Celebrity

ေန႕ရက္အေတာ္ၾကာစြာ ထမင္းနပ္မွန္ေအာင္မစားရတဲ႕ဒလဖက္အျခမ္းအနီးနားရြာက ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းခဲ့တဲ့ သႏၲာလႈိင္

Written by Ms Cele

ေန႕ရက္အေတာ္ၾကာစြာ ထမင္းနပ္မွန္ေအာင္မစားရတဲ႕ဒလဖက္အျခမ္းအနီးနားရြာက ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းခဲ့တဲ့ သႏၲာလႈိင္

ေအာင္ျမင္မႈေတြ အခိုင္အမာ ရရွိထားတဲ့ သႏၲာလွိုင္ ကေတာ့ မိသားစုလိုက္ လူထု လႈပ္ရွားမႈေတြကို အားႀကိဳး မာန္တတ္ လုပ္ေဆာင္ေနၿပီး ျပည္သူေတြ နဲ႔အတူ ရပ္တည္ကာ အဖက္ဖက္ကေန ပါဝင္အားျဖည့္ေနသူပဲ ျဖစ္ပါတယ္..။ တတ္နိုင္တဲ့ဘက္ကေန လႉဒါန္းမႈေတြကိုလည္း လုပ္ေဆာင္ေနတဲ့ သူမ ကေတာ့ လက္ရွိ အေျခအေနေ တြေၾကာင့္ စားဝတ္ေနေရး ခက္ခဲပင္ပန္းေနၾကတဲ့ ျပည္သူေတြအတြက္ စားနပ္ရိကၡာေတြ ေပးေဝလႉဒါန္းခဲ့တာလည္း ေတြ႕ရပါတယ္..။ ဒုတိယအႀကိမ္ လႉဒါန္းမႈျဖစ္တဲ့ အဆိုပါအလႉ ကိုေတာ့ အခက္အခဲေတြနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ေနၾကရၿပီး တကယ္လိုအပ္ေနတဲ့ ဒလဖက္အျခမ္းအနီးနားရြာက ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြ ေပးေဝ လႉဒါန္းခဲ့ တာပဲ ျဖစ္ပါတယ္..။

ထမင္းမစားရတာရက္ အေတာ္ၾကာတဲ့ အထိ စားဝတ္ေနေရး ခက္ခဲေနၾကရလို႔ ယူလာတဲ့ အထုတ္ေတြေတာင္ မေလာက္ငွခဲ့ဘဲ ကေလးသူငယ္နဲ႔ မိသားစုဝင္မ်ားေနတဲ့အိမ္ေတြ၊ အဖိုးအဖြားအိမ္ေတြကို ဦးစားေပးလႉျဖစ္ခဲ့ၿပီး အားတင္းထားဖို႔ေျပာရင္း ထပ္မံလႉဒါန္းဦးမယ့္ အေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္..။ “T Fitness မိသားစုဝင္မ်ား ကိုယ္စား အားလုံး ဝိုင္းဝန္းကူညီမႈနဲ႔ ဒုတိယအႀကိမ္ အကူအညီလိုသူမ်ားထံ ပံ့ပိုးမႈေလး ေအာင္ျမင္ခဲ့ပါတယ္။ ဒီတခါေတာ့ ဒလဖက္အျခမ္းနဲ႔ အနီးနားက ရြာေတြက တကယ္အကူအညီလိုအပ္ေနတဲ့ ေနရာေတြကို ေမးျမန္းၿပီး ပံ့ပိုးနိုင္ ခဲ့ပါတယ္။ ထမင္းမစားရတာ ရက္အေတာ္ၾကာတဲ့အထိ ဒုကၡေရာက္ေနၾကတယ္လို႔ သိရၿပီး ယူလာတဲ့ အထုတ္ေတြေတာင္ မေလာက္ခဲ့လို႔ ကေလးသူငယ္နဲ႔ မိသားစုဝင္မ်ားေနတဲ့အိမ္ေတြ၊ အဖိုးအဖြား အိမ္ေတြကို ဦးစားေပး ခဲ့ပါတယ္။

အကူအညီ လိုအပ္ေနသူေတြကို အားတင္းထားၾကဖို႔ အားေပးရင္း မၾကာခင္ ထပ္မံ ပံ့ပိုးနိုင္ ဖို႔လည္း ကတိျပဳခဲ့ပါတယ္။ T Fitness မိသားစုဝင္မ်ားနဲ႔အတူ ပါဝင္လႉဒါန္းခဲ့ၾကတဲ့၊ လုပ္အားျဖည့္ ကူညီခဲ့ၾကတဲ့ ဗိုလ္ရာညြန႔္ မိသားစုမ်ားႏွင့္ ေယာမင္းႀကီး လူငယ္မ်ား၊ ပါဝင္ ကူညီၾကသူမ်ား အားလုံး အတြက္လည္း ဂုဏ္ယူပါတယ္။ ကၽြန္မတို႔ ျပည္သူေတြရဲ့ အေျခခံ Basic Human Rights ျဖစ္တဲ့ က်န္းမာေရး Health & Fitness ကိုလည္း လက္လွမ္းမွီ ရယူနိုင္ဖို႔ T Fitness Application ကို အခမဲ့ အသုံးျပဳရန္ code နံပတ္ေလးနဲ႔ အခ်ိန္အကန ႔္အသတ္မရွိ ဖြင့္ေပးထားပါတယ္ေနာ္၊ အေရးေတာ္ပုံ ေအာင္ရမည္ !. .” ဆိုၿပီး အလႉနဲ႔ ပတ္သက္ၿပီး သႏၲာလွိုင္က သူမရဲ့ေဖ့စ္ဘြတ္ စာမ်က္ႏွာကေန အသိေပးေျပာျပထား တာပါ..။

Photo Credit – Thandar Hlaing သႏၲာလွိုင္ Fb Acc
Credit

နေ့ရက်အတော်ကြာစွာ ထမင်းနပ်မှန်အောင်မစားရတဲ့ဒလဖက်အခြမ်းအနီးနားရွာက ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းခဲ့တဲ့ သန္တာလှိုင်

အောင်မြင်မှုတွေ အခိုင်အမာ ရရှိထားတဲ့ သန္တာလှိုင် ကတော့ မိသားစုလိုက် လူထု လှုပ်ရှားမှုတွေကို အားကြိုး မာန်တတ် လုပ်ဆောင်နေပြီး ပြည်သူတွေ နဲ့အတူ ရပ်တည်ကာ အဖက်ဖက်ကနေ ပါဝင်အားဖြည့်နေသူပဲ ဖြစ်ပါတယ်..။ တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်နေတဲ့ သူမ ကတော့ လက်ရှိ အခြေအနေေ တွကြောင့် စားဝတ်နေရေး ခက်ခဲပင်ပန်းနေကြတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ပေးဝေလှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်..။ ဒုတိယအကြိမ် လှူဒါန်းမှုဖြစ်တဲ့ အဆိုပါအလှူ ကိုတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပြီး တကယ်လိုအပ်နေတဲ့ ဒလဖက်အခြမ်းအနီးနားရွာက ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေ လှူဒါန်းခဲ့ တာပဲ ဖြစ်ပါတယ်..။

ထမင်းမစားရတာရက် အတော်ကြာတဲ့ အထိ စားဝတ်နေရေး ခက်ခဲနေကြရလို့ ယူလာတဲ့ အထုတ်တွေတောင် မလောက်ငှခဲ့ဘဲ ကလေးသူငယ်နဲ့ မိသားစုဝင်များနေတဲ့အိမ်တွေ၊ အဖိုးအဖွားအိမ်တွေကို ဦးစားပေးလှူဖြစ်ခဲ့ပြီး အားတင်းထားဖို့ပြောရင်း ထပ်မံလှူဒါန်းဦးမယ့် အကြောင်းကိုလည်း ပြောပြထားပါသေးတယ်..။ “T Fitness မိသားစုဝင်များ ကိုယ်စား အားလုံး ဝိုင်းဝန်းကူညီမှုနဲ့ ဒုတိယအကြိမ် အကူအညီလိုသူများထံ ပံ့ပိုးမှုလေး အောင်မြင်ခဲ့ပါတယ်။ ဒီတခါတော့ ဒလဖက်အခြမ်းနဲ့ အနီးနားက ရွာတွေက တကယ်အကူအညီလိုအပ်နေတဲ့ နေရာတွေကို မေးမြန်းပြီး ပံ့ပိုးနိုင် ခဲ့ပါတယ်။ ထမင်းမစားရတာ ရက်အတော်ကြာတဲ့အထိ ဒုက္ခရောက်နေကြတယ်လို့ သိရပြီး ယူလာတဲ့ အထုတ်တွေတောင် မလောက်ခဲ့လို့ ကလေးသူငယ်နဲ့ မိသားစုဝင်များနေတဲ့အိမ်တွေ၊ အဖိုးအဖွား အိမ်တွေကို ဦးစားပေး ခဲ့ပါတယ်။

အကူအညီ လိုအပ်နေသူတွေကို အားတင်းထားကြဖို့ အားပေးရင်း မကြာခင် ထပ်မံ ပံ့ပိုးနိုင် ဖို့လည်း ကတိပြုခဲ့ပါတယ်။ T Fitness မိသားစုဝင်များနဲ့အတူ ပါဝင်လှူဒါန်းခဲ့ကြတဲ့၊ လုပ်အားဖြည့် ကူညီခဲ့ကြတဲ့ ဗိုလ်ရာညွန့် မိသားစုများနှင့် ယောမင်းကြီး လူငယ်များ၊ ပါဝင် ကူညီကြသူများ အားလုံး အတွက်လည်း ဂုဏ်ယူပါတယ်။ ကျွန်မတို့ ပြည်သူတွေရဲ့ အခြေခံ Basic Human Rights ဖြစ်တဲ့ ကျန်းမာရေး Health & Fitness ကိုလည်း လက်လှမ်းမှီ ရယူနိုင်ဖို့ T Fitness Application ကို အခမဲ့ အသုံးပြုရန် code နံပတ်လေးနဲ့ အချိန်အကန ့်အသတ်မရှိ ဖွင့်ပေးထားပါတယ်နော်၊ အရေးတော်ပုံ အောင်ရမည် !. .” ဆိုပြီး အလှူနဲ့ ပတ်သက်ပြီး သန္တာလှိုင်က သူမရဲ့ဖေ့စ်ဘွတ် စာမျက်နှာကနေ အသိပေးပြောပြထား တာပါ..။

Photo Credit – Thandar Hlaing သန္တာလှိုင် Fb Acc
Credit

About the author

Ms Cele

Leave a Comment