Celebrity


Written by Ms Cele






မေသန်းနုရဲ့ ပထမဦးဆုံး ဆိုင်ဖွင့်ပွဲ လေးကို ကိုယ်တိုင် သွားရောက် ဝန်းရံခဲ့တဲ့ ခိုင်သင်းကြည်

ပြည်သူချစ် မင်းသမီးကြီး တွေဖြစ်ကြတဲ့ မေသန်းနုနဲ့ ခိုင်သင်းကြည် ကတော့ အနုပညာလောကထဲ ဝင်ရောက်ခဲ့တဲ့အချိန် မတူညီကြ ပေမယ့် တွဲဖက်ညီညီနဲ့ ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေကို ရိုက်ကူးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည် ကတော့ မေသန်းနုထက် ငယ်ရွယ်သူ တစ်ယောက်လည်းဖြစ်သလို ဂျူနီယာတစ်ယောက်လည်းဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် အနုပညာညီအစ်မ အရင်းသဖွယ် ချစ်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ချစ်စရာကောင်း လွန်းတဲ့ မေသန်းနုနဲ့ ခိုင်သင်းကြည်တို့ နှစ်ယောက်စလုံး ကိုချစ်ကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ မှာတော့ မေသန်းနုက သူမကိုယ်တိုင် ရောင်းချတဲ့ “ရွှေဆင့်” မြိတ်စားသောက်ကုန် ဆိုင်လေး ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။ မေသန်းနုရဲ့ ပထမဦးဆုံး ဆိုင်လေးအတွက် ခိုင်သင်းကြည်က သူမကိုယ်တိုင်သွားရောက် အားပေးဝန်းရံခဲ့ကြောင်းကို “ဒီနေ့”ရွှေဆင့်”ဆိုင်ဖွင့်ပွဲမှာမဆင့်နဲ့အမှတ်တရ💛” ဆိုပြီး မေသန်းနုနဲ့ အမှတ်တရ ပုံရိပ်လေးကို ချပြလာခဲ့ပါတယ်။

ခိုင်သင်းကြည် ကတော့ သူမရဲ့ အစ်မရင်း သဖွယ်ချစ် ရတဲ့ မေသန်းနုရဲ့ ဆိုင်ဖွင့်ပွဲလေးကို သွားရောက်ပြီး အားပေးဝန်းရံ ခဲ့တာ ဖြစ်ပါတယ်။ မေသန်းနုရဲ့ ဆိုင်ကြီးလည်း ရောင်းကောင်းပြီး နောက်ထပ် ဆိုင်ခွဲတွေ ထပ်ဖွင့်နိုင်တဲ့အထိ အောင်မြင်ပါစေလို ့ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment