Celebrity

ေနျပည္ေတာ္က ဦးေခါင္းေသနတ္က်ည္ဒဏ္ရာနဲ့ အသက္ေပးသြားရတဲ့ ညီမငယ္ေလးအတြက္ ၀မ္းနည္းစြာနဲ႕ ဆုေတာင္းေပးခဲ့တဲ့ သက္မြန္ျမင့္

Written by Ms Cele

ေနျပည္ေတာ္က ဦးေခါင္းေသနတ္က်ည္ဒဏ္ရာနဲ့ အသက္ေပးသြားရတဲ့ ညီမငယ္ေလးအတြက္ ၀မ္းနည္းစြာနဲ႕ ဆုေတာင္းေပးခဲ့တဲ့ သက္မြန္ျမင့္

ဖလမ္းျမိဳ့မွာေမြးဖြားခဲ့တဲ့ ခ်င္းတိုင္းရင္းသူေလး သက္မြန္ျမင့္ ကေတာ့ အကယ္ဒမီဆုေတြ မ်ားစြာကို ရရိွပိုင္ဆိုင္ထားတဲ့ နိုင္ငံေက်ာ္ မင္းသမီး တစ္လက္ပဲ ျဖစ္ပါတယ္။ သက္မြန္ျမင့္ ကေတာ့ (၂၀၂၀) ခုနွစ္ကတည္းက သူမရဲ့က်န္းမာေရး အေျခအေနေတြေၾကာင့္ အနုပညာလႈပ္ရွားမႈေတြကို ရပ္နားထားျပီး လက္ရိွမွာလည္း ျပည္တြင္းနိုင္ငံေရး မတည္ျငိမ္မႈေတြေၾကာင့္ အလုပ္ေတြကို ရပ္နားထားျပီး ျပည္သူေတြနဲ့အတူတူ ျငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေန လ်က္ရိွတာပဲ ျဖစ္ပါတယ္။ သက္မြန္ျမင့္က သူမကိုယ္တိုင္လည္း မဲေပးေရြးခ်ယ္ထားတဲ့ အစိုးရအဖြဲ့ကို ဖမ္းဆီးထားရာကေန အျမန္ဆံုးလႊတ္ေပးဖို့ ေတာင္းဆိုေနတာကိုလည္း ေတြ့ရပါတယ္။

မေန့က ေဖေဖာ္ဝါရီလ (၁၉) ရက္ေန့မွာေတာ့ ေနျပည္ေတာ္ သေျပကုန္ းအဝိုင္းမွာ ျငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ရင္း ေသနတ္က်ည္ဆန္ ထိမွန္သြားခဲ့တဲ့ အသက္ (၁၉) နွစ္အရြယ္ မိန္းကေလး မျမသြဲ့သြဲ့ခိုင္က ကြယ္လြန္သြားခဲ့ျပီ ျဖစ္ပါတယ္။ ထိုမိန္းကေလးနဲ့ ပက္သတ္ျပီး သက္မြန္ျမင့္ကလည္း “အသက္ေပးခဲ့ရၿပီ! 😢😢😢 ညီမေရး ​ေနာင္ဘဝမ်ားက် ဒီလို အျဖစ္ဆိုးနဲ႔ေဝးရာ ဒီလိုႏိုင္ငံထက္ သာလြန္ေအးခ်မ္းတဲ့ေနရာမွာ ျမင့္ျမတ္မႈေတြနဲ႔ ေနရပါေစေနာ္🙏🏻🙏🏻🙏🏻” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ဝမ္းနည္းေၾကာင္းေျပာလာတာပဲ ျဖစ္ပါတယ္။

သက္မြန္ျမင့္ ကေတာ့ ဦးေခါင္းေသနတ္က်ည္ဒဏ္ရာနဲ့ အသက္ေပး က်ဆံုးသြားတဲ့ ေနျပည္ေတာ္က ညီမငယ္ေလး အတြက္ ျပည္သူေတြနဲ့ ထပ္တူ ဝမ္းနည္းေၾကကြဲေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: Thet Mon Myint ‘s fb
Credit:Cele Connections

နေပြည်တော်က ဦးခေါင်းသေနတ်ကျည်ဒဏ်ရာနဲ့ အသက်ပေးသွားရတဲ့ ညီမငယ်လေးအတွက် ဝမ်းနည်းစွာနဲ့ ဆုတောင်းပေးခဲ့တဲ့ သက်မွန်မြင့်

ဖလမ်းမြို့မှာမွေးဖွားခဲ့တဲ့ ချင်းတိုင်းရင်းသူလေး သက်မွန်မြင့် ကတော့ အကယ်ဒမီဆုတွေ များစွာကို ရရှိပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော် မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။ သက်မွန်မြင့် ကတော့ (၂၀၂၀) ခုနှစ်ကတည်းက သူမရဲ့ကျန်းမာရေး အခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး လက်ရှိမှာလည်း ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အလုပ်တွေကို ရပ်နားထားပြီး ပြည်သူတွေနဲ့အတူတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေ လျက်ရှိတာပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်က သူမကိုယ်တိုင်လည်း မဲပေးရွေးချယ်ထားတဲ့ အစိုးရအဖွဲ့ကို ဖမ်းဆီးထားရာကနေ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုနေတာကိုလည်း တွေ့ရပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာတော့ နေပြည်တော် သပြေကုန် းအဝိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရင်း သေနတ်ကျည်ဆန် ထိမှန်သွားခဲ့တဲ့ အသက် (၁၉) နှစ်အရွယ် မိန်းကလေး မမြသွဲ့သွဲ့ခိုင်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ထိုမိန်းကလေးနဲ့ ပက်သတ်ပြီး သက်မွန်မြင့်ကလည်း “အသက်ပေးခဲ့ရပြီ! 😢😢😢 ညီမရေး ​နောင်ဘဝများကျ ဒီလို အဖြစ်ဆိုးနဲ့ဝေးရာ ဒီလိုနိုင်ငံထက် သာလွန်အေးချမ်းတဲ့နေရာမှာ မြင့်မြတ်မှုတွေနဲ့ နေရပါစေနော်🙏🏻🙏🏻🙏🏻” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဝမ်းနည်းကြောင်းပြောလာတာပဲ ဖြစ်ပါတယ်။

သက်မွန်မြင့် ကတော့ ဦးခေါင်းသေနတ်ကျည်ဒဏ်ရာနဲ့ အသက်ပေး ကျဆုံးသွားတဲ့ နေပြည်တော်က ညီမငယ်လေး အတွက် ပြည်သူတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Thet Mon Myint ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment