Celebrity

ေမြးကင္းစကေလး တစ္ေယာက္ကို အိတ္ထဲ ထည့္ျပီး ေဂဟာေရွ့မွာ လာေရာက္ စြန့္ပစ္သြားေၾကာင္း ေျပာလာတဲ့ ခုိင္နွင္းေဝ

Written by Ms Cele

ေမြးကင္းစကေလး တစ္ေယာက္ကို အိတ္ထဲ ထည့္ျပီး ေဂဟာေရွ့မွာ လာေရာက္ စြန့္ပစ္သြားေၾကာင္း ေျပာလာတဲ့ ခုိင္နွင္းေဝ

အဆင္းေရာ အခ်င္းပါျပည့္စံုသူေလး တစ္ေယာက္ျဖစ္တဲ့ မင္းသမီးေခ်ာ ခိုင္နွင္းေဝ ကေတာ့ ပရိသတ္ေတြက ပရဟိတမင္းသမီး တစ္ေယာက္လို့ေတာင္ သက္မွတ္ခံထားရသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝကေတာ့ လက္ရိွ ကိုဗစ္ကာလမွာ အနုပညာ အလုပ္ေတြကို ရပ္နားထားျပီး လူမႈေရးအလုပ္ ေတြကိုသာ တစိုက္မတ္မတ္လုပ္ကိုင္ ေနတာပဲ ျဖစ္ပါတယ္။ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ မိဘနဲ့ ေဝးကြာေနတဲ့ ကေလးေတြကိုလည္း ေစာင့္ေရွာက္ေပးထားတဲ့ ခိုင္နွင္းေဝက ဒီကေန့မွာလည္း မနက္(၅) နာရီေလာက္မွာ ေမြးကင္းစ သမီးေလး တစ္ေယာက္ကို ေဂဟာေရွ့မွာ လာေရာက္ စြန့္ပစ္သြားေၾကာင္း ေျပာျပလာပါတယ္။

“ဒီေန႔ မနက္ ၅ နာရီေလာက္မွာ ကြ်န္မရ႔ဲ ေဂဟာအေရွ႕မွာ ေမြးကာစ သမီးေလး တစ္ေယာက္ကို လာေရာက္ စြန္႔ပစ္သြားပါတယ္။ ကေလးငို သံၾကားလို႔ ထြက္ၾကည့္တ့ဲ အခါ သမီးေလးကို ေအးစက္ျပီး ငိုေနတာေတြ႕ရပါတယ္။ စိတ္လဲ မေကာင္းျဖစ္ရသလို ေတာ္ေတာ္လဲ စိတ္တို မိပါတယ္။ ကြ်န္မေဂဟာေရွ ့လာပစ္တာ ကြ်န္မဆီ ေရာက္ေစခ်င္လို႔ ဆိုလဲ ကေလးေတြကို ခုလိုမ်ဳိးေတြ မလုပ္ဖို့ ေတာင္းပန္ပါတယ္။ ကေလး ေတြက အရမ္းႏုေနတ့ဲ ခ်ိန္မွာ ေဆာင္းတြင္းျဖစ္ တာရယ္ အိတ္ထဲမွာမို႔ အသက္႐ွဴက်ပ္တာေတြ ျဖစ္ပီး ကေလး အသက္ ဆံုးရွံူးႏိုင္ပါတယ္။ စံုစမ္း ေမးျမန္းစရာေတြ စံုစမ္းျပီး သမီးေလးကို ကြ်န္မတို႔ “ခိုင္ ” မိသားစု ေဂဟာရ႔ဲ (၃၉) ေယာက္ေျမာက္ သမီးေလးအျဖစ္ ေစာင့္ေရွာက္ထား လိုက္ပါတယ္ရွင္ …” ဆိုျပီး ေျပာလာ ပါတယ္။

ခိုင္နွင္းေဝကေတာ့ သူမဆီ ဆုိက္ဆိုက္ ျမိဳက္ျမိဳက္ေရာက္ ရိွလာတဲ့ ကေလးတစ္ေယာက္ကို ေခၚယူေမြးဖြားဖို့ ေစာင့္ေရွာက္ဖို့ ဝန္မေလးေပမယ့္ ရက္ရက္စက္စက္ အိတ္ထဲထည့္ စြန့္ပစ္တာကိုေတာ့ စိတ္တိုေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ သမီးေလး လည္း ခိုင္နွင္းေဝရဲ့ လက္ထဲမွာ ေကာင္းေကာင္းမြန္မြန္ၾကီးျပင္း လာပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

မွေးကင်းစကလေး တစ်ယောက်ကို အိတ်ထဲ ထည့်ပြီး ဂေဟာရှေ့မှာ လာရောက် စွန့်ပစ်သွားကြောင်း ပြောလာတဲ့ ခိုင်နှင်းဝေ

အဆင်းရော အချင်းပါပြည့်စုံသူလေး တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေ ကတော့ ပရိသတ်တွေက ပရဟိတမင်းသမီး တစ်ယောက်လို့တောင် သက်မှတ်ခံထားရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ လက်ရှိ ကိုဗစ်ကာလမှာ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး လူမှုရေးအလုပ် တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင် နေတာပဲ ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် မိဘနဲ့ ဝေးကွာနေတဲ့ ကလေးတွေကိုလည်း စောင့်ရှောက်ပေးထားတဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာလည်း မနက်(၅) နာရီလောက်မှာ မွေးကင်းစ သမီးလေး တစ်ယောက်ကို ဂေဟာရှေ့မှာ လာရောက် စွန့်ပစ်သွားကြောင်း ပြောပြလာပါတယ်။

“ဒီနေ့ မနက် ၅ နာရီလောက်မှာ ကျွန်မရဲ့ ဂေဟာအရှေ့မှာ မွေးကာစ သမီးလေး တစ်ယောက်ကို လာရောက် စွန့်ပစ်သွားပါတယ်။ ကလေးငို သံကြားလို့ ထွက်ကြည့်တဲ့ အခါ သမီးလေးကို အေးစက်ပြီး ငိုနေတာတွေ့ရပါတယ်။ စိတ်လဲ မကောင်းဖြစ်ရသလို တော်တော်လဲ စိတ်တို မိပါတယ်။ ကျွန်မဂေဟာရှေ ့လာပစ်တာ ကျွန်မဆီ ရောက်စေချင်လို့ ဆိုလဲ ကလေးတွေကို ခုလိုမျိုးတွေ မလုပ်ဖို့ တောင်းပန်ပါတယ်။ ကလေး တွေက အရမ်းနုနေတဲ့ ချိန်မှာ ဆောင်းတွင်းဖြစ် တာရယ် အိတ်ထဲမှာမို့ အသက်ရှူကျပ်တာတွေ ဖြစ်ပီး ကလေး အသက် ဆုံးရှံူးနိုင်ပါတယ်။ စုံစမ်း မေးမြန်းစရာတွေ စုံစမ်းပြီး သမီးလေးကို ကျွန်မတို့ “ခိုင် ” မိသားစု ဂေဟာရဲ့ (၃၉) ယောက်မြောက် သမီးလေးအဖြစ် စောင့်ရှောက်ထား လိုက်ပါတယ်ရှင် …” ဆိုပြီး ပြောလာ ပါတယ်။

ခိုင်နှင်းဝေကတော့ သူမဆီ ဆိုက်ဆိုက် မြိုက်မြိုက်ရောက် ရှိလာတဲ့ ကလေးတစ်ယောက်ကို ခေါ်ယူမွေးဖွားဖို့ စောင့်ရှောက်ဖို့ ဝန်မလေးပေမယ့် ရက်ရက်စက်စက် အိတ်ထဲထည့် စွန့်ပစ်တာကိုတော့ စိတ်တိုကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ သမီးလေး လည်း ခိုင်နှင်းဝေရဲ့ လက်ထဲမှာ ကောင်းကောင်းမွန်မွန်ကြီးပြင်း လာပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment