Celebrity

ေနရပ္ကိုျပန္ရေတာ့မယ့္အတြက္ မျပန္ခင္သူခ်စ္တဲ့ ျမန္မာျပည္နဲ႔ပရိသတ္ေတြကို စိတ္မေကာင္းစြာနဲ႔ ႏႈတ္ဆက္ေနတဲ့ Sinon

Written by Ms Cele

ေနရပ္ကိုျပန္ရေတာ့မယ့္အတြက္ မျပန္ခင္သူခ်စ္တဲ့ ျမန္မာျပည္နဲ႔ပရိသတ္ေတြကို စိတ္မေကာင္းစြာနဲ႔ ႏႈတ္ဆက္ေနတဲ့ Sinon

ျမန္မာပရိသတ္ေတြၾကားမွာ နာမည္ႀကီးေနတဲ့ ဖိလစ္ပိုင္ Cat Walk King Sinon Loresca ကေတာ့ ခုေနာက္ပိုင္းမွာ ပိုမိုလူသိမ်ားေအာင္ျမင္ေနတာ ျဖစ္ပါတယ္။ Sinon က ျမန္မာနိုင္ငံကိုလာေရာက္ၿပီး အႏုပညာ အလုပ္ေတြလုပ္ကိုင္ေနသလို သူတတ္နိုင္သေလာက္ေလး အလႉအတန္းေတြကိုလည္းေန႔စဥ္ေနရာစုံမွာ ျပဳလုပ္ေနတာလည္း ျဖစ္ပါတယ္။

ေလးစားခ်င္စရာေကာင္းတဲ့ သူ႔ရဲ့အျပဳအမူေလး ေတြေၾကာင့္လည္း အားလုံးက ခ်စ္ခင္ေနၾကတာပါ။Sinon က ေၾကာ္ျငာေလးေတြရိုက္ကူးသလို အေပ်ာ္တမ္းအခြီဗီဒီယိုေလးေတြလည္းရိုက္ကူးၿပီး ပရိသတ္ေတြကို ေပ်ာ္ရႊင္ရယ္ေမာေစနိုင္ခဲ့တဲ့ ဆယ္လီတစ္ေယာက္ပါ။

ဒီေန႔မွာေတာ့ sinon က သူရဲ့ေနရပ္နိုင္ငံကို ျပန္သြား ရၿပီျဖစ္ပါတယ္။မျပန္ခင္သူခ်စ္တဲ့ ျမန္မာျပည္နဲ႔ပရိသတ္ေတြကို စိတ္မေကာင္းစြာ နဲ႔ပဲ ႏႈတ္ဆက္ခဲ့တာလည္းျဖစ္ပါတယ္။ခုလည္း ခ်စ္ရတဲ့ သူေတြနဲ႔ ခြဲခြာရေတာ့မွာမို႔ ဝမ္းနည္း မ်က္ရည္က်စြာ ႏႈတ္ဆက္ေနတဲ့ ပုံရိပ္ေလးေတြနဲ႔အတူ ” ျပန္လည္ဆုံေတြ႕ ၾကမယ္ေနာ္ အခုအတြက္ကေတာ့ ႏုတ္ဆက္ခဲ့ပါတယ္ Bye for now and see you again “စာေလးကိုေဖာ္ျပခဲ့ရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဝမၽွေပးလိုက္ပါရေစ။

Credit:Cele Zone
Photo – Sinon

နေရပ်ကိုပြန်ရတော့မယ့်အတွက် မပြန်ခင်သူချစ်တဲ့ မြန်မာပြည်နဲ့ပရိသတ်တွေကို စိတ်မကောင်းစွာနဲ့ နှုတ်ဆက်နေတဲ့ Sinon

မြန်မာပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဖိလစ်ပိုင် Cat Walk King Sinon Loresca ကတော့ ခုနောက်ပိုင်းမှာ ပိုမိုလူသိများအောင်မြင်နေတာ ဖြစ်ပါတယ်။ Sinon က မြန်မာနိုင်ငံကိုလာရောက်ပြီး အနုပညာ အလုပ်တွေလုပ်ကိုင်နေသလို သူတတ်နိုင်သလောက်လေး အလှူအတန်းတွေကိုလည်းနေ့စဉ်နေရာစုံမှာ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

လေးစားချင်စရာကောင်းတဲ့ သူ့ရဲ့အပြုအမူလေး တွေကြောင့်လည်း အားလုံးက ချစ်ခင်နေကြတာပါ။Sinon က ကြော်ငြာလေးတွေရိုက်ကူးသလို အပျော်တမ်းအခွီဗီဒီယိုလေးတွေလည်းရိုက်ကူးပြီး ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေနိုင်ခဲ့တဲ့ ဆယ်လီတစ်ယောက်ပါ။

ဒီနေ့မှာတော့ sinon က သူရဲ့နေရပ်နိုင်ငံကို ပြန်သွား ရပြီဖြစ်ပါတယ်။မပြန်ခင်သူချစ်တဲ့ မြန်မာပြည်နဲ့ပရိသတ်တွေကို စိတ်မကောင်းစွာ နဲ့ပဲ နှုတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။ခုလည်း ချစ်ရတဲ့ သူတွေနဲ့ ခွဲခွာရတော့မှာမို့ ဝမ်းနည်း မျက်ရည်ကျစွာ နှုတ်ဆက်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ ” ပြန်လည်ဆုံတွေ့ ကြမယ်နော် အခုအတွက်ကတော့ နုတ်ဆက်ခဲ့ပါတယ် Bye for now and see you again “စာလေးကိုဖော်ပြခဲ့ရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါရစေ။

Credit:Cele Zone
Photo – Sinon

About the author

Ms Cele

Leave a Comment