Celebrity


Written by Ms Cele






မွေးမိခင် အတွက် မွေးနေ့ လက်ဆောင် ထပ်ပေးမယ့် တစ်ထပ် တိုက်လေးကို အစွမ်းကုန် ပြင်ဆင်နေတဲ့ နေဒွေး

သရုပ်ဆောင် နေဒွေး ကတော့ ဗီဒီယိုဇာတ်ကား တွေမှာ ပါဝင်သရုပ်ဆောင်ရင်း အမြို့မြို့ အနယ်နယ်က ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို လူငယ်တစ်ယောက် လည်းဖြစ်တဲ့ နေဒွေးက သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း ဦးဆောင် လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ အသက်ငယ်ပေမယ့် အရည်အချင်းရှိတဲ့ နေဒွေးကတော့ အိမ်ထောင်မပြုရသေးခင် အချိန်မှာပဲ ကိုယ့်စီးပွားရေး အလုပ်တွေနဲ့ တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ သူတစ်ယောက်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

အိမ်ထောင်မရှိသေးတဲ့ လူပျိုလူ လွတ်ပီပီ ရှာဖွေသမျှကို မိခင်အတွက်သာ အသုံးပြုတတ်တဲ့ နေဒွေးက မကြာခင် ဇန်နဝါရီလအတွင်းမှာ ကျရောက်မယ့် မေမေ့ရဲ့မွေးနေ့ အတွက် အမှတ်တရ မွေးနေ့ လက်ဆောင်တွေပေးဖို့ အလုပ်တွေ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ နေဒွေးက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူ့ရဲ့မိခင်အတွက် သိန်းလေးရာကျော် တန်ဖိုးရှိတဲ့ ကားအသစ်ကြီးကို မွေးနေ့အကြို လက်ဆောင် ပေးခဲ့သလို မြောက်ဒဂုံမြို့နယ်မှာလည်း တစ်ထပ်တိုက် အိမ်လေးဆောက်ပြီး မေမေ့အတွက် မွေးနေ့ လက်ဆောင်ပေးဖို့ အစွမ်းကုန်ပြင်ဆင် နေတာပဲ ဖြစ်ပါတယ်။

နေဒွေးကတော့ လူပျိုလူလွတ် ဘဝမှာတင် မေမေ့အတွက် တိုက်တစ်လုံး၊ ကားတစ်စီးနဲ့ ကျေးဇူးဆပ်နေသလို မိခင်ကြီး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့ အလုပ်တွေ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ မိဘကို သိတတ်တဲ့ နေဒွေး တစ်ယောက် ဒီထက်မက အောင်မြင် တိုးတက်ကြီးပွားမှာ အသေအချာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment