Celebrity


Written by Ms Cele





Credit;Cele Zone
Source:Aung Lay

မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း ရိုးရိုးရှင်းရှင်းဖြတ်သန်းခဲ့တဲ့ အောင်လေး

အောင်လေးကတော့ မိန်းမလှလေးတွေကြားမှာ သည်းသည်းလှုပ် ရေပန်းစား အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးပါ ။ ခဏလေးအတွင်းမှာ လူသိများအောင်မြင် လာတဲ့ အောင်လေးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ သီချင်းဗီဒီယိုတွေ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်ချက်ပြုံးလိုက်တိုင်း ပျိုပျိုမေလေးတွေရဲ့ ရင်ခုန်သံတွေကို မြန်ဆန်စေနိုင်ခဲ့သူလေးလည်းဖြစ်ပါတယ်။

အောင်လေးကတော့ အနုပညာ လှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ် စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်းသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။အမြဲလိုလို ဖက်ရှင်အမိုက်စားတွေနဲ့ သန့်ပြန့်အထာကျနေတာကြောင့် ကောင်မလေးတွေကြွေနေရတာလည်းဖြစ်ပါတယ်။

သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေ ကိုလည်း အမြဲဖော်ပြလေ့ရှိ တာလည်းဖြစ်ပါတယ်။ အခုလည်းမွေးနေ့လေးကို ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းခဲ့ကြောင်းနဲ့ ကောင်းမှုကုသိုလ်များစွာပြုလုပ်ခဲ့တဲ့ အမှတ်တရ ပုံလေးတွေကို ဝေမျှထားတာဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ကိုယ်ပါ ကြည်နူးမိတာအမှန်ပါပဲနော်။ ပရိသတ်ကြီး အတွက် အောင်လေးရဲ့ မွေးနေ့ အမှတ်တရ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Credit;Cele Zone
Source:Aung Lay

About the author

Ms Cele

Leave a Comment