Celebrity

ေမြးေန႔ အလွဴ အျဖစ္ အေျခခံ လူတန္းစားေတြကို စားေသာက္ကုန္ေတြ လွဴဒါန္းေပးတဲ့ ဝန

Written by Ms Cele

ေမြးေန႔ အလွဴ အျဖစ္ အေျခခံ လူတန္းစားေတြကို စားေသာက္ကုန္ေတြ လွဴဒါန္းေပးတဲ့ ဝန

ဒီေန႔နိုဝင္ဘာလ (၁၇) ရက္ေန႔ေလး ကေတာ့ အနီးဆုံး လူ သီခ်င္းေလး နဲ႔ ပရိသတ္အားေပးမႈ အခိုင္အမာ ရရွိထားတဲ့ ေတးေရး၊ ေတးဆို ဝန ရဲ့ ေမြးေန ႔ရက္ျမတ္ေလးပါ။ ဝန ကေတာ့ ရင္ထဲထိ ေစမယ့္ စာသားေတြနဲ႔ ပရိသတ္ ပါးစပ္ဖ်ားမွာ ေရပန္းစားတဲ့ သီခ်င္းမ်ားစြာကို ေရးစပ္ သီဆိုထားသလို ေနာက္ထပ္ဖန္တီးမႈ အသစ္ေတြကိုလည္း ပရိသတ္ကို ခ်ျပနိုင္ဖို႔ အျမဲႀကိဳးစားေနသူ တစ္ေယာက္ပါ။

ဒီေန႔သူ႔ရဲ့ေမြးေန႔ေလး မွာေတာ့ သာေကတတိုင္းရင္းသား ေက်းရြာနားက အေျခခံလူတန္းစားေတြ အတြက္ ဆန္၊ဆီ၊ ေခါက္ဆြဲေျခာက္ထုတ္၊ အခ်ိဳရည္နဲ႔ စားေသာက္ ကုန္ေတြ၊ ေငြေၾကးဒါနအလႉ ေတြကို ကိုယ္တိုင္ကိုယ္က် သြားေရာက္လႉဒါန္းေပးခဲ့ သလို ကေလးေတြအတြက္လည္း အဝတ္အထည္တခ်ိဳ႕ကို ေမြးေန႔ အလႉဒါနအေနနဲ႔ သြားေရာက္လႉဒါန္းေပးခဲ့ၿပီး ေမြးေန႔မနက္ခင္းေလး ကို ၾကည္ႏူးပီတိအျပည့္နဲ႔ျဖတ္သန္းခဲ့ပါတယ္။

ဝန ကေတာ့ ဒီေန႔က်ေရာက္တဲ့သူ႔ရဲ့ေမြးေန႔ေလး မွာ ဆုေတာင္းေပးခဲ့ၾကတဲ့ မိတ္ေဆြ၊အေပါင္း အသင္းေတြနဲ႔ ပရိသတ္တစ္ေယာက္ခ်င္းစီ တိုင္းကို ေက်းဇူးတင္စကားဆိုခဲ့တဲ့ အျပင္ အလႉေလးျဖစ္ေျမာက္ဖို ပါဝင္ေပးၾကတဲ့ သူတစ္ဦးခ်င္းစီတိုင္းကိုလည္း ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ ဒီေန႔က်ေရာက္တဲ့ ေမြးေန႔ေလးကစၿပီး ကိုယ္ယုံၾကည္ရာ ဂီတခရီးလမ္းမွာ ေအာင္ျမင္တဲ့အဆိုေတာ္ တစ္ေယာက္အျဖစ္ ဆက္လက္ ရပ္တည္သြားနိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Credit:Cele Gabar

မွေးနေ့ အလှူ အဖြစ် အခြေခံ လူတန်းစားတွေကို စားသောက်ကုန်တွေ လှူဒါန်းပေးတဲ့ ဝန

ဒီနေ့နိုဝင်ဘာလ (၁၇) ရက်နေ့လေး ကတော့ အနီးဆုံး လူ သီချင်းလေး နဲ့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ တေးရေး၊ တေးဆို ဝန ရဲ့ မွေးနေ ့ရက်မြတ်လေးပါ။ ဝန ကတော့ ရင်ထဲထိ စေမယ့် စာသားတွေနဲ့ ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ သီချင်းများစွာကို ရေးစပ် သီဆိုထားသလို နောက်ထပ်ဖန်တီးမှု အသစ်တွေကိုလည်း ပရိသတ်ကို ချပြနိုင်ဖို့ အမြဲကြိုးစားနေသူ တစ်ယောက်ပါ။

ဒီနေ့သူ့ရဲ့မွေးနေ့လေး မှာတော့ သာကေတတိုင်းရင်းသား ကျေးရွာနားက အခြေခံလူတန်းစားတွေ အတွက် ဆန်၊ဆီ၊ ခေါက်ဆွဲခြောက်ထုတ်၊ အချိုရည်နဲ့ စားသောက် ကုန်တွေ၊ ငွေကြေးဒါနအလှူ တွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့ သလို ကလေးတွေအတွက်လည်း အဝတ်အထည်တချို့ကို မွေးနေ့ အလှူဒါနအနေနဲ့ သွားရောက်လှူဒါန်းပေးခဲ့ပြီး မွေးနေ့မနက်ခင်းလေး ကို ကြည်နူးပီတိအပြည့်နဲ့ဖြတ်သန်းခဲ့ပါတယ်။

ဝန ကတော့ ဒီနေ့ကျရောက်တဲ့သူ့ရဲ့မွေးနေ့လေး မှာ ဆုတောင်းပေးခဲ့ကြတဲ့ မိတ်ဆွေ၊အပေါင်း အသင်းတွေနဲ့ ပရိသတ်တစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ အပြင် အလှူလေးဖြစ်မြောက်ဖို ပါဝင်ပေးကြတဲ့ သူတစ်ဦးချင်းစီတိုင်းကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒီနေ့ကျရောက်တဲ့ မွေးနေ့လေးကစပြီး ကိုယ်ယုံကြည်ရာ ဂီတခရီးလမ်းမှာ အောင်မြင်တဲ့အဆိုတော် တစ်ယောက်အဖြစ် ဆက်လက် ရပ်တည်သွားနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment