Celebrity


Written by Ms Cele





Source: Graham’s fb

မွေးနေ့၊ မွေးလတူ ချစ်သမီးလေး နှစ်ယောက်ကို ချစ်စရာကောင်းတဲ့ မွေးနေ့ လက်ဆောင်လေး ပေးခဲ့တဲ့ ဂရေဟမ်

ပရိသတ်ကြီးရေ နိုင်ငံကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ ဂရေဟမ်ကတော့ ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျတဲ့ သီချင်းချိုချိုအေးအေးလေးတွေကို သီဆိုတတ်သူဖြစ်ပြီး စတူဒီယိုခေတ် ကတည်းကနေ ဒီနေ့ဒီအချိန်ထိ အောင်မြင်မှုရရှိနေဆဲ အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဂရေဟမ်က ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး သမီးနှစ်ယောက်ဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ကလည်း ဂရေဟမ်လိုပဲ သီချင်းတွေကို မြတ်နိုးပြီး ဖေဖေ့ရဲ့ ဂီတအမွေအနှစ်တွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ (၁၄) ရက်နေ့ ကတော့ (၅)နှစ်ကြီး၊ (၅) နှစ်ငယ် ညီအစ်မဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မ နှစ်ယောက်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဂရေဟမ်ကတော့ ချစ်သမီးနှစ်ယောက်ဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ အတွက် ချစ်စရာကောင်းတဲ့ ခွေးလေးတစ်ကောင်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ပြီး ချစ်သမီးနှစ်ယောက် မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့စေဖို့ ဆုတောင်းပေးထားတာ တွေ့ရပါတယ်။

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ကတော့ ဒယ်ဒီရဲ့ မွေးနေ့လက်ဆောင် လေးကြောင့် ကလေးတွေလို ပျော်ရွှင်သွားခဲ့တာ ပရိသတ်ကြီး တွေ့ရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မနှစ်ယောက် အတွက် အမှတ်တရမွေးနေ့ဆုတောင်း စကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Graham’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment