Celebrity


Written by Ms Cele






မွေးနေ့မှာ ကိတ်အဆန်းကြီးနဲ့ သူငယ်ချင်း တွေရဲ့Birthday Surprise လုပ်ခံ ခဲ့ရတဲ့ တိုင်ရွန် ရဲ့ ဗီဒီယို

တက်တူးတွေ အပြည့်နဲ့ မင်းသားချော တိုင်ရွန် ကတော့ ပျိုပျိုမေ မိန်းကလေး တွေရဲ့ နှလုံးသားကို အပြည့်အဝ ဖမ်းစားထားနိုင်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ တိုင်ရွန်ကတော့ ရုပ်ရည်ချောမော ရုံသာမကပဲ အနုပညာ အရည်အချင်းကလည်း အပြည့်အဝ ရှိသူမို့ ပရိသတ်တွေ ရဲ့ အားပေးမှုကို ဒီနေ့ ဒီအချိန်ထိ လက်ဝယ်ရရှိ ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုင်ရွန်ကလည်း သူ့ရဲ့ ပရိသတ်တွေ အတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ အမြဲတမ်း ကြိုးစားနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီကနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ကတော့ တိုင်ရွန်ရဲ့ အသက် (၂၇) နှစ်ပြည့် မွေးနေလေးပဲ ဖြစ်ပါတယ်။ တိုင်ရွန်ကတော့ သူ့ရဲ့ မွေးနေ့ညမှာ ဘာအစီအစဉ်မှမရှိပဲ နေအိမ်မှာနေခဲ့ပေမယ့် သူ့ရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ကတော့ တိုင်ရွန် တစ်ယောက် အံ့သြဝမ်းသာ သွားရအောင် ထူးထူးဆန်းဆန်း မွေးနေ့ကိတ်ကြီးနဲ့ Birthday Surprise ခဲ့တာကို အခုလိုပျိုးပဲ တွေ့ရပါတယ်။

တိုင်ရွန်ကတော့ သူ့ကိုချစ်ကြတဲ့ အပေါင်းအသင်းရောင်း ရင်းတွေကြောင့် မွေးနေ့ညလေးမှာ ထင်မထားလောက်အောင် အံ့သြဝမ်းသာသွား ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် တိုင်ရွန် အတွက် မွေးနေ့ဆုတောင်း စကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment