Celebrity


Written by Ms Cele






ဖေ့စ်ဘုတ်မှာ ပထမဦးဆုံး အကြိမ် ပရိသတ်တွေနဲ့ Live လွှင့်စကား ပြောရင်း ညီမဖြစ်သူ စွဲညှို့ရှင်ကိုပါ ပွဲထုတ် လာတဲ့ ဟိန်းဝေယံ

တည်ကြည် ခန့်ညားတဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေး တွေ သည်းသည်းလှုပ် အားပေးခဲ့ကြရတဲ့ မင်းသားချောလေး ဟိန်းဝေယံ ကတော့ ဒီနေ့ထိတိုင် အောင်မြင်မှုတွေ များစွာ ရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ ယောက်ျားလေး ပေမယ့် ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့ မင်းသားချောလေး ဟိန်းဝေယံ ကတော့ လူငယ်တစ်ယောက် ဆိုပေမယ့် အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တည်ငြိမ်လွန်းသူ တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ယောကျာ်းလေး တစ်ယောက်ဖြစ်သင့်တဲ့ အတိုင်း တည်တည်ကြည်ကြည်ရှိတဲ့ ဟိန်းဝေယံကို သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုသာမက အပြင်က နေထိုင်မှုပုံစံကိုပါ စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဟိန်းဝေယံက သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေ အတွက် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှကနေ ပထမဦးဆုံး အကြိမ် Live လွှင့်ပြီး စကားပြောလာခဲ့ပါတယ်။ ဟိန်းဝေယံက သူနဲ့အတူတူ ညီမလေး စွဲညှို့ရှင်ကိုလည်း ပွဲထုတ်ထားပြီး လွမ်းနေကြတဲ့ ပရိသတ်တွေကို Live ကနေ တဆင့် မိသားစုတွေ စကားပြောသလို တရင်းတနှီးစကားပြောခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဟိန်းဝေယံကတော့ အခုဆိုရင် အသက် (၃၀) ကျော်ရှိနေပြီဆိုပေမယ့် အိမ်ထောင် မပြုသေးပဲ တစ်ကိုယ်တည်းလူပျိုကြီးအဖြစ် အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင် နေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟိန်းဝေယံနဲ့အတူတူ ဟိန်းဝေယံရဲ့ ညီမလေး စွဲညှို့ရှင် ကိုလည်း ချစ်ခင်အားပေးကြဖို့ တောင်းဆို ပါရစေနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment