Celebrity


Written by Ms Cele





Source – Zin Yaw Mg Mg
Credit:Cele Zone

မွေးနေ့မှာ ဆွမ်းကပ်ကာ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တဲ့ မင်းသန့်မောင်မောင်

ပရိသတ်တွေရဲ့ အချစ်တော် ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မင်းသမီးကြီးမေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင် ရဲ့ မွေးနေ့ရက်မြတ်ကျရောက် တဲ့ နေ့လေးပဲဖြစ် ပါတယ်။ ဒီနေ့ မွေးနေ့ရက်လေး မှာတော့ မင်းသန့်မောင်မောင် က အသက်(၂၄)နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်နေ့ရက် လေးပဲဖြစ်ပါတယ်။

မင်းသန့်မောင်မောင်က သူကိုယ်တိုင်လည်း လက်ရှိမှာ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ဖခင်ဖြစ်သူရဲ့ အနုပညာ အမွေကို ဆက်ခံလုပ်ကိုင်နေခဲ့ပြီဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အထိုက်အလျှောက်ရရှိနေပြီလည်း ဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ရက်လေးမှာတော့ မင်းသန့်မောင်မောင်က ရန်ကုန်မြို့ မဟာဗောဓိ ပရိယတ္တိရွှေကျင် စာသင်တိုက်ကြီးတွင် သွားရောက်၍ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။

ဖခင်ဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်က သူ့ရ့လူမှုကွန်ရက် စာမျက်နှာကနေပြီးတော့ သားဖြစ်သူကမွေးနေ့မှာ ဆွမ်းကပ် အလှူလေးပြုလုပ်ခဲ့ကြောင်းနဲ့ အလှူလေးရဲ့အဖို့ဘာဂကို အားလုံးရရှိပါစေလို့ ကုသိုလ်မျှဝေထားခဲ့ပါသေးတယ်။ ပရိသတ်တွေလည်း ဒီနေ့မှာ ကျရောက်တဲ့ မင်းသန့်မောင်မောင်ရဲ့မွေးနေ့လေးအတွက် ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

Source – Zin Yaw Mg Mg
Credit:Cele Zone

About the author

Ms Cele

Leave a Comment