Celebrity


Written by Ms Cele





Credit

နေ့စဉ်နေ့တိုင်းပြည်သူတွေအတွက် အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်လှူဒါန်းနေတဲ့ ရေဗက္ကာဝင်း

ပရိသတ်ကြီးရေ.. အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးေ တွကြောင့် ပရိသတ်တွေကြား အရမ်းကိုရေပန်းစားအောင်မြင်ခဲ့တဲ့ အဆိုတော်ရေဗက္ကာဝင်း ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူပရိသတ်တွေ နဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။တော်လှန်ရေးတိုက်ပွဲကြီးမှာ လူထုလှုပ်ရှားမှုတွေအပြင် ကျရာ တာဝန်ထမ်းရင်း တတ်နိုင်သလောက် ပါဝင်အားဖြည့်နေကြတဲ့ ပြည်သူတွေ အားလုံးနဲ့အတူ ရေဗက္ကာဝင်းကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အားပါဝင်နေတာပါ..။

နေ့ရက်တိုင်းလိုလို အစားအသောက်တွေ ကိုယ်တိုင်ချက်ပြုတ် လှူဒါန်းနေတဲ့ ရေဗက္ကာဝင်း ကတော့ ဒီကနေ့လေးမှာလည်း ထောပတ်ထမင်းနဲ့ ကြက်သားဟင်းတွေအပြင် မရမ်းသီးငပိချက်တွေကို ကိုယ်တိုင် အပင်းပန်းခံ ချက်ပြုတ်ပြီး ပြည်သူတွေအတွက် လှူဒါန်းခဲ့ပြန်ပါတယ်..။စေတနာရှင် သူငယ်ချင်းတွေနဲ့အတူ စုပေါင်းလှူဒါန်းတဲ့ ၇ ရက်သားသမီး အလှူလေးဖြစ်သလို သူမကိုယ်တိုင်ချက်ပြုတ်တဲ့ ထောပတ်ထမင်းနဲ့ကြက်သားဟင်း အလှူလေးကိုတော့ ရေဗက္ကာဝင်းက ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

“ဒီနေ့ စေတနာရှင် သူငယ်ချင်း ညီအစ်မများပေါင်းပြီး ထောပတ်ထမင်း ကြက်သားဟင်း ဆန် ဆီ ကုလားပဲ ကြက်သွန်နီ ငါးခြောက် ပုန်းရည်ကြီးတို့ကို မျှဝေလှူဒါန်းကြပါတယ်ရှင်..” ဆိုပြီး ချက်ပြုတ်ပြင်ဆင်နေတဲ့ သူမရဲ့ပုံရိပ်လေးကို ဝေမျှထားတာဖြစ်ပါတယ်..။ နေ့စဉ်နေ့တိုင်းအပင်ပန်းခံကာ ချက်ပြုတ်လှူဒါန်းနေတဲ့ ရေဗက္ကာဝင်းရဲ့ ကုသိုလ်အလှူလေး ကိုတော့ ပရိသတ်တွေကချီးကျူးစကားလေးတွေနဲ့အတူ အားပေးနေကြသလို သူမကိုယ်တိုင်ကလည်း ပြည်သူတွေအတွက် တတ်နိုင်သလောက် ပါဝင်နေတာမို့ မမောနိုင်မပန်းနိုင်နဲ့ ပီတိဖြစ်လို့နေတာပါ..။

Photo Credit – Rebecca Win’s Fb Acc
Credit

About the author

Ms Cele

Leave a Comment