Celebrity

ေမြးေန႕အလွဴအျဖစ္ ဒိန္းေဒါင္ရဲ့ ခၽြန္တြန္းပရဟိတမွာ အလႉေငြ လႉဒါန္းေပးခဲ့တဲ့ ေမမီကိုကို

Written by Ms Cele

ေမြးေန႕အလွဴအျဖစ္ ဒိန္းေဒါင္ရဲ့ ခၽြန္တြန္းပရဟိတမွာ အလႉေငြ လႉဒါန္းေပးခဲ့တဲ့ ေမမီကိုကို

ဒီေန႔ နိုဝင္ဘာလ(၂၆) ရက္ေန႔ေလး ကေတာ့ MRTV-4 မင္းသမီး တစ္လက္ျဖစ္တဲ့ ေမမီကိုကိုရဲ့ ေမြးေန ႔ရက္ျမတ္ေလးပါ။ ေမမီကေတာ့ ႀကိဳးစား အားထုတ္မႈနဲ႔ ကိုယ္ပိုင္ အရည္အခ်င္းေတြေၾကာင့္ ဇာတ္လမ္းတြဲေတြမွာ ဆက္တိုက္ ပါဝင္ေနရတဲ့အထိ ေအာင္ျမင္မႈရရွိထားသူ တစ္ေယာက္ပါ။ ဒါ့အျပင္ သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔သာမကဘဲ ကိုယ္တိုင္ ဒါရိုက္တာအျဖစ္ ဗြီဒီယိုအတိုေလးေတြ ရိုက္ကူးေလ့ ရွိသလို ကိုယ္တိုင္ေရးစာအုပ္နဲ႔ သီခ်င္းေတြပါ သီဆိုလာတဲ့ အထိ အႏုပညာနယ္ပယ္အသီးသီးမွာ ႀကိဳးစားေနသူလည္း ျဖစ္ပါတယ္။

ဒီေန႔က်ေရာက္တဲ့ သူ႔ရဲ့ေမြးေန႔ေလး မွာေတာ့ ေမြးေန႔အလႉေလး အျဖစ္ ဒိန္းေဒါင္ဦးစီး တည္ေထာင္ထားတဲ့ ခၽြန္တြန္းပရဟိတ အတြက္ အလႉေငြႏွစ္သိန္းလႉဒါန္းေပးခဲ့ၿပီး ေမြးေန႔ရွင္ ေမမီအတြက္ ဒိန္းေဒါင္ကေတာ့ ႐ုပ္ရွင္နဲ႔ဗြီဒီယို သ႐ုပ္ေဆာင္ေမမီကိုကို ယေန႔က်ေရာက္ေသာ ေမြးေန႔မွစၿပီး လိုခ်င္တဲ့ ဘဝရပါေစ အတိုက္အခိုက္ကင္းေဝးပါေစ သမီးေရ ဆိုၿပီး ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါတယ္။

ဒါ့အျပင္ ေမမီကေတာ့ ဒီေန႔သူ႔ရဲ့ ေမြးေန႔ေလးအတြက္ ရည္ရြယ္ၿပီး ပရိသတ္ႀကီးအတြက္ သီခ်င္းအသစ္ေလး တစ္ပုဒ္ဖန္တီးထား ပါေသးတယ္။ ေတးေရး ကိုင္ဇာေရးသားထားတဲ့ အနမ္းပန္း ဆိုတဲ့ သီခ်င္းေလးကို ေက်ာ္မင္းခန္႔နဲ႔အတူ စုံတြဲသီဆိုထားၿပီး ဒီေန႔သူ႔ရဲ့ ေမြးေန႔ရက္ေလးမွာ တင္ေပးသြားမွာပါတဲ့ ပရိသတ္ႀကီးေရ.. ပရိသတ္အတြက္ အမ်ိဳးမ်ိဳးေသာ အႏုပညာအရည္အခ်င္းေတြ ခ်ျပနိုင္ဖို႔ ႀကိဳးစားေနတဲ့ ေမမီကိုကို လည္း ဒီေန႔က်ေရာက္တဲ့ ေမြးေန႔ေလးကစၿပီး စြယ္စုံရအႏုပညာရွင္ တစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈေတြ အမ်ားႀကီး သိမ္းပိုက္နိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Gabar

မွေးနေ့အလှူအဖြစ် ဒိန်းဒေါင်ရဲ့ ချွန်တွန်းပရဟိတမှာ အလှူငွေ လှူဒါန်းပေးခဲ့တဲ့ မေမီကိုကို

ဒီနေ့ နိုဝင်ဘာလ(၂၆) ရက်နေ့လေး ကတော့ MRTV-4 မင်းသမီး တစ်လက်ဖြစ်တဲ့ မေမီကိုကိုရဲ့ မွေးနေ ့ရက်မြတ်လေးပါ။ မေမီကတော့ ကြိုးစား အားထုတ်မှုနဲ့ ကိုယ်ပိုင် အရည်အချင်းတွေကြောင့် ဇာတ်လမ်းတွဲတွေမှာ ဆက်တိုက် ပါဝင်နေရတဲ့အထိ အောင်မြင်မှုရရှိထားသူ တစ်ယောက်ပါ။ ဒါ့အပြင် သရုပ်ဆောင် တစ်ယောက်အနေနဲ့သာမကဘဲ ကိုယ်တိုင် ဒါရိုက်တာအဖြစ် ဗွီဒီယိုအတိုလေးတွေ ရိုက်ကူးလေ့ ရှိသလို ကိုယ်တိုင်ရေးစာအုပ်နဲ့ သီချင်းတွေပါ သီဆိုလာတဲ့ အထိ အနုပညာနယ်ပယ်အသီးသီးမှာ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ သူ့ရဲ့မွေးနေ့လေး မှာတော့ မွေးနေ့အလှူလေး အဖြစ် ဒိန်းဒေါင်ဦးစီး တည်ထောင်ထားတဲ့ ချွန်တွန်းပရဟိတ အတွက် အလှူငွေနှစ်သိန်းလှူဒါန်းပေးခဲ့ပြီး မွေးနေ့ရှင် မေမီအတွက် ဒိန်းဒေါင်ကတော့ ရုပ်ရှင်နဲ့ဗွီဒီယို သရုပ်ဆောင်မေမီကိုကို ယနေ့ကျရောက်သော မွေးနေ့မှစပြီး လိုချင်တဲ့ ဘဝရပါစေ အတိုက်အခိုက်ကင်းဝေးပါစေ သမီးရေ ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ဒါ့အပြင် မေမီကတော့ ဒီနေ့သူ့ရဲ့ မွေးနေ့လေးအတွက် ရည်ရွယ်ပြီး ပရိသတ်ကြီးအတွက် သီချင်းအသစ်လေး တစ်ပုဒ်ဖန်တီးထား ပါသေးတယ်။ တေးရေး ကိုင်ဇာရေးသားထားတဲ့ အနမ်းပန်း ဆိုတဲ့ သီချင်းလေးကို ကျော်မင်းခန့်နဲ့အတူ စုံတွဲသီဆိုထားပြီး ဒီနေ့သူ့ရဲ့ မွေးနေ့ရက်လေးမှာ တင်ပေးသွားမှာပါတဲ့ ပရိသတ်ကြီးရေ.. ပရိသတ်အတွက် အမျိုးမျိုးသော အနုပညာအရည်အချင်းတွေ ချပြနိုင်ဖို့ ကြိုးစားနေတဲ့ မေမီကိုကို လည်း ဒီနေ့ကျရောက်တဲ့ မွေးနေ့လေးကစပြီး စွယ်စုံရအနုပညာရှင် တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေ အများကြီး သိမ်းပိုက်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment