Celebrity


Written by Ms Cele









နေကာမျက်မှန် အမြဲတပ်ထားတတ်တဲ့ ခင်ပွန်း ဖြစ်သူရဲ့ ရှားပါးပုံလေးတွေနဲ့ အလွမ်းဖြေ နေရတယ် ဆိုတဲ့ သရုပ်ဆောင် ခင်လေးနွယ်

စကားဝဲဝဲလေးနဲ့ ချစ်စရာ အရမ်းကောင်းတဲ့ လီဆူးတိုင်းရင်းသူ မင်းသမီးလေး ခင်လေးနွယ် ကို လူကြီး၊ လူငယ် ပရိသတ်တိုင်း ကြိုက်နှစ်သက် အားပေးကြမယ် ထင်ပါတယ်။

ခင်လေးနွယ် ကတော့ သူမရဲ့ အနုပညာ သက်တမ်းတစ်လျှောက် အချစ်ရေးကိစ္စနဲ့ ပက်သတ်ပြီး တစ်စွန်းတစ်စ သတင်း မထွက်ခဲ့ရာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်ကမှ သူမရဲ့ ချစ်သူလေးကို အလင်းပြခဲ့တာပဲ ဖြစ်ပါတယ်။ (၂၀၂၀) ဧပြီလအတွင်းမှာ လက်ထပ် ခဲ့တဲ့ ခင်လေးနွယ်က အခုဆိုရင် အိမ်ထောင်ရှင်မ တစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိပြီပဲ ဖြစ်ပါတယ်။

ခင်လေးနွယ်ရဲ့ အမျိုးသား ကတော့ ကော့သောင်းမြို့မှာ ဟိုတယ်လုပ်ငန်းကို ဦးစီးလုပ်ကိုင် နေရတာဖြစ်ပြီး ခင်လေးနွယ်ကတော့ လက်ရှိမှာ ရန်ကုန်မှာရှိတဲ့ သူမရဲ့အလုပ်တွေကို ပြန်လည် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ ခင်လေးနွယ်က တစ်ယောက် တစ်နေရာစီ ဝေးကွာနေတဲ့ ခင်ပွန်းဖြစ်သူကို သတိရပြီး “မျက်မှန်အမြဲတတ်တဲ့ ကိုကို ရဲ့ ရှာပါးပုံလေး လွမ်းတာထပ် ပိုပါတယ်…” ဆိုပြီး အလွမ်းဖြေလာ တာကို တွေ့ရပါတယ်။

ခင်လေးနွယ် ကတော့ မျက်မှန်ကြီးအမြဲတပ်ပြီး စတိုင်လ် ထုတ်လွန်းတဲ့ ခင်ပွန်းဖြစ်သူရဲ့ ရှားပါးပုံလေးနဲ့ အလွမ်းတွေကို နှစ်သိမ့်နေ ရတာပဲ ဖြစ်ပါတယ်။ ခင်လေးနွယ်တို့ ဇနီးမောင်နှံနှစ်ယောက် အလုပ်တွေ ကိုယ်စီပြီးစီးပြီး အမြန်ဆုံးဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment