Celebrity

ေမာင္ႏွမအရင္းလိုခ်စ္ခင္ရတဲ့ သူငယ္ခ်င္းျဖစ္သူပိုပိုရဲ႕ေမြးေန႔အတြက္ အလႉအတန္းမ်ား ျပဳလုပ္ေပးရင္း သူမရဲ႕အေၾကာင္းေတြကို ၀မ္းနည္းစြာနဲ႕ေျပာျပလာတဲ့ ဟိန္းသစ္

Written by Ms Cele

ေမာင္ႏွမအရင္းလိုခ်စ္ခင္ရတဲ့ သူငယ္ခ်င္းျဖစ္သူပိုပိုရဲ႕ေမြးေန႔အတြက္ အလႉအတန္းမ်ား ျပဳလုပ္ေပးရင္း သူမရဲ႕အေၾကာင္းေတြကို ၀မ္းနည္းစြာနဲ႕ေျပာျပလာတဲ့ ဟိန္းသစ္

ဂီတ ေလာကမွာ ပရိသတ္ အခိုင္အမာ ကိုယ္စီ ရရွိထားတဲ့ ဟိဏ္းသစ္နဲ႔ ပိုပို ကေတာ့ အခ်စ္ရဆုံး သူငယ္ခ်င္းေတြဆိုတာ သိရွိၿပီးျဖစ္မွာပါ။ အရင္ထဲက သီခ်င္းေတြလည္း အတူတူလုပ္ ခဲ့ၾကသလို ပြဲေတြ အလႉေတြဆိုရင္လည္း စိတ္တူကိုယ္တူ တက္ေရာက္ လ်က္ရွိတာလည္းျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ဟိဏ္းသစ္က သူငယ္ခ်င္းျဖစ္သူ ပိုပိုရဲ့ ေမြးေန႔ေလးအတြက္ အလႉအတန္းမ်ားျပဳလုပ္ေပးျဖစ္ခဲ့ပါတယ္။

ဖမ္းဆီးထိန္းသိမ္း ခံထားရတဲ့ ပိုပိုအတြက္ စိတ္မေကာင္းျဖစ္ကာ ယူၾကဳံးမရျဖစ္ရတဲ့ အေၾကာင္း ကိုလည္း ခုလိုေရးသားေဖာ္ျပလာပါတယ္။ ” သူနဲ႔စသိခဲ့တာ က်ေနာ့္ပထမဆုံးအေခြ၊ သူ႔ပထမဆုံးအေခြ စည္ပင္ေၾကာ္ျငာဘုတ္အတြက္ စည္ပင္႐ုံးမွာ ကိုယ္တိုင္စာရြက္ေလးေတြကိုင္ၿပီး လူႀကီးကိုမတ္တပ္ရပ္ေစာင့္ရတဲ့အခ်ိန္မွာေပါ့။

သူလည္း နိုင္ငံေက်ာ္ မဟုတ္ေသးဘူး။ က်ေနာ္လည္း ဘာမွမဟုတ္ေသးဘူး။ ႏွစ္ေယာက္သား မ်က္စိသူငယ္နား သူငယ္နဲ႔ စည္ပင္လူႀကီးက မေရာက္ေသးလို႔၊ ထမင္းစားနားလို႔၊ tea time မို႔လို႔ဆိုၿပီး ခြင့္ျပဳေၾကာင္းလက္မွတ္ မထိုးေပးခ်ိန္မွာ အျပင္မွာထိုင္စရာမရွိ မတ္တပ္ရပ္ေစာင့္ရတဲ့အခ်ိန္။ က်ေနာ္တို႔ ၂ ေယာက္လုံးက ကိုယ္တိုင္စာရြက္ေလးေတြကိုင္ၿပီး လက္မွတ္ထိုးရတာေပါ့။ အဲ့ခ်ိန္စကားေတြေျပာ၊ ရင္တြင္းျဖစ္ေတြေျပာရင္း ရင္းႏွီးခဲ့ၾကတယ္။

ေနာက္ပိုင္း ပရိုမိုးရွင္းပြဲ တခုကအျပန္ သူကပြဲ လာေတာ့ ဝတ္စား စားထားတာေပါ့။ ျပန္မယ္လုပ္ေတာ့ သူ႔မွာကားကလည္း မရွိ၊ taxi ကလည္းမစီးနိုင္၊ သူ bus ကားနဲ႔ျပန္မယ္ေျပာေတာ့ က်ေနာ္က မလုပ္ပါနဲ႔ က်ေနာ္လိုက္ပို႔မယ္ဆိုၿပီး လိုက္ပို႔ၿပီး ရင္းႏွီးမႈေတြပိုရခဲ့ပါတယ္။၂ေယာက္စလုံးက စသိထဲက အရင္ထဲကသိတဲ့လူရင္းေတြလို၊ ပြင့္လင္းရင္းႏွီးၿပီး စိတ္ရွင္းရွင္းနဲ႔ေပါင္းခဲ့တယ္။ တေယာက္နဲ႔တေယာက္ သာတယ္ နာတယ္မရွိပဲ ကူညီေဖးမခဲ့တယ္။သူငယ္ခ်င္းေတြအေပၚ သူမွာရွိတာအကုန္စား၊ သူမွာရွိတာယူ၊ လိုအပ္တာမၿငီးမညဴ ကူညီၿပီး အရမ္းေကာင္းခဲ့တဲ့သူ။ မရွိဆင္းရဲသားနဲ႔ အဖိုးအဖြားေတြေတြ႕ရင္ သူ႔မွာရွိသမၽွ ဟင္းဖိုး ဆြမ္းေလာင္းဖိုးအတြက္ကလြဲရင္ အကုန္လႉ၊ မရွိရင္ ေခ်းငွားၿပီးလႉတဲ့ထိ အလႉအတန္းရက္ေရာတဲ့ က်ေနာ့္သူငယ္ခ်င္းပါ။

ႏွစ္တိုင္းနီးပါးတူတူ ျဖတ္သန္းခဲ့တဲ့ သူ႔ေမြးေန႔မွာ ဒီႏွစ္သူနဲ႔တူတူ မျဖတ္သန္းရဘူး။ သူ ဒီႏွစ္ေမြးေန႔မွာ အလႉအတန္းေတြ မလုပ္နိုင္ဘူး။ သူအဆင္ေျပရဲ့လား??သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ စိတ္အေတာ္မေကာင္းဘူး။ ယူၾကဳံးမရျဖစ္တယ္။ ဝမ္းနည္းတယ္။ သူ႔အတြက္ သူ႔အစား ဒီႏွစ္ေမြးေန႔မွာ ဘုန္းႀကီးေက်ာင္းကို ဆြမ္းနဲ႔သစ္သီးေတြ လႉဒါန္းေပးခဲ့တယ္။ သူ ျပန္လာရင္ ဘယ္ေလာက္သတိရေၾကာင္းေျပာရမယ္ ခုလႉဒါန္းတဲ့ ေကာင္းမႈကုသိုလ္ေၾကာင့္ အဆင္ေျပေအးခ်မ္းပါေစ။ ေနေကာင္းက်န္းမာပါေစ။ အျမန္ျပန္လာပါေစ။ ျပည္သူမ်ားလည္း ေဘးအႏၲရာယ္ကင္းေဝးပါေစ “လိုေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit: Cele Zone
Photo – Hein Thit

မောင်နှမအရင်းလိုချစ်ခင်ရတဲ့ သူငယ်ချင်းဖြစ်သူပိုပိုရဲ့မွေးနေ့အတွက် အလှူအတန်းများ ပြုလုပ်ပေးရင်း သူမရဲ့အကြောင်းတွေကို ဝမ်းနည်းစွာနဲ့ပြောပြလာတဲ့ ဟိန်းသစ်

ဂီတ လောကမှာ ပရိသတ် အခိုင်အမာ ကိုယ်စီ ရရှိထားတဲ့ ဟိဏ်းသစ်နဲ့ ပိုပို ကတော့ အချစ်ရဆုံး သူငယ်ချင်းတွေဆိုတာ သိရှိပြီးဖြစ်မှာပါ။ အရင်ထဲက သီချင်းတွေလည်း အတူတူလုပ် ခဲ့ကြသလို ပွဲတွေ အလှူတွေဆိုရင်လည်း စိတ်တူကိုယ်တူ တက်ရောက် လျက်ရှိတာလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဟိဏ်းသစ်က သူငယ်ချင်းဖြစ်သူ ပိုပိုရဲ့ မွေးနေ့လေးအတွက် အလှူအတန်းများပြုလုပ်ပေးဖြစ်ခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ပိုပိုအတွက် စိတ်မကောင်းဖြစ်ကာ ယူကြုံးမရဖြစ်ရတဲ့ အကြောင်း ကိုလည်း ခုလိုရေးသားဖော်ပြလာပါတယ်။ ” သူနဲ့စသိခဲ့တာ ကျနော့်ပထမဆုံးအခွေ၊ သူ့ပထမဆုံးအခွေ စည်ပင်ကြော်ငြာဘုတ်အတွက် စည်ပင်ရုံးမှာ ကိုယ်တိုင်စာရွက်လေးတွေကိုင်ပြီး လူကြီးကိုမတ်တပ်ရပ်စောင့်ရတဲ့အချိန်မှာပေါ့။

သူလည်း နိုင်ငံကျော် မဟုတ်သေးဘူး။ ကျနော်လည်း ဘာမှမဟုတ်သေးဘူး။ နှစ်ယောက်သား မျက်စိသူငယ်နား သူငယ်နဲ့ စည်ပင်လူကြီးက မရောက်သေးလို့၊ ထမင်းစားနားလို့၊ tea time မို့လို့ဆိုပြီး ခွင့်ပြုကြောင်းလက်မှတ် မထိုးပေးချိန်မှာ အပြင်မှာထိုင်စရာမရှိ မတ်တပ်ရပ်စောင့်ရတဲ့အချိန်။ ကျနော်တို့ ၂ ယောက်လုံးက ကိုယ်တိုင်စာရွက်လေးတွေကိုင်ပြီး လက်မှတ်ထိုးရတာပေါ့။ အဲ့ချိန်စကားတွေပြော၊ ရင်တွင်းဖြစ်တွေပြောရင်း ရင်းနှီးခဲ့ကြတယ်။

နောက်ပိုင်း ပရိုမိုးရှင်းပွဲ တခုကအပြန် သူကပွဲ လာတော့ ဝတ်စား စားထားတာပေါ့။ ပြန်မယ်လုပ်တော့ သူ့မှာကားကလည်း မရှိ၊ taxi ကလည်းမစီးနိုင်၊ သူ bus ကားနဲ့ပြန်မယ်ပြောတော့ ကျနော်က မလုပ်ပါနဲ့ ကျနော်လိုက်ပို့မယ်ဆိုပြီး လိုက်ပို့ပြီး ရင်းနှီးမှုတွေပိုရခဲ့ပါတယ်။၂ယောက်စလုံးက စသိထဲက အရင်ထဲကသိတဲ့လူရင်းတွေလို၊ ပွင့်လင်းရင်းနှီးပြီး စိတ်ရှင်းရှင်းနဲ့ပေါင်းခဲ့တယ်။ တယောက်နဲ့တယောက် သာတယ် နာတယ်မရှိပဲ ကူညီဖေးမခဲ့တယ်။သူငယ်ချင်းတွေအပေါ် သူမှာရှိတာအကုန်စား၊ သူမှာရှိတာယူ၊ လိုအပ်တာမငြီးမညူ ကူညီပြီး အရမ်းကောင်းခဲ့တဲ့သူ။ မရှိဆင်းရဲသားနဲ့ အဖိုးအဖွားတွေတွေ့ရင် သူ့မှာရှိသမျှ ဟင်းဖိုး ဆွမ်းလောင်းဖိုးအတွက်ကလွဲရင် အကုန်လှူ၊ မရှိရင် ချေးငှားပြီးလှူတဲ့ထိ အလှူအတန်းရက်ရောတဲ့ ကျနော့်သူငယ်ချင်းပါ။

နှစ်တိုင်းနီးပါးတူတူ ဖြတ်သန်းခဲ့တဲ့ သူ့မွေးနေ့မှာ ဒီနှစ်သူနဲ့တူတူ မဖြတ်သန်းရဘူး။ သူ ဒီနှစ်မွေးနေ့မှာ အလှူအတန်းတွေ မလုပ်နိုင်ဘူး။ သူအဆင်ပြေရဲ့လား??သူငယ်ချင်းတစ်ယောက်အနေနဲ့ စိတ်အတော်မကောင်းဘူး။ ယူကြုံးမရဖြစ်တယ်။ ဝမ်းနည်းတယ်။ သူ့အတွက် သူ့အစား ဒီနှစ်မွေးနေ့မှာ ဘုန်းကြီးကျောင်းကို ဆွမ်းနဲ့သစ်သီးတွေ လှူဒါန်းပေးခဲ့တယ်။ သူ ပြန်လာရင် ဘယ်လောက်သတိရကြောင်းပြောရမယ် ခုလှူဒါန်းတဲ့ ကောင်းမှုကုသိုလ်ကြောင့် အဆင်ပြေအေးချမ်းပါစေ။ နေကောင်းကျန်းမာပါစေ။ အမြန်ပြန်လာပါစေ။ ပြည်သူများလည်း ဘေးအန္တရာယ်ကင်းဝေးပါစေ “လိုရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Hein Thit

About the author

Ms Cele

Leave a Comment