Celebrity


Written by Ms Cele







နေမကောင်းလို့ ခံတွင်းပျက်နေတဲ့ ပရိသတ်ကြီးအတွက် ထမင်းမြိန်စေတဲ့ ဟင်းလျာလေးလှူဒါန်းလိုက်တဲ့ ဘေဘီမောင်ရဲ့ဗီဒီယို

ပရိတ်သက်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ဘေဘီမောင်ဟာဆိုရင်ဖြင့် အရေးတော်ပုံကာလကြီး မှာလည်းသူကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးကူးစက်ပြန့်ပွားနေချိန်မှာလည်း သူမတတ်နိုင်တဲ့ဘက်ကနေ ကူညီမှုတွေပြုလုပ်ကာ လှူဒါန်းမှုတွေကိုလည်းပြုလုပ်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ သူမကိုယ်တိုင်လည်း ကိုဗစ်ရောဂါကူးစက်ခြင်းခံ ခဲ့ရပြီး အတော်လေးနေမကောင်းဖြစ် ခဲ့ကြောင်းကိုလည်း သူမရဲ့လူမှုကွန်ရက်ကနေ တစ်ဆင့်ဖော်ပြရေးသားခဲ့တာကို လည်းတွေ့ရပါတယ်။ သူမကိုယ်တိုင်ကြုံတွေ့ခဲ့ပြီးနောက် မှာလည်း ကြက်သားဆန်ပြုတ်အလှူလေးကိုလည်း (၅)ရက်တိတိလှူဒါန်းခဲ့ပြီး အခုတစ်ကြိမ်မှာလည်း ငါးပိရည်နဲ့တို့စရာဗန်းတွေကို သူမကိုယ်တိုင်ပြင်ဆင်ကာလှူဒါန်းခဲ့ပါတယ်။

ဒီအကြောင်းအရာလေး ကိုလည်း ဘေဘီမောင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ “နေမကောင်းဖြစ်ပြီး ခံတွင်းပျက်နေတဲ့ ဘေဘီကိုချစ်တဲ့ဘေဘီကချစ်ရတဲ့မိတ်ဆွေများအတွက် ဘေဘီကြိုက်တဲ့ငပိရည်ကျိလေးနဲ့တို့စရာလေး🥰ခတွင်းတွေ့ပြီး ထမင်းစားကောင်းကြပါစေရှင့်🙏🏻ငွေထက်တန်ဖိုးကြီးတဲ့မေတ္တာစေတနာ ငပိရည်ဗန်းလေး😍…..” ဆိုပြီးရေးသားကာ မျှဝေပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်။

“နေမကောင်းဖြစ်ပြီး ခံတွင်းပျက် နေတဲ့ ဘေဘီကိုချစ်တဲ့ဘေဘီကချစ်ရတဲ့ မိတ်ဆွေများ အတွက် ဘေဘီကြိုက်တဲ့ ငပိရည်ကျိလေးနဲ့ တို့စရာလေး🥰ခတွင်းတွေ့ပြီး ထမင်းစားကောင်းကြပါစေရှင့်🙏🏻ငွေထက်တန်ဖိုးကြီးတဲ့ မေတ္တာစေတနာ ငပိရည်ဗန်းလေး😍…..” ဆိုပြီး သူမရဲ့ ဖေ့ဘွတ် လူမှုကွန်ယက် စာမျက်နှာကနေတစ်ဆင့် ရေးသားကာ မျှဝေပေးထားတာဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင် ရှိပါတယ်။

Source ; Baby Maung Facebook Acc
Credit ; Celebrity Platforms

About the author

Ms Cele

Leave a Comment