Celebrity


Written by Ms Cele





Credit:Cele Zone

မွေးနေ့မှာ လက်ဆောင်တွေသာမက အမှတ်တရများစွာကိုပါ ပြုလုပ်ပေးခဲ့ကြတာကြောင်း ကြည်နူးပီတိဖြစ်နေတဲ့ ထွန်းထွန်း

ဟိုအရင် တစ်ချိန်ထဲက တေးသီးချင်း ကောင်းလေးတွေကို ပရိသတ်ရင်ထဲရောက်အောင် သီဆိုခဲ့တဲ့အပြင် သရုပ်ဆောင် တစ်ယောက် အနေနဲ့ပါ အောင်မြင်နေတဲ့ ထွန်းထွန်းကို လူတိုင်းသိကြမယ် ထင်ပါတယ်နော်။ ထွန်းထွန်းဟာ ဇာတ်ရုပ်ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန် ရရှိထားသူဖြစ်ပါတယ်နော်။

သူဟာ အဆိုတော် တစ်ယောက်အနေနဲ့ အနုပညာလောကထဲ စတင်ရောက်လာပြီး ယခုဆိုရင်အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ရုပ်ရှင်ကားကြီးများကို ဆက်တိုက်ရိုက်ကူး နေတာဖြစ်ပါတယ်နော်။ဒါ့ပြင်ထွန်းထွန်းဟာ နှင်းဆီအဖွဲ့သားတစ်ဦးလည်းဖြစ်ပြီး လူရွှင်တော်တစ်ယောက်အနေနဲ့လည်းကျွမ်းကျင်ပိုင်နိုင်တဲ့ စွယ်စုံရအနုပညာရှင်ဖြစ်ပါတယ်။

သူရဲ့ လှုပ်ရှားမှုပုံလေး တွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် အမြဲဖော်ပြလေ့ရှိတာဖြစ်ပါတယ်။ လတ်တလောမှာလည်း သူရဲ့မွေးနေ့လေးမှာ လက်ဆောင်တွေ အပြင် မွေးနေ့ကိတ်လေး လုပ်ပေးကာ အမှတ်တရလေးတွေဖြစ်အောင် လုပ်ပေးခဲ့သူတွေကြောင့် အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရကြောင်းကို ခုလိုရေးသား ထားတာတွေ့ရပါတယ်။ ” မွေးနေ့ လက်ဆောင်တွေရော အမှတ်တရဖြစ်အောင် လုပ်ပေးကြလို့ ပျော်ရပါတယ် ကျေးဇူးတင်ပါတယ်ဗျာ” ရေးသားထားရာ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေ ။

Credit:Cele Zone

About the author

Ms Cele

Leave a Comment