Celebrity

ေနတိုးနဲ႕ ႐ိုက္ကြင္းေပၚက အမွတ္တရ ပံုရိပ္ေတြကို ခ်ျပၿပီး ေမးခြန္းေလးတစ္ခု ေမးလာတဲ့ ေမလသံစဥ္

Written by Ms Cele

ေနတိုးနဲ႕ ႐ိုက္ကြင္းေပၚက အမွတ္တရ ပံုရိပ္ေတြကို ခ်ျပၿပီး ေမးခြန္းေလးတစ္ခု ေမးလာတဲ့ ေမလသံစဥ္

ငယ္စဥ္ ကေလးဘဝ ကတည္းက အႏုပညာကို ဝါသနာပါ လြန္းတာေၾကာင့္ ကိုယ္တိုင္ စႏၵယားတီးၿပီး cover song ေတြဆိုရင္း လူသိမ်ား လာခဲ့တဲ့ အဆိုေတာ္မေလး ေမလသံစဥ္က ၾကည္လင္ျပတ္သားတဲ့ အသံေလးနဲ႔ သီခ်င္းေကာင္းေလး ေတြကို သီဆိုတတ္သူေလးပဲ ျဖစ္ပါတယ္။ ေမလသံစဥ္က တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုၿပီး သြားခ်ိန္မွာေတာ့ အႏုပညာအလုပ္ဘက္ကို ပိုမိုအခ်ိန္ေပးလုပ္ကိုင္ျဖစ္လာၿပီး တစ္ကိုယ္ေတာ္ကိုယ္ပိုင္ အယ္လ္ဘမ္ေခြကိုလည္း ထုတ္လုပ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိမွာလည္း ေမလသံစဥ္က သူမရဲ့ သီခ်င္းသစ္ေလးေတြကို မၾကာခဏဆိုသလို ပရိသတ္ကို ခ်ျပေပးေနလ်က္ရိွပါတယ္။

ပရိသတ္ေတြ အတြက္ မရိုးနိုင္တဲ့ အနုပညာ လႈပ္ရွားမႈေတြကို ခ်ျပေနတဲ့ ေမလသံစဥ္က ဒီကေန့မွာလည္း အကယ္ဒမီေနတိုးနဲ့ သူမရဲ့ ရိုက္ကြင္းေပၚက အမွတ္တရ ပံုရိပ္ေတြကို ခ်ျပလာခဲ့ပါတယ္။ ေမလသံစဥ္က သူမနဲ့ အသက္ထက္ဝက္မက ကြာတဲ့ ေနတိုးနဲ့ ရိုက္ကြင္းေပၚက ပံုရိပ္ေတြနဲ့ “လူၾကီးကိုခ်စ္လို့မရဘူးလား” ဆိုျပီး ေမးခြန္းေလးထုတ္လာတာကိုလည္း ေတြ့ရပါတယ္။

ေမလသံစဥ္ ကေတာ့ ေနတိုးနဲ့ အတူတူ သရုပ္ေဆာင္ထားတဲ့ သီခ်င္း MV ေလးကို မၾကာခင္မွာခ်ျပဖို့ ပရိသတ္ေတြကို အရိပ္အျမြတ္ေလး ခ်ျပလာခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေမလသံစဥ္ရဲ့ သီခ်င္းသစ္ေလးကို ေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: ေမလသံစဥ္ May Melody’s fb
Credit:Cele Connections

နေတိုးနဲ့ ရိုက်ကွင်းပေါ်က အမှတ်တရ ပုံရိပ်တွေကို ချပြပြီး မေးခွန်းလေးတစ်ခု မေးလာတဲ့ မေလသံစဉ်

ငယ်စဉ် ကလေးဘဝ ကတည်းက အနုပညာကို ဝါသနာပါ လွန်းတာကြောင့် ကိုယ်တိုင် စန္ဒယားတီးပြီး cover song တွေဆိုရင်း လူသိများ လာခဲ့တဲ့ အဆိုတော်မလေး မေလသံစဉ်က ကြည်လင်ပြတ်သားတဲ့ အသံလေးနဲ့ သီချင်းကောင်းလေး တွေကို သီဆိုတတ်သူလေးပဲ ဖြစ်ပါတယ်။ မေလသံစဉ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီး သွားချိန်မှာတော့ အနုပညာအလုပ်ဘက်ကို ပိုမိုအချိန်ပေးလုပ်ကိုင်ဖြစ်လာပြီး တစ်ကိုယ်တော်ကိုယ်ပိုင် အယ်လ်ဘမ်ခွေကိုလည်း ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း မေလသံစဉ်က သူမရဲ့ သီချင်းသစ်လေးတွေကို မကြာခဏဆိုသလို ပရိသတ်ကို ချပြပေးနေလျက်ရှိပါတယ်။

ပရိသတ်တွေ အတွက် မရိုးနိုင်တဲ့ အနုပညာ လှုပ်ရှားမှုတွေကို ချပြနေတဲ့ မေလသံစဉ်က ဒီကနေ့မှာလည်း အကယ်ဒမီနေတိုးနဲ့ သူမရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရ ပုံရိပ်တွေကို ချပြလာခဲ့ပါတယ်။ မေလသံစဉ်က သူမနဲ့ အသက်ထက်ဝက်မက ကွာတဲ့ နေတိုးနဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေနဲ့ “လူကြီးကိုချစ်လို့မရဘူးလား” ဆိုပြီး မေးခွန်းလေးထုတ်လာတာကိုလည်း တွေ့ရပါတယ်။

မေလသံစဉ် ကတော့ နေတိုးနဲ့ အတူတူ သရုပ်ဆောင်ထားတဲ့ သီချင်း MV လေးကို မကြာခင်မှာချပြဖို့ ပရိသတ်တွေကို အရိပ်အမြွတ်လေး ချပြလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေလသံစဉ်ရဲ့ သီချင်းသစ်လေးကို စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: မေလသံစဉ် May Melody’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment