Celebrity


Written by Ms Cele





Credit:Cele Gabar

မွေးနေ့ အမှတ်တရ အဖြစ် ဆေးလိပ် ဖြတ်ပေး ခဲ့တဲ့ ဖခင် ဖြစ်သူကို ကျေးဇူးတင် စကားဆို လိုက်တဲ့ ယွန်းယွန်း

ယွန်းယွန်းဟာ ငယ်စဉ် ကတည်းက ပရိသတ်တွေ ရဲ့ချစ်ခင်အားပေး မှုကို အထူးရရှိခဲ့တဲ့ ကလေး သရုပ်ဆောင် မင်းသမီးလေးတစ်ယောက်ဖြစ်ပြီး လက်ရှိ မှာတော့ အပျိုဖားဖားဖြစ်ပြီး အရမ်းကို လှသွေးကြွယ်တဲ့ မင်းသမီးလေး တစ်ယောက်ဖြစ်လာခဲ့ပါပြီ ။ အေးဆေးတည်ငြိမ်ပြီး အနေအေးတဲ့ ယွန်းယွန်းက မိသားစု ကို အရမ်းချစ်တတ်တဲ့ သူတစ်ယောက် ဆိုတာ ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါ ။

အောက်တိုဘာလ (၃၀) ရက်နေ့မှာ ကျရောက်တဲ့ ဖခင်ဖြစ်သူ ဦးဌေးအောင်ရဲ့ မွေးနေ့မှာ Happy Birthday ဖေဖေ မွေးနေ့မှာ ပျော်ရွှင်ရ သလိုပဲ တစ်နှစ်လုံးလဲပျော်ရွှင်ရပါစေ။ ဒီနှစ်မှာ မွေးနေ့ အမှတ်တရအနေနဲ့ ဆေးလိပ်ဖြတ်တဲ့ လက်ဆောင်ပြန်ပေးလို့လဲ ကျေးဇူးပါ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သမီးအနားမှာ အသက်ရှည်ရှည် နေပေးပါ ဆိုတဲ့ စာသားလေးနဲ့ အတူ ဖခင်ဖြစ်သူ ကို ကျေးဇူးတင် စကားဆိုခဲ့တာပါ ။

ယွန်းယွန်းရဲ့ချစ်ပရိသတ်ကြီး ကလည်း ယွန်းယွန်းအဖေအတွက် မွေးနေ့ ဆုမွန်ကောင်းတွေ တောင်းပေး ခဲ့ကြပါတယ် ။ Happy Birthday ပါ ဦးရေ မွေးနေ့က စပြီး နောက်နှစ်ပေါင်း များစွာထိ ချစ်ရတဲ့ မိသားစုလေးနဲ့ အတူ ပျော်ရွှင်စွာနေထိုင် သွားနိုင်ပါစေလို့ Cele Gabar ကလည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment