Celebrity

ေမတိုးခိုင္ ကို ကိုယ္တိုင္ ကင္မရာရိုက္ၿပီး အားျဖည့္ေပး ခဲ့တဲ့ အိျႏၵာေက်ာ္ဇင္ ရဲ့ ဗီဒီယို လက္ရာေလး

Written by Ms Cele

ေမတိုးခိုင္ ကို ကိုယ္တိုင္ ကင္မရာရိုက္ၿပီး အားျဖည့္ေပး ခဲ့တဲ့ အိျႏၵာေက်ာ္ဇင္ ရဲ့ ဗီဒီယို လက္ရာေလး

အိျႏၵာေက်ာ္ဇင္ ကေတာ့ ျမန္မာနိုင္ငံ ရဲ့ထိပ္တန္း မင္းသမီးျဖစ္သလို ပရိသတ္ေတြရဲ့အခ်စ္ ေတြလည္း မ်ားစြာ ရရွိထား တာပါ။ အူဝဲလို႔လည္း ခ်စ္စနိုးေခၚၾကတဲ့ အိျႏၵာေက်ာ္ဇင္ကေတာ့ အကယ္ဒမီ ဆု(၂)ဆုရရွိထားသလို အႏုပညာ သက္တမ္းကလည မနည္းလွပါဘူး။ သူတတ္စြမ္းတဲ့ အႏုပညာနဲ႔ တူမျဖစ္သူေမတိုးခိုင္ ကို ကင္မရာကိုင္ ကာ ဗီဒီယိုရိုက္ကူး ေပးခဲ့တာပါ။

အဲ့ဒီအေၾကာင္း ကိုလည္း သူ႔ရဲ့ေဖ့ဘြတ္ခ္မွာ “အိမ္မွာ ကိုယ့္ အိမ္သား ေတြနဲ႔ပဲ အေပ်ာ္ရႈတင္ေလး တစ္ခုရိုက္ထားတာေလးရဲ့ bts ေလးေပါ့ေနာ္… ကိုယ္တိုင္ art director လုပ္, ကင္မရာကိုင္(ကင္မရာအႀကီးႀကီး),edit လုပ္ၿပီး ဖူးဖူးကို cover song ေလး ရိုက္ေပးထားတာပါ… အဲ့ဒါေလးၾကည့္ ခ်င္ရင္ေတာ့ May Toe Khine – ေမတိုးခိုင္ page မွာတင္ထားပါတယ္, မၾကည့္ရ ေသးရင္ သြားဝင္ၾကည့္လိုက္ေနာ္….တူမအႀကီးဆုံးက modelလုပ္,တူမအငယ္ေလးက photoရိုက္တဲ့ အပိုင္း တာဝန္ယူ,အိုင္က video ရိုက္တဲ့အပိုင္းတာဝန္ယူ, အိမ္က တပည့္ေက်ာ္ေတြက ဆက္တင္ မီးထိုးမွန္ထိုး တာဝန္ယူအိမ္မွာရွိတဲ့လူနဲ႔ အလုပ္ေတာ့ျဖစ္ေနခ်လိုက္တယ္ကြယ္ ဘာရယ္မဟုတ္ အေပ်ာ္သေဘာေလး ပါပဲ”ဆိုၿပီးေတာ့ ေရးသားေဖာ္ျပလာတာပါ။

အူဝဲကေတာ့ အေပ်ာ္သေဘာ ရိုက္ကူးခဲ့တယ္ ဆိုေပမယ့္ ပရိသတ္ေတြႀကိဳက္ႏွစ္သက္တဲ့ Cover Song ေလးျဖစ္ခဲ့ပါတယ္။ ေမတိုးခိုင္ ကေတာ့ တက္သစ္စေတြထဲမွာ ပရိသတ္ခ်စ္ခင္အားေပးမႈ ရရွိထားသူတစ္ေယာက္ျဖစ္သလို နာမည္ေက်ာ္ မင္းသမီးရဲ့အႏုပညာ မ်ိဳးဆက္ပီသစြာ အႏုပညာအရည္အခ်င္းလည္း ရွိတာကိုေတြ႕ရမွာပါ။

Credit:Cele Gabar

မေတိုးခိုင် ကို ကိုယ်တိုင် ကင်မရာရိုက်ပြီး အားဖြည့်ပေး ခဲ့တဲ့ အိန္ဒြာကျော်ဇင် ရဲ့ ဗီဒီယို လက်ရာလေး

အိန္ဒြာကျော်ဇင် ကတော့ မြန်မာနိုင်ငံ ရဲ့ထိပ်တန်း မင်းသမီးဖြစ်သလို ပရိသတ်တွေရဲ့အချစ် တွေလည်း များစွာ ရရှိထား တာပါ။ အူဝဲလို့လည်း ချစ်စနိုးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင်ကတော့ အကယ်ဒမီ ဆု(၂)ဆုရရှိထားသလို အနုပညာ သက်တမ်းကလည မနည်းလှပါဘူး။ သူတတ်စွမ်းတဲ့ အနုပညာနဲ့ တူမဖြစ်သူမေတိုးခိုင် ကို ကင်မရာကိုင် ကာ ဗီဒီယိုရိုက်ကူး ပေးခဲ့တာပါ။

အဲ့ဒီအကြောင်း ကိုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “အိမ်မှာ ကိုယ့် အိမ်သား တွေနဲ့ပဲ အပျော်ရှုတင်လေး တစ်ခုရိုက်ထားတာလေးရဲ့ bts လေးပေါ့နော်… ကိုယ်တိုင် art director လုပ်, ကင်မရာကိုင်(ကင်မရာအကြီးကြီး),edit လုပ်ပြီး ဖူးဖူးကို cover song လေး ရိုက်ပေးထားတာပါ… အဲ့ဒါလေးကြည့် ချင်ရင်တော့ May Toe Khine – မေတိုးခိုင် page မှာတင်ထားပါတယ်, မကြည့်ရ သေးရင် သွားဝင်ကြည့်လိုက်နော်….တူမအကြီးဆုံးက modelလုပ်,တူမအငယ်လေးက photoရိုက်တဲ့ အပိုင်း တာဝန်ယူ,အိုင်က video ရိုက်တဲ့အပိုင်းတာဝန်ယူ, အိမ်က တပည့်ကျော်တွေက ဆက်တင် မီးထိုးမှန်ထိုး တာဝန်ယူအိမ်မှာရှိတဲ့လူနဲ့ အလုပ်တော့ဖြစ်နေချလိုက်တယ်ကွယ် ဘာရယ်မဟုတ် အပျော်သဘောလေး ပါပဲ”ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။

အူဝဲကတော့ အပျော်သဘော ရိုက်ကူးခဲ့တယ် ဆိုပေမယ့် ပရိသတ်တွေကြိုက်နှစ်သက်တဲ့ Cover Song လေးဖြစ်ခဲ့ပါတယ်။ မေတိုးခိုင် ကတော့ တက်သစ်စတွေထဲမှာ ပရိသတ်ချစ်ခင်အားပေးမှု ရရှိထားသူတစ်ယောက်ဖြစ်သလို နာမည်ကျော် မင်းသမီးရဲ့အနုပညာ မျိုးဆက်ပီသစွာ အနုပညာအရည်အချင်းလည်း ရှိတာကိုတွေ့ရမှာပါ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment