Celebrity
Written by Ms Cele
မေမေ လုပ်ပေးတဲ့ ရေခဲမုန့်ကို စားရတော့မှာမို့လို ့ပျော်နေတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုကိုချပြလာတဲ့ ချစ်သုဝေ
နိုင်ငံကျော် အနုပညာရှင် နှစ်ယောက်ဖြစ်တဲ့ အဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင် ချစ်သုဝေတို့ ကတော့ အနုပညာလောက မှာ အောင်မြင်မှု ရရှိရုံသာမကပဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစု ဘဝလေးကိုလည်း ပိုင်ဆိုင် ထားကြတာပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ ကတော့ အနုပညာ အလုပ်၊ ပရဟိတအလုပ်၊ စီးပွားရေး အလုပ်တွေကို ဦးစီးလုပ်ကိုင် နေပေမယ့် သမီးလေး နှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကိုတော့ အမြဲတမ်း ပထမဦးစားပေးအဖြစ် ပြုစုစောင့်ရှောက်နေကြတာပဲ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်ကလည်း ဖေဖေနဲ့ မေမေရဲ့ အုပ်ထိန်းမှုအောက်မှာ တစ်နေ့တစ်ခြား ချစ်စရာကောင်းစွာကြီးပြင်းလာခဲ့တာ အခုဆိုရင် (၄) နှစ်နီးပါးအရွယ်တောင် ရှိပြီပဲ ဖြစ်ပါတယ်။
သမီးလေးတွေကို ချစ်တဲ့ ပရိသတ်တွေ အတွက် သမီးလေးတွေဲ့ လှုပ်ရှားမှု ဗီဒီယိုကို အမြဲတမ်း မျှဝေပေးလေ့ ရှိတဲ့ ချစ်သုဝေက ဒီတစ်ခါ မှာလည်း ရေခဲမုန့်စားဖို့ စိတ်လှုပ်ရှားပြီး ပြာယာ ခတ်နေတဲ့ ခေတ်နဲ့သစ်ကြောင့် တစ်အိမ်လုံးဆူညံသွားခဲ့တဲ့အကြောင်းကို “Home made icecream လေးလုပ်ပစ်လိုက်တာ။ အုပ်အော်သောင်းနင်းပဲ🤣🤣😍 သူတို့လေးတွေရဲ့ရယ်သံတွေအပျော်တွေဟာလေ ဘာနဲ့မှမတူသောကြည်နူးမှုပဲ။ ဒေါ်ထရီဇာလေးရဲ့ ပထမဆုံး အိမ်လုပ်ရေခဲမုန့်လေးပါနော်။ တအားကောင်းတယ်ဆိုပဲ။ ဘယ်သူကလဲဆိုတော့ ဒေါ်ထရီဇာ လေးရဲ့မေမေရယ် ဘေပူးညိုရယ် ကလောင်နှစ်ကေးရယ်🤣🤣🤣” ဆိုပြီး သူမတို့ မိသားစုလေးရဲ့ ပျော်စရာအခိုက်အတံ့တွေကို မျှဝေပေးလာပါတယ်။
ချစ်သုဝေတို့ မိသားစုလေး ကတော့ သားအမိ သားအဖလေးယောက် တည်းနဲ့တင် ရယ်မောပျော်ရွှင် သံတွေနဲ့ အမြဲတမ်း ပျော်စရာကောင်းနေ တာပဲနော်။ ပရိသတ်ကြီး လည်း ချစ်သုဝေတို့ မိသားစုလေး ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါ တယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment