Celebrity

ေနပူထဲမွာမပင္မပန္းဘဲ လႈပ္ရွားေနၾကတဲ့ ျပည္သူေတြရဲ့ က်န္းမာေရးကို တက္ညီလက္ညီ ကူညီေစာင့္ေရွာက္ေနတဲ့ ေဝဠဳေက်ာ္တို႕အဖြဲ႕

Written by Ms Cele

ေနပူထဲမွာမပင္မပန္းဘဲ လႈပ္ရွားေနၾကတဲ့ ျပည္သူေတြရဲ့ က်န္းမာေရးကို တက္ညီလက္ညီ ကူညီေစာင့္ေရွာက္ေနတဲ့ ေဝဠဳေက်ာ္တို႕အဖြဲ႕

အႏုပညာ အလုပ္ေတြနဲ႔ အလွမ္း ေဝးကြာေနၿပီး ပရဟိတ အလုပ္ေတြ ကိုသာ စြမ္းစြမ္းတမံ လုပ္ေဆာင္ေနတဲ့ ေဝဠဳေက်ာ္ ကေတာ့ ပရိသတ္ေတြ ေလးစားေနရတဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္ေနာ္။ေဝဠဳေက်ာ္တို႔ေဖာင္ေဒးရွင္းက အကူအညီလိုအပ္တဲ့ ေနရာတိုင္းကို သြားေရာက္ၿပီး တတ္နိုင္သေလာက္ လႉဒါန္းၾကတာျဖစ္ပါတယ္။ ေဝဠဳေက်ာ္ တို႔အဖြဲ႕သားေတြကေတာ့ ကိုယ္က်ိဳး မဖက္ဘဲ မြန္ျမတ္တဲ့ စိတ္ထားေလးနဲ႔ အေကာင္းဆုံး ျဖစ္ေအာင္ ကူညီေဖးမေပးၾကတာျဖစ္ပါ တယ္ေနာ္။

ေဝဠဳေက်ာ္တို႔ အဖြဲ႕သားေတြ ကေတာ့ လက္ရွိ အေျခအေနေတြ မွာဆိုရင္လည္း ျပည္သူလူထု နဲ႔အတူ တစ္သားတည္း ပါဝင္လႈပ္ရွား ေနၾကတာျဖစ္ပါတယ္။ေဝဠဳေက်ာ္ကလည္း ကိုယ္တိုင္ လမ္းေပၚထြက္ၿပီး ျပည္သူေတြကိုအားႀကိဳးမာန္တက္ကူညီေပးတာျဖစ္လို႔ ေလးစားဖို႔ေကာင္းတဲ့ မင္းသား တစ္လက္ျဖစ္ပါတယ္ေနာ္။(၂၂.၂.၂၀၂၁)ရက္ေန႔ကဆိုရင္လည္း ေဝဠဳေက်ာ္တို႔အဖြဲ႕သားေတြက ႏွစ္ဖြဲ႕ခြဲၿပီး လွည္းတန္းနဲ႔ဆူးေလးကိုသြားေရာက္ကာ ျပည္သူလူထုအတြက္ အသင့္ရွိေနၾကတာျ ဖစ္ပါတယ္။

ေဝဠဳေက်ာ္ ကေတာ့ ေနပူထဲမွာ မပင္မပန္းဘဲ လႈပ္ရွားေနၾကတဲ့ ျပည္သူေတြရဲ့ က်န္းမာေရးကို ေရွးဦး သူနာျပဳနည္းနဲ႔ ျပဳစုေပးခဲ့တာျဖစ္ပါတယ္။ေဝဠဳေက်ာ္တို႔ေဖာင္ေဒးရွင္းရဲ့ လူနာတင္ယာဥ္ေတြ ကလည္း လမ္းေပၚမွာအဆင့္သင့္ရွိေနတာျဖစ္လို႔ တစ္ခုခုဆိုရင္ အျမန္ကယ္တင္ နိုင္ပါတယ္ေနာ္။ေဝဠဳေက်ာ္တို႔အဖြဲ႕သားေတြက တက္ညီလက္ညီနဲ႔ျပည္သူလူထုကို ကူညီ ေဖးမေပးေနတာျဖစ္လို႔ ခ်ီးက်ဴးစရာေကာင္းလွ ပါတယ္။လူတန္းစား မခြဲျခားဘဲ ျပည္သူတိုင္းကို စိတ္ေရာ ကိုယ္ပါႏွစ္ၿပီး ကူညီေပးေနၾကတဲ့ ေဝဠဳေက်ာ္တို႔ရဲ့ ပုံရိပ္ေတြကို ျပန္လည္မၽွေဝေပး လိုက္ပါတယ္ေနာ္။

Source&Photo Credit:Wai Lu Kyaw Foundation’s Facebook page
Credit

နေပူထဲမှာမပင်မပန်းဘဲ လှုပ်ရှားနေကြတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို တက်ညီလက်ညီ ကူညီစောင့်ရှောက်နေတဲ့ ဝေဠုကျော်တို့အဖွဲ့

အနုပညာ အလုပ်တွေနဲ့ အလှမ်း ဝေးကွာနေပြီး ပရဟိတ အလုပ်တွေ ကိုသာ စွမ်းစွမ်းတမံ လုပ်ဆောင်နေတဲ့ ဝေဠုကျော် ကတော့ ပရိသတ်တွေ လေးစားနေရတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်နော်။ဝေဠုကျော်တို့ဖောင်ဒေးရှင်းက အကူအညီလိုအပ်တဲ့ နေရာတိုင်းကို သွားရောက်ပြီး တတ်နိုင်သလောက် လှူဒါန်းကြတာဖြစ်ပါတယ်။ ဝေဠုကျော် တို့အဖွဲ့သားတွေကတော့ ကိုယ်ကျိုး မဖက်ဘဲ မွန်မြတ်တဲ့ စိတ်ထားလေးနဲ့ အကောင်းဆုံး ဖြစ်အောင် ကူညီဖေးမပေးကြတာဖြစ်ပါ တယ်နော်။

ဝေဠုကျော်တို့ အဖွဲ့သားတွေ ကတော့ လက်ရှိ အခြေအနေတွေ မှာဆိုရင်လည်း ပြည်သူလူထု နဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှား နေကြတာဖြစ်ပါတယ်။ဝေဠုကျော်ကလည်း ကိုယ်တိုင် လမ်းပေါ်ထွက်ပြီး ပြည်သူတွေကိုအားကြိုးမာန်တက်ကူညီပေးတာဖြစ်လို့ လေးစားဖို့ကောင်းတဲ့ မင်းသား တစ်လက်ဖြစ်ပါတယ်နော်။(၂၂.၂.၂၀၂၁)ရက်နေ့ကဆိုရင်လည်း ဝေဠုကျော်တို့အဖွဲ့သားတွေက နှစ်ဖွဲ့ခွဲပြီး လှည်းတန်းနဲ့ဆူးလေးကိုသွားရောက်ကာ ပြည်သူလူထုအတွက် အသင့်ရှိနေကြတာြ ဖစ်ပါတယ်။

ဝေဠုကျော် ကတော့ နေပူထဲမှာ မပင်မပန်းဘဲ လှုပ်ရှားနေကြတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ရှေးဦး သူနာပြုနည်းနဲ့ ပြုစုပေးခဲ့တာဖြစ်ပါတယ်။ဝေဠုကျော်တို့ဖောင်ဒေးရှင်းရဲ့ လူနာတင်ယာဉ်တွေ ကလည်း လမ်းပေါ်မှာအဆင့်သင့်ရှိနေတာဖြစ်လို့ တစ်ခုခုဆိုရင် အမြန်ကယ်တင် နိုင်ပါတယ်နော်။ဝေဠုကျော်တို့အဖွဲ့သားတွေက တက်ညီလက်ညီနဲ့ပြည်သူလူထုကို ကူညီ ဖေးမပေးနေတာဖြစ်လို့ ချီးကျူးစရာကောင်းလှ ပါတယ်။လူတန်းစား မခွဲခြားဘဲ ပြည်သူတိုင်းကို စိတ်ရော ကိုယ်ပါနှစ်ပြီး ကူညီပေးနေကြတဲ့ ဝေဠုကျော်တို့ရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Source&Photo Credit:Wai Lu Kyaw Foundation’s Facebook page
Credit

About the author

Ms Cele

Leave a Comment