Celebrity

ေမြးေန႕မွာ ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ေနတဲ့ သူငယ္ခ်င္း မိစႏၵီအတြက္ ေမြးေန႔ဆုေတာင္းေပးလိုက္တဲ့ ဟိဏ္းသစ္

Written by Ms Cele

ေမြးေန႕မွာ ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ေနတဲ့ သူငယ္ခ်င္း မိစႏၵီအတြက္ ေမြးေန႔ဆုေတာင္းေပးလိုက္တဲ့ ဟိဏ္းသစ္

ဂီတ ေလာကမွာ ပရိသတ္ အခိုင္အမာ ကိုယ္စီ ရရွိထားတဲ့ ဟိဏ္းသစ္နဲ႔ မိစႏၵီ ကေတာ့ အခ်စ္ရဆုံး သူငယ္ခ်င္းေတြဆိုတာ သိရွိၿပီးျဖစ္မွာပါ။ အရင္ထဲက သီခ်င္းေတြလည္း အတူတူလုပ္ ခဲ့ၾကသလို ပြဲေတြ အလႉေတြဆိုရင္လည္း စိတ္တူကိုယ္တူ တက္ေရာက္ လ်က္ရွိတာ လည္းျဖစ္ပါတယ္။

ယေန႔ ဇြန္လ ( ၁၂ ) ရက္ေန႔ေလး ကေတာ့ အဆိုေတာ္ မိစႏၵီရဲ့ ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္ ။ သူရဲ့ေမြးေန႔ေလးမွာ ခ်စ္ရတဲ့ ပရိသတ္ေတြ ကလည္း ေမြးေန႔ဆုေတာင္းစာေလးေတြ ေပးပို႔ခဲ့ၾကပါတယ္ ။ သူငယ္ခ်င္းျဖစ္သူ ဟိဏ္းသစ္ကလည္း ေမြးေန႔မွာ ေကာင္းမႈကုသိုလ္ျပဳလုပ္ရင္း ေအးခ်မ္းစြာ ျဖတ္သန္းေနတဲ့ မိစႏၵီအတြက္ အမွတ္တရ ေမြးေန႔ ဆုေတာင္းစာေလး ေရးသားေဝမၽွလာပါတယ္ ။

” သူနဲ႔ က်ေနာ္ သူငယ္ခ်င္း သက္တမ္း ၁၄ ႏွစ္ေက်ာ္ ရွိၿပီ… ႏွစ္တိုင္း ေပ်ာ္ရႊင္ျခင္းေတြ၊ ဝမ္းနည္းျခင္းေတြ၊ ေအာင္ျမင္ျခင္းေတြ၊ ကုသိုလ္ယူျခင္းေတြနဲ႔ အကုန္ တူတူမၽွေဝခံစားရင္း ေမြးေန႔ေပါင္းမ်ားစြာ ေက်ာ္ျဖတ္ခဲ့ၿပီးပါၿပီ။ ဒီႏွစ္ကေတာ့ ဥပုဒ္ေစာင့္ရင္းတရားအားထုတ္ရင္း ျဖတ္သန္းတဲ့ က်ေနာ့္သူငယ္ခ်င္း.. မိစႏၵီ ” Happy Birthday” ပါ ” ဆိုတဲ့ ေမြးေန႔ဆုေတာင္း စာေလးနဲ႔အတူ ေကာင္းမႈျပဳလုပ္ေနတဲ့ ပုံေလးေတြကို ေဝမၽွထားရာ ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္ ။

Credit:Cele Zone
Photo – Hein Thit

မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်နေတဲ့ သူငယ်ချင်း မိစန္ဒီအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဟိဏ်းသစ်

ဂီတ လောကမှာ ပရိသတ် အခိုင်အမာ ကိုယ်စီ ရရှိထားတဲ့ ဟိဏ်းသစ်နဲ့ မိစန္ဒီ ကတော့ အချစ်ရဆုံး သူငယ်ချင်းတွေဆိုတာ သိရှိပြီးဖြစ်မှာပါ။ အရင်ထဲက သီချင်းတွေလည်း အတူတူလုပ် ခဲ့ကြသလို ပွဲတွေ အလှူတွေဆိုရင်လည်း စိတ်တူကိုယ်တူ တက်ရောက် လျက်ရှိတာ လည်းဖြစ်ပါတယ်။

ယနေ့ ဇွန်လ ( ၁၂ ) ရက်နေ့လေး ကတော့ အဆိုတော် မိစန္ဒီရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ် ။ သူရဲ့မွေးနေ့လေးမှာ ချစ်ရတဲ့ ပရိသတ်တွေ ကလည်း မွေးနေ့ဆုတောင်းစာလေးတွေ ပေးပို့ခဲ့ကြပါတယ် ။ သူငယ်ချင်းဖြစ်သူ ဟိဏ်းသစ်ကလည်း မွေးနေ့မှာ ကောင်းမှုကုသိုလ်ပြုလုပ်ရင်း အေးချမ်းစွာ ဖြတ်သန်းနေတဲ့ မိစန္ဒီအတွက် အမှတ်တရ မွေးနေ့ ဆုတောင်းစာလေး ရေးသားဝေမျှလာပါတယ် ။

” သူနဲ့ ကျနော် သူငယ်ချင်း သက်တမ်း ၁၄ နှစ်ကျော် ရှိပြီ… နှစ်တိုင်း ပျော်ရွှင်ခြင်းတွေ၊ ဝမ်းနည်းခြင်းတွေ၊ အောင်မြင်ခြင်းတွေ၊ ကုသိုလ်ယူခြင်းတွေနဲ့ အကုန် တူတူမျှဝေခံစားရင်း မွေးနေ့ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီးပါပြီ။ ဒီနှစ်ကတော့ ဥပုဒ်စောင့်ရင်းတရားအားထုတ်ရင်း ဖြတ်သန်းတဲ့ ကျနော့်သူငယ်ချင်း.. မိစန္ဒီ ” Happy Birthday” ပါ ” ဆိုတဲ့ မွေးနေ့ဆုတောင်း စာလေးနဲ့အတူ ကောင်းမှုပြုလုပ်နေတဲ့ ပုံလေးတွေကို ဝေမျှထားရာ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Hein Thit

About the author

Ms Cele

Leave a Comment