Celebrity


Written by Ms Cele






ပေါ့ပါး နေတဲ့ အစိမ်းရောင် ဂါဝန် လေး ကို ဝတ်ဆင် ပြီး ရင်ခုန်စရာ ပင်ကိုယ် အလှ တရားတွေကို ပေါ်လွင်ကာ လှချင်တိုင်း လှနေတဲ့ အိချော ပို

ပရိသတ်ကြီးရေ ဆွဲဆောင်မှု ရှိပြီး အချိုးအစား ပြေပြစ်တဲ့ အမိုက်စားကိုယ်လုံး လေးကို ပိုင်ဆိုင်ထားကာ ယောကျာ်း ပရိသတ်တွေရဲ့ အသည်းတွေကို လှုပ်ခါနိုင်ခဲ့တဲ့ သူကတော့ မင်းသမီးချောလေး အိချောပိုပဲဖြစ်ပါတယ်။ အိချောပိုက အနုပညာ နယ်ပယ်မှာ အောင်မြင်ကျော်ကြားနေတဲ့ ထိပ်တန်းမင်းသမီး တွေထဲမှာ တစ်ယောက် အပါအဝင်ပဲဖြစ် ပါတယ်။ လက်ရှိ မှာတော့ သူမဟာ အနုပညာအလုပ်တွေ အနေနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီး တွေကို ဆက်တိုက် ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

အိချောပို ဟာ ဝတ်စားဆင်ယဉ်မှု မှာလည်း အချိုး စားပြေပြစ်တဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင် ထားကြောင့် ဘယ်လိုဖက်ရှင် တွေပဲဖြစ်ဖြစ် စမတ်ကျကျ ဝတ်ဆင် တတ်တဲ့ သူလေးပဲဖြစ်ပါတယ်။ မကြာခဏ ဆိုသလို ပရိသတ်တွေကြွေလောက်တဲ့ အလန်းစား ပုံလေးတွေကို ဖော်ပြပေးတဲ့ အိချောပိုက ယခုမှာလည်း ဆွဲဆောင် မှုရှိတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ ပါတယ်။ ဒီပုံလေးတွေ ထဲမှာတော့ အိချောပိုက မျက်နှာလေးမှာ ဘာမှမလိမ်းခြယ်ပဲ သဘာဝအတိုင်းလှ ရက်လွန်းနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် ပါးလွှာနေတဲ့ အစိမ်းရောင်ဂါဝန်လေး ကို ဝတ်ဆင်ထား ရာမှာလည်း ငေးမောစရာကောင်း တဲ့ ပင်ကိုယ်အလှတရား တွေကို ပိုမိုပေါ်လွင်နေတာ တွေ့ရပါတယ်။ ပရိသတ် တွေလည်း အချစ်တော်လေး အိချောပိုရဲ့ ဆွဲဆောင်မှုတွေပြည့်နေတဲ့ ဒီပုံလေးတွေကို သဘောကျမယ် လို့မျှော်လင့်မိပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ရင်ခုန်စရာ ကောင်းနေတဲ့ အိချောပို ရဲ့ အလန်းစားပုံလေးတွေကို ကြည့်ရှု့လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source – Ei Chaw Po fb account

About the author

Ms Cele

Leave a Comment