Celebrity

ေနျခည္ဦး နဲ့ အတူ သရုပ္ေဆာင္ စဥ္က ခံစားခ်က္ ေတြကို ဖြင့္ဟလာတဲ့ ေအာင္ရဲလင္း

Written by Ms Cele

ေနျခည္ဦး နဲ့ အတူ သရုပ္ေဆာင္ စဥ္က ခံစားခ်က္ ေတြကို ဖြင့္ဟလာတဲ့ ေအာင္ရဲလင္း

ပရိသတ္တို႔ေရ ဒီေန႔ေခတ္ ရဲ့နာမည္ေက်ာ္ သ႐ုပ္ေဆာင္ မင္းသမီး ေနျခည္ဦးဟာဆိုရင္ သ႐ုပ္ေဆာင္ ေလာကထဲ ဝင္ေရာက္ မလာခင္မွာ Beauty Blogger တစ္ေယာက္ အေနနဲ႔လူ သိမ်ားခဲ့သူတစ္ဦး ျဖစ္ပါတယ္။ သူမရဲ့ Beauty Blogger ဘဝဟာ ဆိုရင္လည္း သူမရဲ့မိတ္ကပ္ အစမ္းျပင္ ဗီဒီယိုမ်ားေၾကာင့္ သာမက ထိုစဥ္ကသူမ ရဲ့ခ်စ္သူေအာင္ရဲလင္းေၾကာင့္လည္း လူသိမ်ားထင္ရွားလာခဲ့တယ္ ဆိုတာ မမွားပါဘူးေနာ္။ လြန္ခဲ့တဲ့တစ္လေလာက္က ေအာင္ရဲလင္းနဲ႔ ေနျခည္ဦးတို႔ႏွစ္ေယာက္လုံး က အဆိုေတာ္ထက္ ယံရဲ့ ေတးသ႐ုပ္ေဖာ္တစ္ပုဒ္မွာအတူ ပါဝင္ထားၿပီး ဒီေတးသ႐ုပ္ေဖာ္ဟာ ဆိုရင္ သူတို႔ႏွစ္ေယာက္ လမ္းခြဲၿပီးေနာက္ပိုင္း ပထမဆုံးအတူတြဲသ႐ုပ္ေဆာင္ရတဲ့ အႏုပညာ လႈပ္ရွားမႈတစ္ခုပဲ ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလး မွာေတာ့ သ႐ုပ္ေဆာင္ ေအာင္ရဲလင္းက ရည္းစားေဟာင္းျဖစ္သူ ေနျခည္ဦးရဲ့အိုက္တင္ေတြပိုေကာင္း လာတယ္လို႔ ပြင့္ပြင့္လင္းလင္း ေဝဖန္ခ်ီးက်ဴး ခဲ့တာပဲ ျဖစ္ပါတယ္။အင္တာဗ်ဴး အစပိုင္းမွာေတာ့ ေအာင္ရဲလင္းက သူနဲ႔ ေနျခည္ဦးတို႔ပါဝင္ သ႐ုပ္ေဆာင္ထားတဲ့ ထက္ယံရဲ့ေတးသ႐ုပ္ေဖာ္ ဗီဒီယိုေလးကို ပရိသတ္အားေပးမႈျမင့္ တက္လာတာ ျမင္ရတဲ့အတြက္ဝမ္းသာ တယ္လို႔ ေျပာလာပါတယ္။ ထက္ယံဆိုသည္မွာလည္း အျပင္မွာ စကားေျပာၾကည့္တဲ့အခါမွ တကယ္ကို ေအးေဆးတဲ့လူငယ္တစ္ေယာက္ျဖစ္တယ္လို႔ ေျပာျပပါတယ္။

ရိုက္ကူးေနစဥ္ မွာ အမွတ္တ ရရယ္လို႔ ေထြေထြထူးထူးမရွိခဲ့ေပမယ့္ သူနဲ႔ရည္းစားေဟာင္းျဖစ္သူ ေနျခည္ဦးတို႔ ပထမဆုံး အေနနဲ႔ အတူတကြပါဝင္သ႐ုပ္ရတဲ့ အႏုပညာ လႈပ္ရွားမႈ တစ္ခုျဖစ္တယ္လို႔ ဆိုပါတယ္။ ပရိသတ္အမ်ားစု ဆီကလည္း အေပါင္းလကၡဏာေဆာင္တဲ့ မွတ္ခ်က္တခ်ိဳ႕ေတြ႕ရၿပီး အခုလိုအလုပ္လုပ္ရတာ အဆင္ေျပတဲ့အျပင္ ပရိသတ္ႀကိဳက္ၾကတဲ့အႏုပညာ လႈပ္ရွားမႈတစ္ခုမွာ ပါဝင္ပတ္သတ္ရတဲ့ အတြက္ေအာင္ရဲလင္း အေနနဲ႔ ဝမ္းသာပီတိျဖစ္မိတယ္လို႔ သိရပါတယ္။

ဒီေတး သ႐ုပ္ေဖာ္ဟာ ေနျခည္ဦးနဲ႔သူ႔ရဲ့ပုံရိပ္ေၾကာင့္ လည္း ဒီေလာက္ထိ ေပါက္လိမ့္မယ္လို႔ ရိုက္ကူးမႈ မစခင္တည္းက ေမၽွာ္မွန္း ထားခဲ့တယ္လို႔ ေအာင္ရဲလင္းက ဆိုပါတယ္။ ေနျခည္ဦးနဲ႔ သူ႔ရဲ့ၾကားက ဆက္ဆံေရးကိုလည္း ေအာင္ရဲလင္းက အခုလိုေျပာဆိုရွင္းျပပါတယ္။ “သူနဲ႔ကေတာ့ ဒီၾကားထဲ မေတြ႕ျဖစ္ဖူးဗ်…မေတြ႕ျဖစ္ဖူးဆိုတာ ဟိုဟာေလ… ရိုက္တုန္းပဲ ေတြ႕ျဖစ္လိုက္တာ… တစ္ေခါက္ေတာ့ bar တစ္ခုမွာ ေတြ႕တယ္ေပါ့ေနာ္…အဲ့တုန္းကေတာ့ ဒီဟာေတြလည္း မထြက္ေသးဘူးေလ… မထြက္ေသးဘူးဆိုေတာ့ သိပ္လည္းမေျပာျဖစ္ဘူး

”ေတးသ႐ုပ္ေဖာ္ ထဲမွာ ဆိုရင္ ေနျခည္ဦးရဲ့ အိုက္တင္ေတြက တမင္လုပ္ယူထား တာမ်ိဳး မဟုတ္ပဲ ေပါ့ေပါ့ပါးပါးနဲ႔သဘာဝက်က် သ႐ုပ္ေဆာ င္ခ်က္ေတြမ်ား တယ္ လို႔ ေအာင္ရဲလင္းက ေျပာျပပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ့သ႐ုပ္ေဆာင္ခ်က္ေတြအေပၚမွာ ပရိသတ္ေတြရဲ့ မွတ္ခ်က္ေတြက အေကာင္းဘက္ကိုသြားေနၾကတဲ့အတြက္ေနာက္အတူတြဲလုပ္မယ့္အလုပ္ေတြမွာလည္း ဒီထက္ေကာင္းေအာင္လုပ္မယ္လို႔ ဆုံးျဖတ္ခ်က္ခ်ထားျဖစ္တယ္လို႔ ဆိုပါတယ္။ေနျခည္ဦးရဲ့ ေနထိုင္မႈပုံစံဟာဆိုရင္ သူနဲ႔တြဲေနစဥ္တည္းကႏွင့္ ေျပာင္းလဲျခင္းမရွိပဲ အိုက္တင္ေတြကေတာ့အမ်ားႀကီးပိုေကာင္းလာတယ္လို႔ ေအာင္ရဲလင္းက ေဝဖန္ခ်ီးက်ဴးခဲ့ပါတယ္။ “ဒီအလုပ္ေတြမွာ သူပိုၿပီးေတာ့နားလည္လာတယ္လို႔ ကၽြန္ေတာ္ခံစားရတယ္… ပိုၿပီးေတာ့လည္း မုဒ္ေတြပိုေကာင္းလာတယ္လို႔လည္း ကၽြန္ေတာ္ထင္ပါတယ္… သူက ပါရမီရွိၿပီးသားသူတစ္ေယာက္
ျဖစ္တဲ့အတြက္ ေနာင္လည္းဒီထက္ ပိုေကာင္းလာလိမ့္မယ္လို႔ ကၽြန္ေတာ္ယုံၾကည္ပါတယ္” သ႐ုပ္ေဆာင္ေနရတာျဖစ္တဲ့အတြက္

အဲ့ဒီထဲက ဇာတ္ေကာင္ေနရာမွာ ဝင္ခံစားၿပီးေတာ့ သ႐ုပ္ေဆာင္တာျဖစ္ၿပီး ေနျခည္ဦးနဲ႔မွ မဟုတ္ပဲ အျခားဘယ္မင္းသမီးနဲ႔မဆို ဒီလိုခ်စ္ ခန္းႀကိဳက္ခန္းေတြမွာ ဒီလိုပဲ သ႐ုပ္ေဆာင္တာျဖစ္တယ္လို႔ရွင္းျပပါတယ္။ပရိသတ္ႀကီးတို႔ေရ တစ္ခ်ိန္က သိပ္ခ်စ္ရတဲ့ခ်စ္သူေတြျဖစ္ခဲ့တဲ့ ေအာင္ရဲလင္းနဲ႔ ေနျခည္ဦးတို႔ဟာဆိုရင္ အခုလိုခ်စ္ခန္းႀကိဳက္ခန္းၾကည္ႏူးခန္းေလးေတြအျပည့္နဲ႔ ထက္ယံရဲ့ေတးသ႐ုပ္ေဖာ္ဗီဒီယိုေလးကို သဘာဝက်က် သ႐ုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္။ အခုလိုမ်ိဳး ေအာင္ရဲလင္းရဲ့ ေနျခည္ဦးအေပၚေဝဖန္မႈကို ပရိသတ္ရဲ့အျမင္ေလးကိုလည္း ေျပာသြားၾကပါအုံးေနာ္။ အခ်ိန္ေပးၿပီးဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။

Credit:Han Nyein Oo

နေခြည်ဦး နဲ့ အတူ သရုပ်ဆောင် စဉ်က ခံစားချက် တွေကို ဖွင့်ဟလာတဲ့ အောင်ရဲလင်း

ပရိသတ်တို့ရေ ဒီနေ့ခေတ် ရဲ့နာမည်ကျော် သရုပ်ဆောင် မင်းသမီး နေခြည်ဦးဟာဆိုရင် သရုပ်ဆောင် လောကထဲ ဝင်ရောက် မလာခင်မှာ Beauty Blogger တစ်ယောက် အနေနဲ့လူ သိများခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ Beauty Blogger ဘဝဟာ ဆိုရင်လည်း သူမရဲ့မိတ်ကပ် အစမ်းပြင် ဗီဒီယိုများကြောင့် သာမက ထိုစဉ်ကသူမ ရဲ့ချစ်သူအောင်ရဲလင်းကြောင့်လည်း လူသိများထင်ရှားလာခဲ့တယ် ဆိုတာ မမှားပါဘူးနော်။ လွန်ခဲ့တဲ့တစ်လလောက်က အောင်ရဲလင်းနဲ့ နေခြည်ဦးတို့နှစ်ယောက်လုံး က အဆိုတော်ထက် ယံရဲ့ တေးသရုပ်ဖော်တစ်ပုဒ်မှာအတူ ပါဝင်ထားပြီး ဒီတေးသရုပ်ဖော်ဟာ ဆိုရင် သူတို့နှစ်ယောက် လမ်းခွဲပြီးနောက်ပိုင်း ပထမဆုံးအတူတွဲသရုပ်ဆောင်ရတဲ့ အနုပညာ လှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေး မှာတော့ သရုပ်ဆောင် အောင်ရဲလင်းက ရည်းစားဟောင်းဖြစ်သူ နေခြည်ဦးရဲ့အိုက်တင်တွေပိုကောင်း လာတယ်လို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ချီးကျူး ခဲ့တာပဲ ဖြစ်ပါတယ်။အင်တာဗျူး အစပိုင်းမှာတော့ အောင်ရဲလင်းက သူနဲ့ နေခြည်ဦးတို့ပါဝင် သရုပ်ဆောင်ထားတဲ့ ထက်ယံရဲ့တေးသရုပ်ဖော် ဗီဒီယိုလေးကို ပရိသတ်အားပေးမှုမြင့် တက်လာတာ မြင်ရတဲ့အတွက်ဝမ်းသာ တယ်လို့ ပြောလာပါတယ်။ ထက်ယံဆိုသည်မှာလည်း အပြင်မှာ စကားပြောကြည့်တဲ့အခါမှ တကယ်ကို အေးဆေးတဲ့လူငယ်တစ်ယောက်ဖြစ်တယ်လို့ ပြောပြပါတယ်။

ရိုက်ကူးနေစဉ် မှာ အမှတ်တ ရရယ်လို့ ထွေထွေထူးထူးမရှိခဲ့ပေမယ့် သူနဲ့ရည်းစားဟောင်းဖြစ်သူ နေခြည်ဦးတို့ ပထမဆုံး အနေနဲ့ အတူတကွပါဝင်သရုပ်ရတဲ့ အနုပညာ လှုပ်ရှားမှု တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ပရိသတ်အများစု ဆီကလည်း အပေါင်းလက္ခဏာဆောင်တဲ့ မှတ်ချက်တချို့တွေ့ရပြီး အခုလိုအလုပ်လုပ်ရတာ အဆင်ပြေတဲ့အပြင် ပရိသတ်ကြိုက်ကြတဲ့အနုပညာ လှုပ်ရှားမှုတစ်ခုမှာ ပါဝင်ပတ်သတ်ရတဲ့ အတွက်အောင်ရဲလင်း အနေနဲ့ ဝမ်းသာပီတိဖြစ်မိတယ်လို့ သိရပါတယ်။

ဒီတေး သရုပ်ဖော်ဟာ နေခြည်ဦးနဲ့သူ့ရဲ့ပုံရိပ်ကြောင့် လည်း ဒီလောက်ထိ ပေါက်လိမ့်မယ်လို့ ရိုက်ကူးမှု မစခင်တည်းက မျှော်မှန်း ထားခဲ့တယ်လို့ အောင်ရဲလင်းက ဆိုပါတယ်။ နေခြည်ဦးနဲ့ သူ့ရဲ့ကြားက ဆက်ဆံရေးကိုလည်း အောင်ရဲလင်းက အခုလိုပြောဆိုရှင်းပြပါတယ်။ “သူနဲ့ကတော့ ဒီကြားထဲ မတွေ့ဖြစ်ဖူးဗျ…မတွေ့ဖြစ်ဖူးဆိုတာ ဟိုဟာလေ… ရိုက်တုန်းပဲ တွေ့ဖြစ်လိုက်တာ… တစ်ခေါက်တော့ bar တစ်ခုမှာ တွေ့တယ်ပေါ့နော်…အဲ့တုန်းကတော့ ဒီဟာတွေလည်း မထွက်သေးဘူးလေ… မထွက်သေးဘူးဆိုတော့ သိပ်လည်းမပြောဖြစ်ဘူး

”တေးသရုပ်ဖော် ထဲမှာ ဆိုရင် နေခြည်ဦးရဲ့ အိုက်တင်တွေက တမင်လုပ်ယူထား တာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့သဘာဝကျကျ သရုပ်ဆော င်ချက်တွေများ တယ် လို့ အောင်ရဲလင်းက ပြောပြပါတယ်။ သူတို့နှစ်ယောက်ရဲ့သရုပ်ဆောင်ချက်တွေအပေါ်မှာ ပရိသတ်တွေရဲ့ မှတ်ချက်တွေက အကောင်းဘက်ကိုသွားနေကြတဲ့အတွက်နောက်အတူတွဲလုပ်မယ့်အလုပ်တွေမှာလည်း ဒီထက်ကောင်းအောင်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားဖြစ်တယ်လို့ ဆိုပါတယ်။နေခြည်ဦးရဲ့ နေထိုင်မှုပုံစံဟာဆိုရင် သူနဲ့တွဲနေစဉ်တည်းကနှင့် ပြောင်းလဲခြင်းမရှိပဲ အိုက်တင်တွေကတော့အများကြီးပိုကောင်းလာတယ်လို့ အောင်ရဲလင်းက ဝေဖန်ချီးကျူးခဲ့ပါတယ်။ “ဒီအလုပ်တွေမှာ သူပိုပြီးတော့နားလည်လာတယ်လို့ ကျွန်တော်ခံစားရတယ်… ပိုပြီးတော့လည်း မုဒ်တွေပိုကောင်းလာတယ်လို့လည်း ကျွန်တော်ထင်ပါတယ်… သူက ပါရမီရှိပြီးသားသူတစ်ယောက်
ဖြစ်တဲ့အတွက် နောင်လည်းဒီထက် ပိုကောင်းလာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” သရုပ်ဆောင်နေရတာဖြစ်တဲ့အတွက်

အဲ့ဒီထဲက ဇာတ်ကောင်နေရာမှာ ဝင်ခံစားပြီးတော့ သရုပ်ဆောင်တာဖြစ်ပြီး နေခြည်ဦးနဲ့မှ မဟုတ်ပဲ အခြားဘယ်မင်းသမီးနဲ့မဆို ဒီလိုချစ် ခန်းကြိုက်ခန်းတွေမှာ ဒီလိုပဲ သရုပ်ဆောင်တာဖြစ်တယ်လို့ရှင်းပြပါတယ်။ပရိသတ်ကြီးတို့ရေ တစ်ချိန်က သိပ်ချစ်ရတဲ့ချစ်သူတွေဖြစ်ခဲ့တဲ့ အောင်ရဲလင်းနဲ့ နေခြည်ဦးတို့ဟာဆိုရင် အခုလိုချစ်ခန်းကြိုက်ခန်းကြည်နူးခန်းလေးတွေအပြည့်နဲ့ ထက်ယံရဲ့တေးသရုပ်ဖော်ဗီဒီယိုလေးကို သဘာဝကျကျ သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုလိုမျိုး အောင်ရဲလင်းရဲ့ နေခြည်ဦးအပေါ်ဝေဖန်မှုကို ပရိသတ်ရဲ့အမြင်လေးကိုလည်း ပြောသွားကြပါအုံးနော်။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

Credit:Han Nyein Oo

About the author

Ms Cele

Leave a Comment