Celebrity


Written by Ms Cele





Credit:Swelsone News

ဘေးနားကမင်းသား မြင့်မြတ်ကိုတောင် မေ့နေတဲ့ အထိ ရိုက်ကွင်းပေါ်မှာ မျက်နှာပြောင် နေတဲ့ ချစ်စဖွယ် ခေးဆက်သွင်ရဲ့ဗီဒီယို

နာမည်လေးနဲ့ လိုက်အောင် ချစ်စရာကောင်း လွန်းတဲ့ မင်းသမီးချောလေး ခေးဆက်သွင် ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ် တွေရဲ့ အားပေးမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ခေးဆက်သွင် ကတော့ ဇာတ်လမ်းတွဲတွေမှာ ကာရိုက်တာ မျိုးစုံကနေ သရုပ်ဆောင်နေတယ် ဆိုပေမယ့် သူမရဲ့ အပြင်ကပုံစံလေး ကတော့ အပူအပင်ကင်းပြီး ပျော်ပျော်နေ တတ်တဲ့ ပုံစံလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ချစ်စရာကောင်းပြီး ဟန်ဆောင်မှုကင်းတဲ့ ခေးဆက်သွင်ကို သူမရိုက်ကူးတဲ့ ဇာတ်ကားတွေ သာမကပဲ လက်တွေ့ဘဝက သူမရဲ့ နေထိုင်မှုပုံစံ ကိုပါ စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇာတ်လမ်း တွဲရိုက်ကူး ခြင်းတွေ ရပ်နားထားတဲ့ ခေးဆက်သွင်ကတော့ ကြော်ငြာတွေ ကိုသာ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီး အနုပညာ လှုပ်ရှားမှုတွေများစွာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခေးဆက်သွင် က သူမရဲ့ ကြော်ငြာရိုက်ကွင်းပေါ်မှာ ဘေးနားက မင်းသားတွေဖြစ်တဲ့ မြင့်မြတ်နဲ့ K ညီတို့ကိုတောင် ဂရုမစိုက်နိုင်ပဲ မျက်နှာပြောင် နေပုံလေးကို အခုလိုမျိုးပဲ ချစ်စဖွယ် တွေ့ရပါတယ်။

ခေးဆက်သွင် ကတော့ မင်းသမီး ဆိုပေမယ့် လုံးဝကို ဟန်ဆောင်မှုမရှိပဲ ပေါ့ပေါ့ပါးပါးလေး နေတာ အရမ်းချစ်စရာကောင်း တာပဲနော်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးကို သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment