Celebrity


Written by Ms Cele





Credit:Swelsones News

မွေးနေ့မှာ ကချင်ရိုးရာဟင်းတွေ အိမ်တိုင်ရာရောက် လာပို့ပေးတဲ့ ချီချီလေးကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ဂျွန်လွင်

ချစ်ပရိသတ်ကြီးရေ အနုပညာ လောကရဲ့ အရည်ချင်းရှိတဲ့ မော်ဒယ်တွေကို မွေးထုတ် ပေးနေတဲ့ ဂျွန်လွင်ကို ချစ်ပရိသတ်ကြီးသိကြမယ် ထင်ပါတယ်။သူကတော့ အောင်မြင်နေတဲ့ မော်ဒယ်အေဂျင်စီကြီးကို တည်ထောင်ထားကာ အောင်မြင်နေသူလည်း ဖြစ်ပါတယ်။အများက မော်ဒယ်ဖခင်ကြီးလို့ခေါ်ရလောက်အောင် အရည်အချင်းရှိတဲ့ မော်ဒယ်တွေ မွေးထုတ်ပေးခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ ဂျွန်လွင်က မွေးနေ့မှာ ကချင်းရိုးရာတွေလာပို့ သွားတဲ့ နေခြည်ဦး အတွက် မွေးနေ့ဆုတောင်းပေး ခဲ့တာပဲဖြစ်ပါတယ်။ ဂျွန်လွင်က “HAPPY 29th BIRTHDAY PAR CHI CHI ဒီနေ့ကရုပ်ရှင်သရုပ်ဆောင်& Beauty Bloggerနေခြည်ဦးရဲ့29 နှစ်ပြည့်မွေးနေ့ဆိုပြီးနေ့လည်စာကိုidea အကောင်းဆုံး ထုတ်ပိုးမှု့နှင့်ကချင်ရိုးရာဟင်းတွေပြီးလာပို့ပေးသွားတယ်။ ကျေးဇူးတင်ပါတယ် ချီချီသမီးရေ။အခုလိုမွေးနေ့မှာ တကူးတက လာပို့ပေးတဲ့ အတွက်စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်ပါစေ။ အနုပညာနယ်ပယ်မှာလည်း ယခုထက်ပိုအောင်မြင်ပြီး အကယ်ဒမီ ပေါင်းများစွာ ဆွတ်ခူးနိုင်ပါစေ။သာယာပျော်ရွှင်သော မိသားစုဘဝကိုလည်း ထာဝရပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

လတ်တလောမှာလဲ ဂျွန်လွင်က နေခြည်ဦးကို ဝေဖန်တယ်ဆိုတဲ့ သတင်းတွေဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါသေးတယ်။ နေခြည်ဦး အတွက် ဂျွန်လွင်ရဲ့ မွေးနေ့ဆုတောင်းလေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Credit:Swelsones News

About the author

Ms Cele

Leave a Comment