Celebrity

ေမွာ္ဘီမိဘမဲ့ေဂဟာနဲ႔ လိုအပ္ေနတဲ့ျပည္သူမ်ားကို အလႉရွင္ေတြနဲ႔ စုေပါင္းကာ လိုအပ္တာေတြ လႉဒါန္းေပးခဲ့တဲ့ ေရဗကၠာဝင္း

Written by Ms Cele

ေမွာ္ဘီမိဘမဲ့ေဂဟာနဲ႔ လိုအပ္ေနတဲ့ျပည္သူမ်ားကို အလႉရွင္ေတြနဲ႔ စုေပါင္းကာ လိုအပ္တာေတြ လႉဒါန္းေပးခဲ့တဲ့ ေရဗကၠာဝင္း

အဆိုေတာ္ေရဗကၠာဝင္း ကေတာ့ လတ္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး လႈပ္ရွားမႈေတြ ဆက္တိုက္ျပဳ လုပ္ကာ ျပည္သူေတြဘက္ကေန ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ အဖက္ဖက္ကေန တတ္နိုင္သေလာက္ ျပည္သူေတြအတြက္ အားျဖည့္ ပါဝင္ေပးေနတဲ့ ေရဗကၠာဝင္းကေတာ့ ေန႔တိုင္းလိုလို လႉဒါန္းမႈေတြ ျပဳလုပ္ေနတာကိုလည္း ပရိသတ္ေတြ မၾကာခဏဆိုသလို ျမင္ေတြ႕ရမွာပါ။

ေရဗကၠာဝင္း ကေတာ့ ဒီေန႔မွာလည္း စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ျပည္သူအခ်ိဳ႕အတြက္ စားေသာက္ကုန္ေတြ လႉဒါန္းၿပီး ေကာင္းမႈကုသိုလ္ေလးေတြ ျပဳလုပ္ခဲ့ျပန္ပါတယ္။ ေမွာ္ဘီက မိဘမဲ့ေဂဟာ အျပင္ အိမ္ေထာင္စု (၁၀၀) စာအတြက္ လိုအပ္တဲ့ အေျခခံစားေသာက္ကုန္မ်ားကို အလႉရွင္ေတြနဲ႔စုေပါင္းကာ လႉဒါန္းျဖစ္ခဲ့ပါတယ္။

သူရဲ့ ယေန႔ အလႉေလးနဲ႔ ပတ္သက္ၿပီးလည္း ” ဒီေန႔ ေစတနာရွင္ မ်ားျဖစ္ၾကတဲ့ Australia Perth မွ ျမန္မာ မိသားစုမ်ား We love Rebecca Win groupနဲ႔ Nestle Myanmar တို႔နဲ႔ေပါင္းၿပီး ေမွာ္ဘီမိဘမဲ့ေဂဟာနဲ႔ လိုအပ္ေနတဲ့ျပည္သူမ်ားကို အိမ္ေထာင္စု ၁၀၀စာ ေပါင္းရွည္ဆန္ ၃ျပည္ ဟင္းသီးဟင္းရြက္ဆီ ၁ဗူး ပဲၾကာဇံ ၁ပါကင္ ပဲနီေလး ၁ထုပ္ Maggi စြယ္စုံသုံးဟင္းခတ္မႈန္႔ ၂ပါကင္ တို႔ကို ေမတၱာျပမၽွေဝလႉဒါန္း ခဲ့ပါတယ္ရွင္ “ဆိုၿပီးေရးသား ေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit: Cele Zone
Photo – Rebecca Win

မှော်ဘီမိဘမဲ့ဂေဟာနဲ့ လိုအပ်နေတဲ့ပြည်သူများကို အလှူရှင်တွေနဲ့ စုပေါင်းကာ လိုအပ်တာတွေ လှူဒါန်းပေးခဲ့တဲ့ ရေဗက္ကာဝင်း

အဆိုတော်ရေဗက္ကာဝင်း ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ဆက်တိုက်ပြု လုပ်ကာ ပြည်သူတွေဘက်ကနေ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အဖက်ဖက်ကနေ တတ်နိုင်သလောက် ပြည်သူတွေအတွက် အားဖြည့် ပါဝင်ပေးနေတဲ့ ရေဗက္ကာဝင်းကတော့ နေ့တိုင်းလိုလို လှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလည်း ပရိသတ်တွေ မကြာခဏဆိုသလို မြင်တွေ့ရမှာပါ။

ရေဗက္ကာဝင်း ကတော့ ဒီနေ့မှာလည်း စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူအချို့အတွက် စားသောက်ကုန်တွေ လှူဒါန်းပြီး ကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။ မှော်ဘီက မိဘမဲ့ဂေဟာ အပြင် အိမ်ထောင်စု (၁၀၀) စာအတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်များကို အလှူရှင်တွေနဲ့စုပေါင်းကာ လှူဒါန်းဖြစ်ခဲ့ပါတယ်။

သူရဲ့ ယနေ့ အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” ဒီနေ့ စေတနာရှင် များဖြစ်ကြတဲ့ Australia Perth မှ မြန်မာ မိသားစုများ We love Rebecca Win groupနဲ့ Nestle Myanmar တို့နဲ့ပေါင်းပြီး မှော်ဘီမိဘမဲ့ဂေဟာနဲ့ လိုအပ်နေတဲ့ပြည်သူများကို အိမ်ထောင်စု ၁ဝဝစာ ပေါင်းရှည်ဆန် ၃ပြည် ဟင်းသီးဟင်းရွက်ဆီ ၁ဗူး ပဲကြာဇံ ၁ပါကင် ပဲနီလေး ၁ထုပ် Maggi စွယ်စုံသုံးဟင်းခတ်မှုန့် ၂ပါကင် တို့ကို မေတ္တာပြမျှဝေလှူဒါန်း ခဲ့ပါတယ်ရှင် “ဆိုပြီးရေးသား ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Rebecca Win

About the author

Ms Cele

Leave a Comment