Celebrity


Written by Ms Cele





Credit: Cele Zone
Photo – Sandy Myint Lwin

နေပြန်ကောင်းလာလို့ ချစ်စရာအမူအရာလေးနဲ့ဆော့ကစားနေတဲ့ သမီးလေးကို ဗီဒီယိုလေးရိုက်ကာ ပြသလာတဲ့ စန္ဒီမြင့်လွင်

ချစ်စရာကောင်းပြီး သာယာပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေ ထဲမှာဆိုရင် စန္ဒီမြင့်လွင် လည်း အပါအဝင်ဖြစ်ပါတယ်နော်။ ခပ်မိုက်မိုက်သီချင်းလေးတွေများစွာနဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ရင်ထဲကို ဝင်ရောက်ထားနိုင်တဲ့ သူမကတော့ ယခုမှာလည်း သီချင်းအသစ်လေးတွေထွက်ရှိဖို့ ကြိုးစားနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

အဆိုလည်းကောင်းသလို သရုပ်ဆောင်ပိုင်း မှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ သူမ ကတော့ ခုချိန်ထိကို ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားဆဲပါပဲနော်။ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိထားသလို ကြင်နာတတ်တဲ့ခင်ပွန်းနဲ့ ချစ်စရာကောင်းလွန်းတဲ့သမီးလေးကိုလည်းပိုင်ဆိုင်ထားလို့ အားလုံးက အားကျနေရတာပါ။

ဒီနေ့မှာစန္ဒီမြင့်လွင်က နေပြန်ကောင်းလာလို ့ဆော့ကစားနေတဲ့ သမီးလေးရဲ့ ဗီဒီယိုလေးကို ဝေမျှလာပါတယ် ။ ထရက်ရှာလေးက သုံးရက်လောက် အစာမကြေဖြစ်ကာ အီနေလို့ စိတ်မကောင်းဖြစ်ခဲ့ရ တယ်လို့လည်း ရေးသားဖော်ပြထားပါသေးတယ် ။ ဗီဒီယိုလေးထဲမှာ ထရက်ရှာလေး တစ်ယောက် အရမ်း ချစ်စရာကောင်းအောင် ဆော့ကစားနေတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit: Cele Zone
Photo – Sandy Myint Lwin

About the author

Ms Cele

Leave a Comment