Celebrity


Written by Ms Cele





Credit:Cele World

ဖွေးဖွေးနဲ့အတူ ရှိခဲ့ဖူးတဲ့အမှတ်တရလေးကို ပြသရင်း သူ့ရဲ့ခံစားချက်လေးတစ်ခုကို ရေးသားလာတဲ့ သရုပ်ဆောင်ဖြိုးရာဇာနိုင်

MRTV_4 ရဲ့ မင်းသားလေးဖြစ်တဲ့ ဖြိုးရာဇာနိုင် ကတော့ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထား သူလေးဖြစ်ပါတယ်။ ခုတစ်လောက MRTV_4 မှာပြန်လည်ပြသနေတဲ့ ပျားရည်အိုင်ဇာတ်လမ်းတွဲ ထဲမှာလည်း အိုင်ရင်းရဲ့ ခင်ပွန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဖြိုးရာဇာနိုင်ကတော့ အနုပညာမောင်နှမတွေနဲ့လည်း ပျော်ပျော်ရွင်ရွင်နေ တတ်သူဖြစ်ပြီး အတူတွေ့လိုက်တိုင်းလည်း Tiktok တွေဆော့ရင်း ပျော်ရွင်နေတတ်သူ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ဆော့ ထားတဲ့ Tiktok လေးတွေကြောင့်လည်း ပရိသတ်နဲ့အမြဲအဆက်အသွယ် မပြတ်ရှိနေသူ ဖြစ်ပါတယ်နော်. ဖြိုးရာဇာနိုင်က အနုပညာစီနီယာအစ်မလည်း ဖြစ်တဲ့ ဖွေးဖွေးနဲ့လည်း ခင်မင်သူဖြစ်ပါတယ်နော်.. မင်းသမီးလေး ဖွေးဖွေးကတော့ ထွက်ပြေးတိမ်းရှောင်နေရလို့ မိသားစုတွေအပြင် ပရိသတ်တွေကလည်း အရမ်းကိုလွမ်းနေကြပြီပဲ ဖြစ်ပါတယ်နော်..

ဒီနေ့မှာ‌တော့ ဖြိုးရာဇာနိုင်က ဖွေးဖွေးနဲ့အတူရှိ ခဲ့တဲ့ ပုံလေးတစ်ပုံကို Myday မှာတင်လာ ခဲ့တာ ဖြစ်ပါတယ်။ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ မွေးနေ့ပွဲတုန်းက ပုံလေးကိုတင်လာပြီး Miss ဆိုတဲ့စာသားလေးနဲ့အတူ လွမ်းနေတာ ဖြစ်ပါတယ်နော်..ပရိသတ်ကြီးလည်း ဖွေးဖွေးနဲ့ ဖြိုးရာဇာနိုင်တို့ရဲ့ ပုံလေးကို ကြည့်ပြီးချစ်ပေးကြပါအုံးနော်…

Source: Phyoyarzar Naing
Credit:Cele World

About the author

Ms Cele

Leave a Comment