Celebrity


Written by Ms Cele





Source: Yoon Yoon’s fb

မွေးနေ့မှာ ပျော်ရွှင်ခဲ့ရတဲ့ ပုံရိပ်တွေနဲ့ ရင်ခုန်ခဲ့ရတဲ့ Surprise လက်ဆောင်တွေ အကြောင်း ပြောပြလာတဲ့ ယွန်းယွန်း

ပရိသတ်တွေ ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ ကလေး သရုပ်ဆောင် ယွန်းယွန်းကတော့ အခုဆိုရင် လှသွေးကြွယ်တဲ့ မိန်းမပျိုလေး တစ်ယောက်ဖြစ်နေပြီပဲ ဖြစ်ပါတယ်။ အသက်ကြီး လာတာနဲ့အမျှ ပိုပြီးချစ်စရာကောင်းလာသလို လှလည်း လှလာတဲ့ ယွန်းယွန်းက ကောင်လေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ ယွန်းယွန်းကတော့ အခုအချိန်ထိတိုင် အချစ်ရေးကိစ္စနဲ့ ပက်သတ်ပြီး ဘာကိုမှ ချမပြသေးပဲ ပရိသတ်တွေအတွက်သာ အလုပ်တွေကြိုးစားရင်း မိဘတွေအတွက်လည်း ပညာရေးဘက်ကို အာရုံစိုက်နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၉)ရက်နေ့က ယွန်းယွန်းရဲ့ အသက် (၂၁) နှစ်ပြည့် မွေးနေ့လေး ပဲဖြစ်ပြီး ယွန်းယွန်းက မွေးနေ့မှာ Double Dating အဖွဲ့သားတွေ jဖစ်တဲ့ အောင်မင်းခန့်၊ သဇင်ထူးမြင့်၊ စည်သူဝင်း၊ သိန်းလင်းစိုးတို့နဲ့အတူတူရှိခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မင်းခန့်ကလည်း ယွန်းယွန်းအတွက် မွေးနေ့မှာ ခိုင်နှင်းဝေဂေဟာမှာ Surprise တွေပြုလုပ်ခဲ့သလို ညဘက်မှာလည်း ယွန်းယွန်းရဲ့ Birthday Dinner မှာ Surprise ပြုလုပ်ခဲ့တာကြောင့် ယွန်းယွန်းက “တစ်နေ့ထဲ 2ခါတုန်ရတဲ့ မြေးနေ့လေး ❤️🎂✨ Love u so much Team DD!!!” ဆိုပြီး ပြောလာပါတယ်။

ယွန်းယွန်းကတော့ မွေးနေ့မှာ အောင်မင်းခန့်ရဲ့ ဂရုစိုက်မှုတွေနဲ့ အကြင်နာအကြည့်တွေကို ရရှိခဲ့တာကြောင့် ပရိသတ်တွေက သဘောကျနေကြတာပဲ ဖြစ်ပါတယ်။ ယွန်းယွန်းလည်း အခုလိုပဲ ပျော်ရွှင်မှုတွေကို ထာဝရပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Yoon Yoon’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment