Celebrity


Written by Ms Cele





Credit:Cele World

နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ ကျေးဇူးရှင်ပန်းတနော် ဆရာတော်ဘုရားကြီးကို ရည်စူးပြီး တေးထပ်ဖြင့် အသံပူဇော်လှုဒါန်းခဲ့တဲ့ မေခလာ

ဆယ်စုနှစ်တိုင်အောင် ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမှု တွေကို သိမ်းပိုက် ရရှိထားတဲ့ သူကတော့ အမျိုးသမီးတေးသံရှင် မေခလာ ပဲဖြစ်ပါတယ်။ အားလုံးက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ချစ်ငယ်ကတော့ လက်ရှိ အခြေအနေများကြောင့် ပြည်သူတွေနဲ့ တစ်သားတည်း ရှိကာ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေထံကိုလည်း သွားရောက်လှူဒါန်းနေတာကို တွေ့ရပါတယ်။

အလှူအတန်း တွေကို တတ်နိုင် သလောက် ပြုလုပ်နေတဲ့ ချစ်ငယ်က မနေ့က ဆိုရင်လည်း ကဆုန်လပြည့်နေ့ရက်မြတ် ဖြစ်တာကြောင့် ကောင်းမှုကုသိုလ် ပြုလုပ်ရင်း မြန်မာပြည်သူ ပြည်သားတွေ အတွက် မေတ္တာပို့ ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ဒါ့အပြင် ဆရာတော် ဘုရားအတွက်လည်း တေးထပ်ဖြင့် အသံပူဇော်ခဲ့ကြောင်းကို အခုလို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။

“ကဆုန်လပြည့်နေ့ ဗျာဖွားပွင့်စံ ကျေးဇူးရှင်ပန်းတနော် ဆရာတော် ဘုရားကြီးကိုရည်စူးပြီး အရှင်ဣန္နက ဂုဏဝီသိဌပူဇာ အခမ်းနားတွက် ဝတ္ထုငွေ သုံးသိန်းနှင့် အတူ ဆရာတော် ဘုရားအတွက် တေးထပ်ဖြင့် အသံပူဇော် လှုဒါန်းခဲ့ပါတယ် 🙏🙏🙏 ဤကောင်းမှု့ကြောင့် မြန်မာပြည်သူအားလုံး အမြန်ဆုံး စိတ်အေးချမ်းသာရပါစေသား🙏🙏🙏”ဆိုပြီးအလှူပုံရိပ်နဲ့ အတူ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက် တွင် မျှဝေပေးလာတာ ဖြစ်ပါတယ်။သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း သာဓုခေါ်ကာ ဆုတောင်းစကားတွေ ပြောထားကြတာ ပဲဖြစ်ပါတယ်။

Credit:Cele World

About the author

Ms Cele

Leave a Comment