Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Baby Maung

နေ့စဉ်နေ့တိုင်း ဆိုင်ရှေ့က ဖြတ်သွားတဲ့ ဆရာလေးတွေ ဦဇင်းတွေကို ကုသိုလ်ပြုရင်းကြည်နူးပီတိဖြစ်နေတဲ့ ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင် ကတော့ ဆယ်စုနှစ်ကျော် တိုင်အောင် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးရင်း ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မိဘအပေါ်လည်း သိတတ်ပြီး မိဘကို ကျွေးမွေးပြုစုနေတဲ့ သမီးလိမ္မာလေးတစ်ယောက် ဖြစ်လို့ ပရိသတ်တွေက အားကျချစ်ခင်နေရတာပါ ။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေ မှာလည်း ပြည်သူတွေနဲ့အတူ တစ်တပ်တစ်အား ပါဝင်နေပြီး မြန်မာပြည်ပြီး အမြန်ဆုံး ငြိမ်းချမ်းအောင် လည်း မြတ်စွာဘုရားရှင်ထံ ဝတ်ပြုပြီးတိုင်း ဆုတောင်းပေးနေတာလည်း ဖြစ်ပါတယ်။ဘုရားတရားလည်းကိုင်းရှိုင်းပြီး အလှူဒါနဆိုလည်း လက်မနှေးတတ်တာကြောင့် ပရိသတ်တွေက လေးစားခဲ့ရသူပါ ။

ဒီရက်ပိုင်းတွေ မှာလည်း ကောင်းမှုကုသိုလ်တွေ တောက်လျှောက် ပြုလုပ်ကာ ခုနှစ်ရက်သားသမီးတွေ အတွက်လည်း ဆုတောင်းပေးခြင်းတွေ ပြုလုပ်လျက် ရှိပါတယ် ။ အခုလည်း သူရဲ့ဆိုင်ရှေ့ကနေ အမြဲဖြတ်သွားတဲ့ ဦးဇင်းတွေ ဆရာလေးတွေကို နေ့စဉ်တိုင်း လှူဒါန်းဒါနပြုရလို့ ကြည်နူး ပီတိဖြစ်မိကြောင်းဖော်ပြလာပါတယ်။ ” နေ့စဉ်လှူဒါန်း ဒါနပြုပါသောကုသိုလ်လေးပါ ဆရာလေး တွေ ဦဇင်းတွေ ဆိုင်ရှေ့ကဖြတ်တိုင်း ကုသိုလ်လေး အမြဲရှိနေပါတယ် ဒါနပြုပေးရတဲ့ပိတီလေး ဘာနဲ့မှနလဲနိုင်ပါ” ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Baby Maung

About the author

Ms Cele

Leave a Comment