Celebrity


Written by Ms Cele





Credit:Cele Gabar

မွေးနေ့ ရောက် ကာနီး မိသားစု ကို လွမ်း လို့ မျက်ရည်ကျ ခဲ့တဲ့ Sinon

ပရိသတ်ကြီးရေ Sinon ကတော့ ဖိလစ်ပိုင် နိုင်ငံကနေ မြန်မာနိုင်ငံကို ရောက်ရှိနေခဲ့ပြီး သူ့ရဲ့ ချစ်စရာ ကောင်းပြီး ရိုးသားပွင့်လင်း လှတဲ့ စိတ်ဓာတ်လေးကြောင့် မြန်မာပရိသတ် တွေရဲ့ ချစ်ခင်ခြင်းကို ခံနေရတဲ့ သူတစ်ယောက် ပါ။ Sinon က မြန်မာပြည်ကို ရောက်ရှိနေချိန်မှာ လိုအပ်နေတဲ့ သူတွေအတွက်တတ် နိုင်သလောက် လိုက်လံလှူဒါန်းပေးနေခဲ့တဲ့ အတွက် ပရိသတ်တွေ ကလေးစားချစ်ခင်နေရသူပါ ။

မြန်မာပြည်ကိုချစ်သလို မြန်မာလူမျိုးတွေကို ချစ်တဲ့ Sinon ကတော့ သူ့ရဲ့အမိမြေ ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ ကနေ မြန်မာနိုင်ငံမှာ လာရောက်အခြေချနေ ခဲ့တာပဲဖြစ်ပါတယ် ။ မိသားစုနဲ့ ခွဲခွာနေရတဲ့ Sinon က လတ်တလောမှာတော့ မွေးနေ့ရောက် တော့မယ် မိသားစုကို အရမ်းလွမ်းတာပဲ ဆိုတဲ့ စာသားလေးနဲ့အတူ မိသားစုကိုလွမ်းလို့ ငိုနေတဲ့ ပုံရိပ်လေး ကို စိတ်မကောင်းဖွယ် မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

Thank you to all my myanmar fans for cheering me up! You all are my second family ဆိုတဲ့ စာသားလေးနဲ့အတူ မြန်မာနိုင်ငံက ပရိသတ်တွေ က သူ့ရဲ့ဒုတိယမိသားစုပါဆိုပြီး ပြန်လည် မှတ်ချက်ရေးသားခဲ့ကြပါတယ် ။ ပရိသတ်တွေ ကတော့ Sinon ကို နှစ်သိမ့်တဲ့ မှတ်ချက်တွေရေးပြီး အားပေးစကားတွေ ပြောခဲ့ကြပါတယ် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment