Celebrity


Written by Ms Cele





Credit:Swelsone News

မွေးနေ့အလှူ အဖြစ် ကိုဗစ်ကုသရေးဌာန အောင်မြင့်မိုရ် အိမ်ရာကို နေ့လည်စာများ လှူဒါန်း ခဲ့တဲ့ အောင်မင်းခန့်

သရုပ်ဆောင် မင်းသားချော အောင်မင်းခန့် ကတော့ ဇာတ်လမ်းတွဲလေး တွေမှာ ပါဝင်သရုပ် ဆောင်ရင်း တဖြည်းဖြည်း နဲ့ နာမည်ရေ အာင်မြင်လာ ခဲ့တာ ဖြစ်ပါတယ်။ အောင်မင်းခန့် က ချောမောခန့်ညားတဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားပြီး ယောက်ျား ပီသတာကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ဝန်းရံ အားပေးမှု ကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင် တော်တဲ့ အောင်မင်းခန့်က ဇာတ်လမ်းတွဲ တွေ အများအပြား ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ ့ကတော့ ပရိသတ် အချစ်တော် သရုပ်ဆောင် အောင်မင်းခန့် ရဲ့ အသက် (၃၀)ပြည့် မွေးနေ့လေး ပဲဖြစ်ပါတယ်။ အောင်မင်း ကတော့ ဒီကနေ့ အသက်(၃၀)ပြည့်မွေးနေ့ အလှူအဖြစ် ကိုဗစ်ကုသရေးဌာန အောင်မြင့်မိုရ်အိမ်ရာ အတွက် နေ့လည်စာ လှူဒါန်းခဲ့တာ ပဲဖြစ်ပါတယ်။

ချစ်ပရိသတ်ကြီး ကလဲ အောင်မင်းခန့် ရဲ့ မွေးနေ့အလှူလေးကို သာဓုခေါ်ရင်း မွေးနေ့ဆုတောင်း ပေးခဲ့ကြပါဦးနော် ❤️😍။

Credit:Swelsone News

About the author

Ms Cele

Leave a Comment