Celebrity


Written by Ms Cele





Credit:Cele Zone

မေမေမြတ် လိုချင်နေတဲ့ တန်ဖိုးကြီး ပစ္စည်းလေး တစ်ခုကို မွေးနေ့လက်ဆောင်အဖြစ် Suprise လုပ်ကာ ပေးခဲ့တဲ့ အာဘွိုင်း

အဆိုတော် အာဘွိုင်းနဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ကတော့ အများကအားကျရတဲ့ ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အာဘွိုင်းတို့ ဇနီးမောင်နှံက လက်ထပ်ပြီးနောက်ပိုင်းမှာ သမီးချောလေး တစ်ယောက် ထွန်းကားခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အေးချမ်းပြီး အရာရာပြည့်စုံနေတဲ့ အာဘွိုင်းတို့မိသားစုလေးက မြင်ရသူတိုင်းအဖို့ စိတ်ချမ်းသာစရာကောင်းပြီး ကြည်နူးစေတာ အမှန်ပါပဲနော် ။

အာဘွိုင်းရဲ့ ဇနီးချောလေးမြတ်ရတနာကျော် ဟာလည်း အသားဖွေးဖွေး ဥဥလေးနဲ့ အရမ်းကိုလှတဲ့ သူလေးဖြစ်ပြီးတော့ အာဘွိုင်း တစ်ယောက် သူ့ဇနီးလေးကိုချစ်ပြီးရင် ချစ်နေရတာလည်းဖြစ်ပါတယ်နော်။တစ်သားမွေးတစ်သွေးလှဆိုတဲ့စကားအတိုင်း အမြဲကိုကျော့ရှင်းလှနေတာတကယ်ကို အားကျစရာပါပဲနော်။

အခုမှာတော့ သူ့ရဲ့စိတ်ထဲမှာ အရမ်းလိုချင်နေတဲ့ တန်ဖိုးကြီး အရာလေး တစ်ခုကို ချစ်ခင်ပွန်းက မွေးနေ့လေးမှာ suprise လုပ်ကာပေးခဲ့တာကြောင့်အတိုင်းမသိ ဝမ်းသာ ပျော်ရွှင်နေကြောင်းကို ပုံလေးတွေ နဲ့အတူ “ကိုယ့်စိတ်ထဲက ဝယ်မယ်ကြံထားတဲ့ တိတ်တိတ်လေးလိုချင်နေတဲ့အရာတွေ အများကြီးရှိပါတယ် တစ်ရက် မနောင့်Nount Jewelshine Jewelry ဆိုင်ကိုဈေးရောင်းပေးတုန်းက မြတ် အရမ်းကြိုက်ရပါသော Jewelry တွေရှိတယ် အဲ့ထဲကမှ တစ်ခုကို မနောင့်က birthday present ပေးဖို့ ရွေးပေးတယ် ကိုကိုကျော်က မြတ်မသိအောင်ဝယ်ပေးတယ် ကျေးဇူးပါ my hubby ကျေးဇူးပါ မနောင့်(နောက်လည်း မြတ်ကြိုက်နေတာလေးတွေ ကိုကိုကျော် ကို ပြောပြပေးပါ” ဆိုတဲ့စာလေးကိုဖော်ပြထားရာ အရမ်းကြည်နူးအားကျ စရာကောင်းတာကြောင့် မျှဝေပေးလိုက်ပါတယ်။

Credit:Cele Zone
Source:Myat Yadana Kyaw

About the author

Ms Cele

Leave a Comment