Celebrity


Written by Ms Cele






နေအိမ်မှာ နေကောင်း ကျန်းမာစွာ ရှိနေတဲ့ ဗေလုဝရဲ့ လက်ရှိ အခြေ အနေကို Live လွှင့်ပြီးပြသ လာတဲ့ မေတ္တာမြင့်မြတ်ဟိန်း

နိုင်ငံတော် ဟာသသရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို စာရေးဆရာ၊ ဇာတ်ညွှန်းရေး ဆရာတစ်ယောက်လည်းဖြစ်တဲ့ ဗေလုဝ ကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် နှစ်မှာ ဦးနှောက်သွေးကြောပေါက် ဝေဒနာကြောင့် အလုပ်တွေ အားလုံးကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ ဗေလုဝ ကတော့ (၂၀၂၀) ခုနှစ်အတွင်းမှာ ဆေးရုံ ဆေးခန်းကို မကြာခဏဆိုသလို ရောက်ခဲ့ရပြီး အရေးပေါ် ဆေးကုသမှုတွေလည်း ခံယူခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဗေလုဝ တစ်ယောက် နေကောင်းကျန်းမာပြီး အရင်လို အနုပညာ အလုပ်တွေလုပ်ကိုင်နိုင်ဖို့ မျှော်လင့် နေကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့ မှာတော့ ဗေလုဝ တစ်ယောက် ကွယ်လွန်သွားခဲ့ပြီလို့ ကောလဟာလ သတင်းတွေ ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ အမှန်တော့ ဗေလုဝက သူ့ရဲ့နေအိမ်မှာပဲ နေကောင်းကျန်းမာစွာ ရှိနေခဲ့တာဖြစ်ပြီး သရုပ်ဆောင် မေတ္တာရဲ့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်း က ကျန်းကျန်းမာမာ ရှိနေတဲ့ ဗေလုဝရဲ့ လက်ရှိ အခြေအနေကို ပရိသတ်တွေ အားလုံးသိရအောင် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ Live လွှင့်ပြီး ပြသလာ ခဲ့တာ အခုလိုပဲ တွေ့ရပါတယ်။

ဗေလုဝကတော့ ကျန်းမာရေး အခြေအနေကြောင့် ဆေးကုသမှုခံယူနေရတာဖြစ်ပြီး အခုလို ကောလဟာလတွေ ထွက်ပေါ်လာတာကြောင့် ပရိသတ်တွေက စိုးရိမ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဗေလုဝကတော့ ကျန်းကျန်းမာမာ ရှိနေတာမို့ ပရိသတ်ကြီးက စိတ်မပူကြပါနဲ့နော်။ ဖတ်ရှုပေး ကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment