Celebrity

ေမြးေန႕မွာ ခိုင္ႏွင္းေ၀ေဂဟာကို သြားေရာက္လွဴဒါန္းခဲ့တဲ့ ယြန္းယြန္း

Written by Ms Cele

ေမြးေန႕မွာ ခိုင္ႏွင္းေ၀ေဂဟာကို သြားေရာက္လွဴဒါန္းခဲ့တဲ့ ယြန္းယြန္း

ပရိသတ္ႀကီးေရ ကေလးသ႐ုပ္ေဆာင္ ဘဝကတည္းက ခ်စ္ခင္အားေပး ခဲ့တဲ့ ယြန္းယြန္းဟာ ဒီေန႔မွာေတာ့ အသက္ (၂၁) ႏွစ္ျပည့္သြားခဲ့ၿပီ ပဲျဖစ္ပါတယ္။ အရြယ္ေရာက္ေလ ပိုလွေလ ျဖစ္လာတဲ့ ခ်စ္စရာ မင္းသမီးေလးဟာ သူမေလၽွာက္လွမ္း ခဲ့တဲ့ အႏုပညာ ခရီးလမ္းကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ဆက္လွမ္းေလၽွာက္လွမ္း ေနခဲ့ၿပီး ပရိသတ္ေတြရဲ့ခ်စ္ခင္ အားေပးမႈကို အျပည့္အဝရရွိထားဆဲပါပဲ။

ေမြးေန႔အလႉေလး ကိုေတာ့ လတ္တေလာမွာ ပရိသတ္ေတြအရမ္း အားေပးေနတဲ့ အစီအစဥ္တစ္ခုျဖစ္တဲ့ Double Dating က အဖြဲ႕သားေတြနဲ႔အတူ ခိုင္ႏွင္းေဝရဲ့ ပရဟိတေဂဟာမွာ သြားေရာက္လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။ ခင္မင္ရသူေတြနဲ႔ မိသားစုေတြလည္း အတူတူ ပါဝင္ခဲ့ၿပီး ၾကည္ႏူးစရာေမြးေန႔အလႉေလးျဖစ္ခဲ့ပါတယ္။

ေဂဟာမွာ လာေရာက္လႉဒါန္းတဲ့ အျပင္ ေမြးေန႔ကိတ္ေလးေတြ နဲ႔လည္း အားလုံးအတူတူ ေပ်ာ္ရေအာင္ ေမြးေန႔ပြဲက်င္းပခဲ့ပါတယ္။ အျဖဴေရာင္ဝတ္စုံေလးေတြ ကိုယ္စီနဲ႔ မဂၤလာရွိတဲ့ ယြန္းယြန္းရဲ့ေမြးေန႔ပြဲေလးဟာ အလႉအတန္းေတြနဲ႔ ေပ်ာ္စရာေလးေတြေရာယွက္ၿပီး ၾကည္ႏူးစရာေမြးေန႔ ပြဲေလးျဖစ္ခဲ့ပါတယ္။ Happy Birthday ပါယြန္းေလးေရ။ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ ရွိပါတယ္။

Credit:Cele Zone
Source: Khine Hnin Wai

မွေးနေ့မှာ ခိုင်နှင်းဝေဂေဟာကို သွားရောက်လှူဒါန်းခဲ့တဲ့ ယွန်းယွန်း

ပရိသတ်ကြီးရေ ကလေးသရုပ်ဆောင် ဘဝကတည်းက ချစ်ခင်အားပေး ခဲ့တဲ့ ယွန်းယွန်းဟာ ဒီနေ့မှာတော့ အသက် (၂၁) နှစ်ပြည့်သွားခဲ့ပြီ ပဲဖြစ်ပါတယ်။ အရွယ်ရောက်လေ ပိုလှလေ ဖြစ်လာတဲ့ ချစ်စရာ မင်းသမီးလေးဟာ သူမလျှောက်လှမ်း ခဲ့တဲ့ အနုပညာ ခရီးလမ်းကို အောင်အောင်မြင်မြင်နဲ့ ဆက်လှမ်းလျှောက်လှမ်း နေခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင် အားပေးမှုကို အပြည့်အဝရရှိထားဆဲပါပဲ။

မွေးနေ့အလှူလေး ကိုတော့ လတ်တလောမှာ ပရိသတ်တွေအရမ်း အားပေးနေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Double Dating က အဖွဲ့သားတွေနဲ့အတူ ခိုင်နှင်းဝေရဲ့ ပရဟိတဂေဟာမှာ သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ခင်မင်ရသူတွေနဲ့ မိသားစုတွေလည်း အတူတူ ပါဝင်ခဲ့ပြီး ကြည်နူးစရာမွေးနေ့အလှူလေးဖြစ်ခဲ့ပါတယ်။

ဂေဟာမှာ လာရောက်လှူဒါန်းတဲ့ အပြင် မွေးနေ့ကိတ်လေးတွေ နဲ့လည်း အားလုံးအတူတူ ပျော်ရအောင် မွေးနေ့ပွဲကျင်းပခဲ့ပါတယ်။ အဖြူရောင်ဝတ်စုံလေးတွေ ကိုယ်စီနဲ့ မင်္ဂလာရှိတဲ့ ယွန်းယွန်းရဲ့မွေးနေ့ပွဲလေးဟာ အလှူအတန်းတွေနဲ့ ပျော်စရာလေးတွေရောယှက်ပြီး ကြည်နူးစရာမွေးနေ့ ပွဲလေးဖြစ်ခဲ့ပါတယ်။ Happy Birthday ပါယွန်းလေးရေ။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင် ရှိပါတယ်။

Credit:Cele Zone
Source: Khine Hnin Wai

About the author

Ms Cele

Leave a Comment