Celebrity

ေနာက္ထပ္ အိမ္ေထာင္ ျပဳ ဖို႔ ရွိ/မရွိ အေျခအေန ကို ပရိတ္သတ္ ေတြ ကို ေျပာျပ လာတဲ့ သ႐ုပ္ ေဆာင္ ဂႏၲဝင္

Written by Ms Cele

ေနာက္ထပ္ အိမ္ေထာင္ ျပဳ ဖို႔ ရွိ/မရွိ အေျခအေန ကို ပရိတ္သတ္ ေတြ ကို ေျပာျပ လာတဲ့ သ႐ုပ္ ေဆာင္ ဂႏၲဝင္

ပရိတ္သတ္ႀကီးေရ တစ္ေခတ္ တစ္ခါကတမူထူးတဲ့ အလွနဲ႔ ထင္ေပၚခဲ့တဲ့ သ႐ုပ္ေဆာင္ ဂႏၲဝင္ကိုေတာ့ ႐ုပ္ရွင္ခ်စ္ ပရိသတ္ႀကီး မွတ္မိဦးမယ္ ထင္ပါတယ္။ဇာတ္ကား ေတြ MTV ေတြရိုက္ကူးရင္း ပရိသတ္အားေပးမႈ ခံခဲ့ရတဲ့ သ႐ုပ္ေဆာင္ ဂႏၲဝင္ကို အခုအခ်ိန္မွာ ဖန္သားျပင္ထက္ သိပ္မေတြ႕ရေတာ့ေပမယ့္ ဆိုရွယ္မီဒီယာသုံးစြဲ သူပရိသတ္ႀကီးနဲ႔ေတာ့ အဆက္မျပတ္ရွိေနတာကို ျမင္ေတြ႕ရမွာပါ။ အခုအခ်ိန္ထိ လွပႏုပ်ိဳေနဆဲျဖစ္တဲ့ သ႐ုပ္ေဆာင္ဂႏၲဝင္ကေတာ့ အိမ္ေထာင္ျပဳဖို႔ စိတ္ကူးမရွိဘူးလို႔ဆိုထားပါတယ္ ။သူကေတာ့“အေဖာ္ဆိုတာ ေယာက်္ားေလး အေဖာ္ျဖစ္ျဖစ္ မိန္းကေလးအေဖာ္ျဖစ္ျဖစ္ ကိုယ့္ေဘးနားမွာ ညီအစ္မလို အေဖာ္ပဲျဖစ္ျဖစ္ေပါ့ေနာ္ အစ္မကအစ္ကိုပဲရွိတာေလ အစ္ကိုကနိုင္ငံျခားမွာ ဆိုေတာ့ အစ္မနားမွာ အရင္းမရွိဘူးေပါ့ေနာ္ မိန္းကေလးအေဖာ္ေလး တစ္ဝမ္းကြဲညီအစ္မအေဖာ္ပဲျဖစ္ျဖစ္ အစ္မအတြက္ေကာင္းမယ္ဆိုရင္ေတာ့ ေရြးခ်ယ္မွာေပါ့ေနာ္ အိမ္ေထာင္ျပဳဖို႔ေတာ့အစီအစဥ္မရွိပါဘူး အဖာ္အေနနဲ႔က အိမ္ေထာင္ျပဳမွရယ္မဟုတ္ပါဘူး အစ္မေဘးမွာ အျမဲ life partner အေနနဲ႔ရွိေပးမယ္ ဆိုရင္ေတာ့ အစ္မေရြးခ်ယ္မွာပါ” လို႔ဆိုထားပါတယ္။

“အစ္မကသိပ္မတိုင္ပင္ တတ္ဘူး စိတ္ထဲမွာပဲ ခံစားစရာရွိရင္ ခံစားလိုက္တယ္ ၾကာၾကာ စိတ္ထဲမွာ မထားတတ္ဘူး ျဖစ္ျဖစ္ခ်င္းေတာ့အရမ္း စိတ္ထဲ မွာျဖစ္တယ္ ၂ရက္ ၃ရက္ေနရင္ စိတ္ျပန္ေျဖ လိုက္တယ္ အၾကာႀကီးစိတ္ထဲ မထားတတ္ဘူး မျမဲတဲ့သေဘာကို လက္ခံထားတယ္ ေပ်ာ္စရာဆိုလည္း အၾကာႀကီး မထားတတ္ဘူး မထင္ရဘူး မဟုတ္လား အစ္မအသက္ ၄၀”လို႔ သူ႔ရဲ့စိ တ္ပ်ိဳကိုယ္ႏုရျခင္း အေၾကာင္းကိုလည္း ေဝမၽွထားပါတယ္။ဂႏၲဝင္ကေတာ့ အသက္၁၀ႏွစ္ ေက်ာ္တိုင္းသီလရွင္ဝတ္ေလ့ရွိသူပါ။“အစ္မ ၁၀ေက်ာ္က တစ္ခါဝတ္တယ္ ၂၀ေက်ာ္ဝတ္တယ္ ၃၀ေက်ာ္တစ္ခါ ဝတ္တယ္ အခု၄၀ေက်ာ္ရင္လည္းဝတ္ မွာပါ ၄တန္း၁၀ႏွစ္ေက်ာ္မွာ တစ္ခါဝတ္တယ္ ေနာက္ ၂၂ႏွစ္မွာ တစ္ခါဝတ္တယ္ ေနာက္ဝတ္မယ္လို႔ စိတ္ကူးၿပီး ၃၅ႏွစ္မွာဝတ္တယ္ အဲ့လိုတိုက္ဆိုင္သြားတာေပါ့ေနာ္ ၁၀ႏွစ္ေက်ာ္တစ္ခါဝတ္တာ ထပ္ဝတ္ဖို႔ဆႏၵရွိပါတယ္” လို႔ဆိုပါတယ္။

ဂႏၲဝင္ကေတာ့ သူမရဲ့အလွရဲ့ လၽွို႔ဝွက္ခ်က္ ကို ပရိသတ္ႀကီး ကို အခုလိုပဲေျပာျပထား ပါေသးတယ္။“ေပါ့ေပါ့ပါးပါးပဲ အစ္မ skin careကို အျမဲ take careလုပ္ မေနဘူး အိမ္မွာပဲ skin care ေကာင္းေကာင္း သုံးတယ္ မနက္တစ္ခါ ညတစ္ခါပဲ mask ေတြဘာေတြကပ္တာ မရွိဘူး အဓိကေတာ့အစ္မစိတ္ ကိုပဲ စိတ္ဆိုတာ ေပ်ာ္စရာနဲ႔ စိတ္ညစ္စရာ ကေတာ့ ဒြန႔္တြဲေနမွာပဲ အစ္မစိတ္ကိုၾကာၾကာညစ္မခံဘူး ၂ရက္၃ရက္ဆို အဲ့အေၾကာင္းကို ဆက္မေတြးေတာ့ဘူး တရားလည္းထိုင္ျဖစ္တယ္ ဘယ္အရာမဆိုျမဲတာမွမဟုတ္တာ“လြန္ခဲ့တဲ့ ၅ႏွစ္ကကိစၥဆို အရမ္းစိတ္ညစ္ခဲ့ရတယ္ စိတ္ပင္ပန္းခဲ့ရတယ္ အခုအခ်ိန္မွာျပန္စဥ္းစားရင္ဘာမွမဟုတ္သလိုပဲ အဲ့တုန္း ကေတာ့ပင္ပန္းခဲ့ရတာေပါ့“အစ္မက ဝတ္ပုံစားပုံလည္းေပါ့ေပါ့ပါးပါးေနတာဆိုေတာ့ ၂၀ေက်ာ္ေတြဆို အစ္မပဲေခၚတယ္ တူေတြတူမေတြ ကိုယ့္ထက္အရမ္းငယ္တာေတြကိုေတာ့ အန္တီပဲေခၚခိုင္းတာေပါ့ မ်က္ႏွာကႏုေနလို႔လားေတာ့မသိဘူး အကုန္ကအစ္မပဲေခၚၾကတယ္”

“၄၀ေက်ာ္မွဘဝစတယ္ ဆိုေတာ့လည္း အခုမွျပန္စရမွာေပါ့ ေနာက္ တစ္ေၾကာ့ျပန္စ ရမွာေပါ့” လို႔ သူ႔ရဲ့ေနထိုင္မႈပုံစံကို ေျပာျပခဲ့တာပါ။ ဂႏၲဝင္ကေတာ့ ပရိသတ္ႀကီးကို“အခုအခ်ိန္မွာ က်န္းမာေရးအေရးႀကီးေတာ့ က်န္းမာေရးဂ႐ုစိုက္ပါ အလုပ္အကိုင္လည္း အဆင္ေျပပါေစ စိတ္ညစ္စရာေတြကို စိတ္ထဲထည့္ ထားရင္ လူအတြက္က်န္းမာေရး မွာေရာ အကုန္ထိခိုက္တယ္ ကုသိုလ္ေကာင္းမႈ လည္းမ်ားမ်ားလုပ္ပါ က်န္းမာေရးကိုလည္းဂ႐ုစိုက္ပါ ဒါဆိုကိုယ့္ဆီေကာင္းတဲ့ကံေတြ ေရာက္လာမွာပါ ကိုယ္ကအပူေတြပဲယူေနမယ္ဆိုရင္ ကိုယ့္ဆီအပူေတြဟပ္ေနမွာေပါ့ စိတ္ညစ္စရာေနရာမွာ ဘုရားတရားလုပ္မယ္ ကိုယ့္က်န္းမာေရးေနထိုင္မႈကိုဂ႐ုစိုက္မယ္ေပါ့ က်န္းမာမွာစိတ္ခ်မ္းသာမယ္ေလ” လို႔ စိတ္ခ်မ္းသာေအာင္ေနဖို႔ တိုက္တြန္းထားပါတယ္။

ေနာက္ဆုံးအေနနဲ႔ “က်န္းမာေရးအတြက္ ဂ႐ုစိုက္ပါ ကုသိုလ္ေကာင္းမႈေတြ ဂ႐ုစိုက္ပါလို႔ပဲ ေျပာခ်င္ပါတယ္” လို႔ဆိုထားပါေသးတယ္။အခုလက္ရွိမွာေတာ့ ဂႏၲဝင္က ပရိသတ္ေတြ နဲ႔ အပတ္စဥ္ တနဂၤေႏြေန႔ ၊ ညတိုင္း Online ဂိမ္း ေဆာ့ၿပီး ဆုရတဲ့ သူေတြကို ဖုန္းေဘလ္ လက္ေဆာင္ ေပးေနတာကိုလည္းေတြ႕ရပါတယ္။ဖတ္ရႈေပးတဲ့ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

crd

နောက်ထပ် အိမ်ထောင် ပြု ဖို့ ရှိ/မရှိ အခြေအနေ ကို ပရိတ်သတ် တွေ ကို ပြောပြ လာတဲ့ သရုပ် ဆောင် ဂန္တဝင်

ပရိတ်သတ်ကြီးရေ တစ်ခေတ် တစ်ခါကတမူထူးတဲ့ အလှနဲ့ ထင်ပေါ်ခဲ့တဲ့ သရုပ်ဆောင် ဂန္တဝင်ကိုတော့ ရုပ်ရှင်ချစ် ပရိသတ်ကြီး မှတ်မိဦးမယ် ထင်ပါတယ်။ဇာတ်ကား တွေ MTV တွေရိုက်ကူးရင်း ပရိသတ်အားပေးမှု ခံခဲ့ရတဲ့ သရုပ်ဆောင် ဂန္တဝင်ကို အခုအချိန်မှာ ဖန်သားပြင်ထက် သိပ်မတွေ့ရတော့ပေမယ့် ဆိုရှယ်မီဒီယာသုံးစွဲ သူပရိသတ်ကြီးနဲ့တော့ အဆက်မပြတ်ရှိနေတာကို မြင်တွေ့ရမှာပါ။ အခုအချိန်ထိ လှပနုပျိုနေဆဲဖြစ်တဲ့ သရုပ်ဆောင်ဂန္တဝင်ကတော့ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူးလို့ဆိုထားပါတယ် ။သူကတော့“အဖော်ဆိုတာ ယောကျ်ားလေး အဖော်ဖြစ်ဖြစ် မိန်းကလေးအဖော်ဖြစ်ဖြစ် ကိုယ့်ဘေးနားမှာ ညီအစ်မလို အဖော်ပဲဖြစ်ဖြစ်ပေါ့နော် အစ်မကအစ်ကိုပဲရှိတာလေ အစ်ကိုကနိုင်ငံခြားမှာ ဆိုတော့ အစ်မနားမှာ အရင်းမရှိဘူးပေါ့နော် မိန်းကလေးအဖော်လေး တစ်ဝမ်းကွဲညီအစ်မအဖော်ပဲဖြစ်ဖြစ် အစ်မအတွက်ကောင်းမယ်ဆိုရင်တော့ ရွေးချယ်မှာပေါ့နော် အိမ်ထောင်ပြုဖို့တော့အစီအစဉ်မရှိပါဘူး အဖာ်အနေနဲ့က အိမ်ထောင်ပြုမှရယ်မဟုတ်ပါဘူး အစ်မဘေးမှာ အမြဲ life partner အနေနဲ့ရှိပေးမယ် ဆိုရင်တော့ အစ်မရွေးချယ်မှာပါ” လို့ဆိုထားပါတယ်။

“အစ်မကသိပ်မတိုင်ပင် တတ်ဘူး စိတ်ထဲမှာပဲ ခံစားစရာရှိရင် ခံစားလိုက်တယ် ကြာကြာ စိတ်ထဲမှာ မထားတတ်ဘူး ဖြစ်ဖြစ်ချင်းတော့အရမ်း စိတ်ထဲ မှာဖြစ်တယ် ၂ရက် ၃ရက်နေရင် စိတ်ပြန်ဖြေ လိုက်တယ် အကြာကြီးစိတ်ထဲ မထားတတ်ဘူး မမြဲတဲ့သဘောကို လက်ခံထားတယ် ပျော်စရာဆိုလည်း အကြာကြီး မထားတတ်ဘူး မထင်ရဘူး မဟုတ်လား အစ်မအသက် ၄၀”လို့ သူ့ရဲ့စိ တ်ပျိုကိုယ်နုရခြင်း အကြောင်းကိုလည်း ဝေမျှထားပါတယ်။ဂန္တဝင်ကတော့ အသက်၁ဝနှစ် ကျော်တိုင်းသီလရှင်ဝတ်လေ့ရှိသူပါ။“အစ်မ ၁ဝကျော်က တစ်ခါဝတ်တယ် ၂ဝကျော်ဝတ်တယ် ၃ဝကျော်တစ်ခါ ဝတ်တယ် အခု၄ဝကျော်ရင်လည်းဝတ် မှာပါ ၄တန်း၁ဝနှစ်ကျော်မှာ တစ်ခါဝတ်တယ် နောက် ၂၂နှစ်မှာ တစ်ခါဝတ်တယ် နောက်ဝတ်မယ်လို့ စိတ်ကူးပြီး ၃၅နှစ်မှာဝတ်တယ် အဲ့လိုတိုက်ဆိုင်သွားတာပေါ့နော် ၁ဝနှစ်ကျော်တစ်ခါဝတ်တာ ထပ်ဝတ်ဖို့ဆန္ဒရှိပါတယ်” လို့ဆိုပါတယ်။

ဂန္တဝင်ကတော့ သူမရဲ့အလှရဲ့ လျှို့ဝှက်ချက် ကို ပရိသတ်ကြီး ကို အခုလိုပဲပြောပြထား ပါသေးတယ်။“ပေါ့ပေါ့ပါးပါးပဲ အစ်မ skin careကို အမြဲ take careလုပ် မနေဘူး အိမ်မှာပဲ skin care ကောင်းကောင်း သုံးတယ် မနက်တစ်ခါ ညတစ်ခါပဲ mask တွေဘာတွေကပ်တာ မရှိဘူး အဓိကတော့အစ်မစိတ် ကိုပဲ စိတ်ဆိုတာ ပျော်စရာနဲ့ စိတ်ညစ်စရာ ကတော့ ဒွန့်တွဲနေမှာပဲ အစ်မစိတ်ကိုကြာကြာညစ်မခံဘူး ၂ရက်၃ရက်ဆို အဲ့အကြောင်းကို ဆက်မတွေးတော့ဘူး တရားလည်းထိုင်ဖြစ်တယ် ဘယ်အရာမဆိုမြဲတာမှမဟုတ်တာ“လွန်ခဲ့တဲ့ ၅နှစ်ကကိစ္စဆို အရမ်းစိတ်ညစ်ခဲ့ရတယ် စိတ်ပင်ပန်းခဲ့ရတယ် အခုအချိန်မှာပြန်စဉ်းစားရင်ဘာမှမဟုတ်သလိုပဲ အဲ့တုန်း ကတော့ပင်ပန်းခဲ့ရတာပေါ့“အစ်မက ဝတ်ပုံစားပုံလည်းပေါ့ပေါ့ပါးပါးနေတာဆိုတော့ ၂ဝကျော်တွေဆို အစ်မပဲခေါ်တယ် တူတွေတူမတွေ ကိုယ့်ထက်အရမ်းငယ်တာတွေကိုတော့ အန်တီပဲခေါ်ခိုင်းတာပေါ့ မျက်နှာကနုနေလို့လားတော့မသိဘူး အကုန်ကအစ်မပဲခေါ်ကြတယ်”

“၄ဝကျော်မှဘဝစတယ် ဆိုတော့လည်း အခုမှပြန်စရမှာပေါ့ နောက် တစ်ကြော့ပြန်စ ရမှာပေါ့” လို့ သူ့ရဲ့နေထိုင်မှုပုံစံကို ပြောပြခဲ့တာပါ။ ဂန္တဝင်ကတော့ ပရိသတ်ကြီးကို“အခုအချိန်မှာ ကျန်းမာရေးအရေးကြီးတော့ ကျန်းမာရေးဂရုစိုက်ပါ အလုပ်အကိုင်လည်း အဆင်ပြေပါစေ စိတ်ညစ်စရာတွေကို စိတ်ထဲထည့် ထားရင် လူအတွက်ကျန်းမာရေး မှာရော အကုန်ထိခိုက်တယ် ကုသိုလ်ကောင်းမှု လည်းများများလုပ်ပါ ကျန်းမာရေးကိုလည်းဂရုစိုက်ပါ ဒါဆိုကိုယ့်ဆီကောင်းတဲ့ကံတွေ ရောက်လာမှာပါ ကိုယ်ကအပူတွေပဲယူနေမယ်ဆိုရင် ကိုယ့်ဆီအပူတွေဟပ်နေမှာပေါ့ စိတ်ညစ်စရာနေရာမှာ ဘုရားတရားလုပ်မယ် ကိုယ့်ကျန်းမာရေးနေထိုင်မှုကိုဂရုစိုက်မယ်ပေါ့ ကျန်းမာမှာစိတ်ချမ်းသာမယ်လေ” လို့ စိတ်ချမ်းသာအောင်နေဖို့ တိုက်တွန်းထားပါတယ်။

နောက်ဆုံးအနေနဲ့ “ကျန်းမာရေးအတွက် ဂရုစိုက်ပါ ကုသိုလ်ကောင်းမှုတွေ ဂရုစိုက်ပါလို့ပဲ ပြောချင်ပါတယ်” လို့ဆိုထားပါသေးတယ်။အခုလက်ရှိမှာတော့ ဂန္တဝင်က ပရိသတ်တွေ နဲ့ အပတ်စဉ် တနင်္ဂနွေနေ့ ၊ ညတိုင်း Online ဂိမ်း ဆော့ပြီး ဆုရတဲ့ သူတွေကို ဖုန်းဘေလ် လက်ဆောင် ပေးနေတာကိုလည်းတွေ့ရပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

crd

About the author

Ms Cele

Leave a Comment