Celebrity


Written by Ms Cele





Source: Mary’s fb

နေမကောင်းဖြစ်လို့ ကိုဗစ်ရောဂါပိုး ရှိမရှိ သွားရောက် စစ်ဆေးခဲ့တဲ့ ဆေးစစ်ချက် အဖြေကို ပြောပြလာတဲ့ Mary

ထူးခြားတဲ့ ကိုယ်ပိုင် အသံလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး Mary က သူမရဲ့ ပထမဦးဆုံး သီချင်း “ဝဲ” ဆိုတဲ့ သီချင်းလေးနဲ့ အွန်လိုင်းကနေ လူသိများ ထင်ရှားလာ ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Mary က သီချင်းတွေ များစွာကို သီဆိုခဲ့ပြီး ရုပ်ရှင်ဇာတ်ကားနဲ့ ကြော်ငြာအချို့ကို လက်ခံရိုက်ကူးခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ များစွာကို လုပ်ကိုင်လာ ခဲ့တာကို တွေ့ရပါတယ်။ လက်ရှိ ကိုဗစ်ကာလ မှာလည်း Mary က သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ကိုင် နေလျက်ရှိပါတယ်။

အလုပ်တွေ လုပ်ကိုင် နေရသူပီပီ အိမ်ထဲမှာ အချိန်ပြည့်နေလို့မရတဲ့ Mary က ပြီးခဲ့တဲ့ ရက်ပိုင်းက နေထိုင်မကောင်းဖြစ် ခဲ့ကြောင်း ပရိသတ်တွေကို အသိပေးလာပါတယ်။ ဒီနေ့မှာတော့ Mary က နေမကောင်းဖြစ်ပြီး ကိုယ့်ကို ကိုယ်သံသယရှိ ခဲ့တာကြောင့် Covid-19 ရောဂါပိုးစစ်ဆေးခဲ့ပြီး သူမရဲ့ ဆေးစစ်ချက်အဖြေက Negative ဖြစ်ပြီး ရောဂါပိုးကင်းစင်တဲ့ အကြောင်းကို ပရိသတ်တွေဆီ ဝမ်းသာစွာနဲ့ မျှဝေပေးလာ ခဲ့ပါတယ်။

Mary ကတော့ နေထိုင်မကောင်း ဖြစ်နေရင်း ကိုယ့်ကိုကိုယ် သံသယကင်းရှင်း သွားအောင် ဆေးစစ်ချက်ခဲ့ရာမှ စိတ်ကျေနပ်စရာကောင်းတဲ့ ဆေးစစ်ချက် အဖြေကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ Mary တစ်ယောက် အမြန်ဆုံးနေကောင်း သက်သာပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Mary’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment