Celebrity


Written by Ms Cele






မွေးနေ့ရှင် မေမေ မသိအောင် Birthday Surprise လေးလုပ် ပေးပြီး မိသားစု ပျော်ရွှင်စရာတွေ ဖန်တီးပေး ခဲ့တဲ့ စိုးပြည့်သဇင်

ချစ်စဖွယ် ကောင်းတဲ့ အပြုံးလေးတွေနဲ့ မြင်သူရင်ကို အေးမြစေတဲ့ စိုးပြည့်သဇင် ကတော့ အကယ်ဒမီဆုရှင် မင်းသမီး တစ်ယောက်ဖြစ်ပေမယ့် ရိုးရိုးအေးအေးလေးသာ နေတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တွေမှာ ကာရိုက်တာမျိုးစုံ၊ စရိုက်မျိုးစံကို ပါဝင် သရုပ်ဆောင်ခဲ့ပေမယ့် သူမရဲ့ အပြင်ပန်းပုံစံကတော့ အရမ်းကို ရိုးရှင်းပြီး ကလေး ဆန်ဆန်နေတတ် သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကတော့ စိုးပြည့်သဇင်ရဲ့ အဲ့လိုကလေး ဆန်တဲ့ ပုံစံလေးကိုပဲ အချစ်ပိုပြီး အားပေးနေကြရတာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၂၉) ရက်နေ့ ကတော့ စိုးပြည့်သဇင်ရဲ့ တစ်ဦးတည်းသော အချစ်ဆုံး မေမေ ရဲ မွေးနေ့ ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ စိုးပြည့်သဇင်က သူမရဲ့ မေမေမသိအောင် ပိုက်ဆံအိတ်တစ်လုံး တိတ်တိတ်လေးမှာ ပေးခဲ့ပြီး ပန်းစည်းလေးတွေ၊ ရောင်စုံမီးလုံး လေးတွေနဲ့ မွေးနေ့လေး ဖန်တီးပေးခဲ့ကြောင်း “Happy birthday မေကြီး…ပျော်ရွှင်ပါစေ…❤️❤️❤️❤️ Surprise လေးပေါ့နော်..မေမေမသိအောင်စီစဉ်ရတာ…မေမေပျော်ရင်သမီးပျော်တယ်🥰😍” ဆိုပြီး သူမရဲ့ အပျော်လေးတွေကို မျှဝေပေးထားပါတယ်။

စိုးပြည့်သဇင် ကတော့ တစ်အိမ်တည်း နေတဲ့ မေမေမသိအောင် Surprise ကြိတ်လုပ်ပေး ခဲ့ပြီး ပျော်ရွှင်စရာတွေ ဖန်တီးပေး ခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ စိုးပြည့်သဇင်တို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင် ချမ်းမြေ့ ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment