Celebrity


Written by Ms Cele





Credit:Swelsone News

ဗေလုဝ ကွယ်လွန်သွားသည် ဆိုတဲ့ သတင်းအမှားကို တင်ခဲ့မိလို့ ပရိသတ် ကို တောင်းပန် လိုက်တဲ့ လွင်မိုး

မင်းသားကြီး လွင်မိုး ကတော့ ပရိသတ်တွေ အားလုံးရဲ့အားပေး ဝန်းရံမှုကို တစ်ခေတ်တစ်ခါကတည်း ကရရှိခဲ့တဲ့ ပြည်သူချစ် အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ် ။ လွင်မိုးက ထူးချွန်ပြောင် မြောက်တဲ့ အနုပညာ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်လို့ သူ့ကို အနုပညာရှင် အချင်းချင်းကပါ လေးစားချစ်ခင် နေရတာ ဖြစ်ပါတယ် ။ လက်ရှိအချိန် မှာတော့ လွင်မိုးက အနုပညာ အလုပ်တွေကို ရပ်နားထားခဲ့တာ အချိန်အတော်ကြာအောင် ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ် ။

ဒီနေ့မှာတော့ လွင်မိုးက ဦးဗေလုဝသေပြီ ဆိုတဲ့ သတင်းကိုတင်ခဲ့ တာပဲဖြစ်ပါတယ်။ ဦးဗေလုဝသေပြီဆိုတဲ့ သတင်းဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့သွားခဲ့ တာပဲဖြစ်ပါတယ်။ လွင်မိုးက ဦးဗေလုဝ ကွယ်လွန်တာမဟုတ်ကြောင်း သတင်းမှားယွင်းတာ သာဖြစ်ကြောင်း ပရိသတ်ကို တောင်းပန်လာခဲ့ပါတယ်။ ဦးဗေလုဝ ကတော့ ကျန်းမာစွာ ရှိနေသေးတာပဲဖြစ်ပါတယ်။

စွယ်စုံမှလဲ ဦးလွင်မိုးတင်ခဲ့သော သတင်းကြောင့် ဦးဗေလုဝကွယ်လွန်ဆိုတဲ့ သတင်းကို တင်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းဟာ မှားယွင်းနေတဲ့ သတင်းဖြစ်ခဲ့တာကြောင့် ဦးဗေကိုရော ပရိသတ်ကြီးကိုရော တောင်းပန်အပ် ပါတယ်။ ဦးဗေတစ်ယောက် ကျန်းမာပျော်ရွှင် ပါစေလို့ ဆုတောင်းပေး ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment