖြင့် .​အောင်မြင်မှု ပန်းတိုင်ဆီကို အ​ရောက်လှမ်းနိုင်ကြဖို့ ဆုတောင်းပေး လာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Naytoe 2021Officially’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment