Celebrity


Written by Ms Cele





Credit:Swelsone News

မွေးနေ့ကိတ်ထဲမှာ ပိုက်ဆံအလိပ် လိုက်ကြီးနဲ့ Surprise လုပ်ခံ ရလို့ အံ့သြပျော်ရွှင် နေတဲ့ မိခင်ကို ကြည့်ကာ ပီတိဖြာ နေတဲ့ ဖြိုးမြတ်အောင်ရဲ့ဗီဒီယို

အဆိုတော်ဖြိုးမြတ်အောင် ကတော့ အောင်မြင်လျက် ရှိနေတဲ့ အဆိုတော်တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး အသံပါဝါကောင်းကောင်းနဲ့ သီချင်းလေးတွေကို သီဆိုတက်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရ ယူထားနိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့တဲ့ ဖြိုးမြတ်အောင် ကတော့ အနုပညာလှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်တင်ပေးလေ့ရှိပြီး သီချင်းအသစ်လေး တွေကိုလည်း ပရိသတ်တွေရှေ့ချပြထားသာ တစ်ယောက်ပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို လုပ်ကိုင်လျက် ရှိနေတဲ့ ဖြိုးမြတ်အောင် ကတော့ သီချင်းအသစ်လေးတွေ ထွက်ရှိဖို့ကြိုးစားလျက်ရှိနေတဲ့ ပြည်သူချစ် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ရဲ့ မိခင်ကတော့ သားသမီး၊မြေးတွေ နဲ့အတူ မွေးနေ့လေးကို ကြည်ကြည်နူးနူး ကျင်းပရင်း မွေးနေ့ကိတ်ထဲမှာပါတဲ့ ပိုက်ဆံ အလိပ်ကြီးကြောင့် အံ့သြပျော်ရွှင် ခဲ့ရပါတယ်။ ဖြိုးမြတ်အောင် ကတော့ စိတ်ချမ်းသာပြီးပျော်ရွှင်နေတဲ့ ချစ်မေမေကို ကြည့်ကာ ဝမ်းသာပီတိဖြာနေခဲ့ပါတယ်။

ဖြိုးမြတ်အောင်ကတော့ ” Happy Birthday ပါအမေ Amay Thanအသက်ရာ ကျော် ရှည်ပါစေသားသမီးတွေ အပေါ်မှာ ငယ်ငယ်ကတည်းက ဘာဖိအား မှမပေးခဲ့ တဲ့ အတွက် သား အခုလိုဖြစ်လာ ရတာပါအမေစိတ်ချမ်းသာပါစေ စာတွေအများ ကြီး ဖွဲ့ နွဲ့ ပြီး မရေးတတ်ပါဘူးအမေ့ကိုအရမ်းချစ်ပါတယ် မိသား စုတွေ စိတ်ချမ်းသာရင် ကျွန်တော်ပျော်ပါတယ် ကျန်းမာ ချမ်းသာ လိုရာ ပြည့်ပါစေမမ Ma Theingi နဲ့ ညီလေး Ba Chit လိုရာပြည့်စေ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မွေးနေ့လေးကိုပျော်ရွှင်စွာ ကျင်းပနေတဲ့ ဖြိုးမြတ်အောင်တို့ မိသားစုရဲ့ဗီဒီယိုလေးကို ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment