Celebrity
Written by Ms Cele
မွေးနေ့မှာ Surprise လုပ်ဖို့ စိတ်ဆိုးအောင် ပစ်ထားတာတောင် စိတ်မဆိုးတဲ့ ယွန်းယွန်းအကြောင်း ပြောပြလာတဲ့ သဇင်ထူးမြင့်
ပရိသတ်ကြီးရေ သရုပ်ဆောင်၊ ဟာသလူရွှင်တော် ခင်လှိုင်ရဲ့ သမီးဖြစ်တဲ့ သဇင်ထူးမြင့် ကတော့ ရွှေကြိုမယ်လေး တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက် ခဲ့ပြီးနောက် အနုပညာကို ဝါသနာပါလာခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိနေပြီဖြစ်တဲ့ သဇင်ထူးမြင့် ကတော့ အခုဆိုရင် ဇာတ်လမ်းတွဲတွေနဲ့ သီချင်း MV တွေမှာ ပါဝင်သရုပ်ဆောင် နေတာကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သဇင်ထူးမြင့်က ယွန်းယွန်းရဲ့ မွေးနေ့အတွက် Surprise လုပ်ဖို့ စိတ်ဆိုးအောင်ပစ် ထားတာ စိတ်မဆိုးတဲ့အပြင် ချစ်စနိုးလေးချွဲတတ်တဲ့ ယွန်းယွန်းအကြောင်းပြောပြလာပါတယ်။
သဇင်ထူးမြင့်က “ဒါက (၁၇) ရက်နေ့က သူ့မွေးနေ့ အတွက် အပြင်မှာ ပြင်ဆင်စရာတွေရှိတာတွေ လုပ်နေတော့ တစ်နေကုန် အိပ်နေတယ်ဆိုပြီး လိမ်ထားတော့ စိတ်ပူရှာတယ်။ မနေ့က သူ့ရှုတင်လာမယ်ဆိုပြီး မလာတော့ပဲ တစ်နေကုန်ပစ်ထားပြီး သက်သက် စိတ်ဆိုးအောင် လုပ်ထားတာကို စိတ်မဆိုးသေးပဲ စာတွေပို့ထားရှာတယ်။ ငါ့မှာ မနေနိုင်။ ပြန်ပို့ချင်နေတာပါဟယ်။ ညရောက်တော့ သဲကစာတွေလည်း Seen မပြပဲ (၁၂) အတိမှာပါ Wish မလုပ်တော့DD Group ထဲဝင်ပြီး စာတစ်ကြောင်းနဲ့ သတ်သွားသော..” ဆိုပြီး ယွန်းယွန်းအကြောင်းကို ပြောပြလာပါတယ်။
သဇင်ထူးမြင့် ကတော့ ယွန်းယွန်းရဲ့ မွေးနေ့ အတွက် Surprise လုပ်ဖို့ စိတ်ဆိုးအောင်ပစ် ထားတာ စိတ်မဆိုးတဲ့အပြင် ချစ်စနိုးလေးချွဲတတ်တဲ့ ယွန်းယွန်းအကြောင်းပြောပြလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ရဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်း သံယောဇဉ်လေးကို ကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Thazin Htoo Myint’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment