Celebrity


Written by Ms Cele






ဖောင်ကြီးကပြန်လာပြီး မိခင်ကို အဝေးကနေ နှုတ်ဆက်သွားတဲ့ မောင်ရဲ့အကြောင်းကို ပြောပြလာတဲ့ နန္ဒာလှိုင်

သရုပ်ဆောင် နန္ဒာလှိုင် ကတော့ အိမ်ထောင်ကျပြီး နောက်ပိုင်း အနုပညာလောကနဲ့ လုံးဝ အဆက်အသွယ် ပြတ်တောက်သွား ခဲ့တာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်က အရင်လို ရုပ်ရှင် ဇာတ်ကားတွေ မရိုက်ကူးဖြစ်ပေမယ့် ပရိသတ်တွေကတော့ သူမရဲ့ လှုပ်ရှားမှု တိုင်းကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်အားပေးနေကြဆဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ မောင် အရင်းလေးဖြစ်သူ သရုပ်ဆောင် မောင်ကလည်း အရင်လို အနုပညာ လှုပ်ရှားမှုတွေ မလုပ်ကိုင်တော့ပေမယ့် ဆရာဝန် တစ်ယောက်အဖြစ် လူချစ်လူခင်ပေါများနေဆဲ ဖြစ်ပါတယ်။

မောင်ကတော့ သူကျွမ်းကျင် တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ဖောင်ကြီး ကိုဗစ်စင်တာမှာ စေတနာ့ဝန်ထမ်း ဆရာဝန်အဖြစ် တစ်လတာ တာဝန် ထမ်းဆောင်ခဲ့ပြီး ဒီနေ့မှာတော့ တာဝန်တွေပြီးဆုံးလို့ ပြန်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ မောင့်ရဲ့အစ်မဖြစ်သူ နန္ဒာလှိုင် ကလည်း ပြန်ရောက်ရောက်ချင်းမှာပဲ မိခင်ကြီးဆီလာ ရောက်နှုတ်ဆက်တဲ့ မောင့်အကြောင်းကို “စိန်စိန်ပြန်လာပါပြီ။ မေမေ့ကို လာနှုတ်ဆက်ပြီး သူ့အခန်းမှာနှစ်ပတ်နေရပါမယ်။ ပြီးမှအိမ်ပြန်လာပါမယ်။ Congratulations! ဒေါက်စိန်” ဆိုပြီး ပြောပြလာပါတယ်။

နန္ဒာလှိုင်ကတော့ ပြည်သူတွေအကျိုးအတွက် တစ်ဖက်တစ်လမ်း ကနေ တာဝန်တွေ ထမ်းဆောင်ကူညီပေးခဲ့တဲ့ မောင့်အတွက် ဝမ်းသာဂုဏ်ယူနေတာပဲ ဖြစ်ပါတယ်။ မောင်တစ်ယောက် ဒီထက်မက အများအကျိုးကို ငယ်ပိုးဆောင်ရွက်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment