Celebrity

ေဖာင္ႀကီးမွာ ေဆးကုသ ေပးခဲ့တဲ့ ကိုဗစ္ လူနာရဲ့ မိသားစုဝင္ဆီက စာေလး တစ္ေစာင္ကို လက္ခံ ရရိွခဲ့တဲ့ ေမာင္

Written by Ms Cele

ေဖာင္ႀကီးမွာ ေဆးကုသ ေပးခဲ့တဲ့ ကိုဗစ္ လူနာရဲ့ မိသားစုဝင္ဆီက စာေလး တစ္ေစာင္ကို လက္ခံ ရရိွခဲ့တဲ့ ေမာင္

သရုပ္ေဆာင္ တစ္ေယာက္လည္း ျဖစ္သလို ဆရာဝန္ တစ္ေယာက္လည္းျဖစ္တဲ့ ေမာင္ကေတာ့ အနုပညာ အလုပ္ေတြကုိ လံုးဝရပ္နား လုိက္ခ်ိန္မွာ တရားဝင္ေဆးကုသခြင့္ လိုင္စင္ ကိုင္ေဆာင္ျပီး ဆရာဝန္တစ္ေယာက္ အျဖစ္ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ ေမာင္က ျပီးခဲ့တဲ့ လပိုင္းက ေဖာင္ၾကီး ကိုဗစ္စင္တာမွာ ကိုဗစ္လူနာမ်ားကို အနီးကပ္ကုသေပးရင္း ေစတနာ့ဝန္ထမ္း ဆရာဝန္ အျဖစ္ (၁) လတိတိ တာဝန္ထမ္းေဆာင္ ခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေမာင္က သူ့ရဲ့ တာဝန္ခ်ိန္ေတြ ၿပီးဆံုးလို့ ေနအိမ္ကို က်န္းက်န္းမာမာနဲ့ ျပန္ေရာက္ လာခဲ့ျပီပဲ ျဖစ္ပါတယ္။

ကိုယ္တိုင္လည္း Covid-19 ေရာဂါပိုး ကူးစက္ခံ ခဲ့ဖူးတဲ့ ေမာင္က ေဖာင္ၾကီးမွာ တာဝန္က်ခ်ိန္ မွာေတာ့ လူနာေတြကို ေသြးသားရင္း မိသားစုဝင္လို ဂရုတစိုက္နဲ့ ကုသမႈေပး ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန့ မွာေတာ့ ေမာင္က သူကိုယ္တိုင္ ေဆးကုသေပး ခဲ့တဲ့ လူနာနဲ့ သားျဖစ္သူဆီကေန ေက်းဇူးတင္ စာေလးတစ္ေစာင္ကို လက္ခံရရိွခဲ့ျပီး “ဒီလို Message ေတြဖတ္ရတဲ့အခ်ိန္မွာ သြားရက်ိဳးနပ္ပါတယ္။ ေနာက္တစ္ခါေတာင္ ျပန္သြားကူခ်င္တယ္ 😅” ဆိုျပီး သူကိုယ္တိုင္လည္း ဝမ္းသာပီတိျဖစ္ေနၾကေၾကာင္း ေျပာလာပါတယ္။

ေမာင့္လိုပဲ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ က်န္းမာေရး ဝန္ထမ္းေတြနဲ့ ပရဟိတဝန္ထမ္းေတြ ကေတာ့ ကိုဗစ္ေရာဂါၾကီးကို တက္ညီ လက္ညီ တြန္းလွန္ ေနၾကျပီး လူနာေတြ ေနေကာင္း သက္သာသြားခ်ိန္မွာေတာ့ ပီတိျဖစ္ ဝမ္းသာေနၾကတာပဲ ျဖစ္ပါတယ္။ ေမာင္လည္း ဒီထက္မက အမ်ား အက်ိဳးကို သယ္ပုိးနိုင္သူတစ္ေယာက္ျဖစ္လာပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ဖောင်ကြီးမှာ ဆေးကုသ ပေးခဲ့တဲ့ ကိုဗစ် လူနာရဲ့ မိသားစုဝင်ဆီက စာလေး တစ်စောင်ကို လက်ခံ ရရှိခဲ့တဲ့ မောင်

သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်သလို ဆရာဝန် တစ်ယောက်လည်းဖြစ်တဲ့ မောင်ကတော့ အနုပညာ အလုပ်တွေကို လုံးဝရပ်နား လိုက်ချိန်မှာ တရားဝင်ဆေးကုသခွင့် လိုင်စင် ကိုင်ဆောင်ပြီး ဆရာဝန်တစ်ယောက် အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ မောင်က ပြီးခဲ့တဲ့ လပိုင်းက ဖောင်ကြီး ကိုဗစ်စင်တာမှာ ကိုဗစ်လူနာများကို အနီးကပ်ကုသပေးရင်း စေတနာ့ဝန်ထမ်း ဆရာဝန် အဖြစ် (၁) လတိတိ တာဝန်ထမ်းဆောင် ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မောင်က သူ့ရဲ့ တာဝန်ချိန်တွေ ပြီးဆုံးလို့ နေအိမ်ကို ကျန်းကျန်းမာမာနဲ့ ပြန်ရောက် လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ကိုယ်တိုင်လည်း Covid-19 ရောဂါပိုး ကူးစက်ခံ ခဲ့ဖူးတဲ့ မောင်က ဖောင်ကြီးမှာ တာဝန်ကျချိန် မှာတော့ လူနာတွေကို သွေးသားရင်း မိသားစုဝင်လို ဂရုတစိုက်နဲ့ ကုသမှုပေး ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ မောင်က သူကိုယ်တိုင် ဆေးကုသပေး ခဲ့တဲ့ လူနာနဲ့ သားဖြစ်သူဆီကနေ ကျေးဇူးတင် စာလေးတစ်စောင်ကို လက်ခံရရှိခဲ့ပြီး “ဒီလို Message တွေဖတ်ရတဲ့အချိန်မှာ သွားရကျိုးနပ်ပါတယ်။ နောက်တစ်ခါတောင် ပြန်သွားကူချင်တယ် 😅” ဆိုပြီး သူကိုယ်တိုင်လည်း ဝမ်းသာပီတိဖြစ်နေကြကြောင်း ပြောလာပါတယ်။

မောင့်လိုပဲ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပရဟိတဝန်ထမ်းတွေ ကတော့ ကိုဗစ်ရောဂါကြီးကို တက်ညီ လက်ညီ တွန်းလှန် နေကြပြီး လူနာတွေ နေကောင်း သက်သာသွားချိန်မှာတော့ ပီတိဖြစ် ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။ မောင်လည်း ဒီထက်မက အများ အကျိုးကို သယ်ပိုးနိုင်သူတစ်ယောက်ဖြစ်လာပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment