Celebrity

ေမြးေန႕မွာ အလႉေငြ၅သိန္းက်ပ္ လာေရာက္လွဴဒါန္းတဲ့ ရဲေလးကို ေက်းဇူးတင္စကား ဆိုလိုက္တဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

ေမြးေန႕မွာ အလႉေငြ၅သိန္းက်ပ္ လာေရာက္လွဴဒါန္းတဲ့ ရဲေလးကို ေက်းဇူးတင္စကား ဆိုလိုက္တဲ့ ခိုင္ႏွင္းေ၀

အမ်ားအက်ိဳးကို ေရွ့ဆံုးကေန စြမ္းစြမ္းတမံ သယ္ပိုးေဆာင္ရြက္ေနတဲ့ မင္းသမီးေခ်ာ ခိုင္နွင္းေဝ ကေတာ့ အမ်ားက ေလးစားရတဲ့ အမ်ိဳးသမီး တစ္ေယာက္ပါပဲ။ ခိုင္နွင္းေဝက လူမႈအက်ိဳးျပဳ ပရဟိတ အလုပ္ေတြကို လုပ္ကိုင္ေနသလို အေၾကာင္းမ်ိဳးစံုေၾကာင့္ မိဘေတြနဲ့ ခြဲခြာလာခဲ့ရတဲ့ ကေလးငယ္ေတြကိုလည္း မိခင္ရင္းသဖြယ္ ေစာင့္ေရွာက္ေပးေနသူ တစ္ေယာက္ ျဖစ္ပါတယ္။ (၇) ရက္သားသမီး အလွဴရွင္ေတြနဲ့ ခိုင္နွင္းေဝရဲ့ ခင္မင္ရင္းနွီးရာ အနုပညာညီအစ္ကိုေမာင္နွမေတြကလည္း ခိုင္နွင္းေဝရဲ့ ပရဟိတအလုပ္ေတြကို ေငြအားနဲ့ တတ္နုိင္သေလာက္ ကူညီေဖးမေပးေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့ ဇန္နဝါရီလ (၁၁) ရက္ေန့ရဲ့ ေမြးေန့ရွင္ ရဲေလးကလည္း သူ့ရဲ့ ေမြးေန့မွာ ခိုင္နွင္းေဝရဲ့ ခိုင္မိသားစု ေဂဟာေလးကို အလွဴေငြ (၅) သိန္း လာေရာက္လွဴဒါန္း ခဲ့ေၾကာင္း ခုိင္နွင္းေဝက သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ အခုလိုပဲ ေျပာျပလာပါတယ္။ ခိုင္နွင္းေဝက “Happy Birthday ပါ ေမာင္ေလး..🎂🎁 2 ႏွစ္ ဆက္တိုက္ ကေလးေတြဆီ အလႈေငြ (5)သိန္းက်ပ္ လာလႉေပးတ့ဲ အတြက္ ေက်းဇူးပါေနာ္။ က်န္းမာ ေပ်ာ္ရႊင္ပါေစ။ ဒီထက္ မက ေအာင္ျမင္ပါေစေနာ္…” ဆိုျပီး ရဲေလးအတြက္လည္း ေမြးေန့ဆုေတာင္းစကားေလး ေျပာလာပါတယ္။

ခိုင္နွင္းေဝ ကေတာ့ သူမရဲ့ ေဂဟာေလးကို ေမြးေန့ ေရာက္တိုင္း သတိတရလာေရာက္လွဴဒါန္းေပးတဲ့ ရဲေလး အတြက္ ေက်းဇူးတင္စကားနဲ့တကြ အမွတ္တရ ေမြးေန့ဆုေတာင္းေပး လာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ရဲေလးရဲ့ မြန္ျမတ္လွတဲ့ ေစတနာ အလွဴေလးအတြက္ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: Khine Hnin Wai’s fb
Credit:Cele Connections

မွေးနေ့မှာ အလှူငွေ၅သိန်းကျပ် လာရောက်လှူဒါန်းတဲ့ ရဲလေးကို ကျေးဇူးတင်စကား ဆိုလိုက်တဲ့ ခိုင်နှင်းဝေ

အများအကျိုးကို ရှေ့ဆုံးကနေ စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နေတဲ့ မင်းသမီးချော ခိုင်နှင်းဝေ ကတော့ အများက လေးစားရတဲ့ အမျိုးသမီး တစ်ယောက်ပါပဲ။ ခိုင်နှင်းဝေက လူမှုအကျိုးပြု ပရဟိတ အလုပ်တွေကို လုပ်ကိုင်နေသလို အကြောင်းမျိုးစုံကြောင့် မိဘတွေနဲ့ ခွဲခွာလာခဲ့ရတဲ့ ကလေးငယ်တွေကိုလည်း မိခင်ရင်းသဖွယ် စောင့်ရှောက်ပေးနေသူ တစ်ယောက် ဖြစ်ပါတယ်။ (၇) ရက်သားသမီး အလှူရှင်တွေနဲ့ ခိုင်နှင်းဝေရဲ့ ခင်မင်ရင်းနှီးရာ အနုပညာညီအစ်ကိုမောင်နှမတွေကလည်း ခိုင်နှင်းဝေရဲ့ ပရဟိတအလုပ်တွေကို ငွေအားနဲ့ တတ်နိုင်သလောက် ကူညီဖေးမပေးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့ရဲ့ မွေးနေ့ရှင် ရဲလေးကလည်း သူ့ရဲ့ မွေးနေ့မှာ ခိုင်နှင်းဝေရဲ့ ခိုင်မိသားစု ဂေဟာလေးကို အလှူငွေ (၅) သိန်း လာရောက်လှူဒါန်း ခဲ့ကြောင်း ခိုင်နှင်းဝေက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ ပြောပြလာပါတယ်။ ခိုင်နှင်းဝေက “Happy Birthday ပါ မောင်လေး..🎂🎁 2 နှစ် ဆက်တိုက် ကလေးတွေဆီ အလှုငွေ (5)သိန်းကျပ် လာလှူပေးတဲ့ အတွက် ကျေးဇူးပါနော်။ ကျန်းမာ ပျော်ရွှင်ပါစေ။ ဒီထက် မက အောင်မြင်ပါစေနော်…” ဆိုပြီး ရဲလေးအတွက်လည်း မွေးနေ့ဆုတောင်းစကားလေး ပြောလာပါတယ်။

ခိုင်နှင်းဝေ ကတော့ သူမရဲ့ ဂေဟာလေးကို မွေးနေ့ ရောက်တိုင်း သတိတရလာရောက်လှူဒါန်းပေးတဲ့ ရဲလေး အတွက် ကျေးဇူးတင်စကားနဲ့တကွ အမှတ်တရ မွေးနေ့ဆုတောင်းပေး လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရဲလေးရဲ့ မွန်မြတ်လှတဲ့ စေတနာ အလှူလေးအတွက် သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment